>Tin Moe – Forever Friends

>

Tin Moe by Artist Htein Lin

ထာဝစဉ်

တင်မိုး

ဇူလိုင် ၂၈၊ ၂၀၀၈

မမြင်ရလည်း
သင်က ရဲဘော်ပင်။
မကြားရလည်း
အနားက ရဲဘော်ဟာ သင်။
မတွေ့ရလည်း
မနေ့က အတိုင်းပင်။
သစ္စာ မပျက် အောက်မေ့လျက်နှင့်
တသက်သက်ပ
လွမ်းဆွတ်တ ကာ
ဘ၀ကို မြှုပ်
အလုပ်လုပ်သည်
ဝိမုတ္တိလမ်း ထာဝစဉ်။ ။

( ဒီကဗျာလေးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အကျဉ်းကျစဉ်ကာလတုန်းက ကဗျာဆရာကြီး ဦးတင်မိုး ရေးခဲ့တဲ့ ကဗျာလေးပါ။ ၁၉၉၅ ခုနှစ်လောက်ကလို့ ထင်ပါတယ်။ ဆရာက အဲဒီကဗျာ ရေးဖြစ်တဲ့ အကြောင်းလေးကို စာပေဟောပြောပွဲတခုမှာ ပြောပြခဲ့ပါတယ်။

“ဒေါ်စုကို မမြင်မတွေ့ရတာ ကြာလို့ မြင်ချင် တွေ့ချင်စိတ် အင်မတန်ပေါက်တယ် တဲ့။ ဒါပေမဲ့ သူ စိတ်ဖြေလိုက်ပါတယ် တဲ့။ မမြင်ရလည်း ကိစ္စ မရှိပါဘူး၊ မတွေ့ရလဲ ကိစ္စ မရှိပါဘူး တဲ့။ သူ့ကို သတိရ လွမ်းဆွတ်စိတ်နဲ့ သူဖြစ်စေချင်တဲ့ လွတ်မြောက်ရာ လမ်းကို အလုပ်လုပ်ရင်း စိတ်ဖြေလိုက်ပါတယ် တဲ့ …”

ဒီကဗျာလေးကို ဝေမျှပေးတဲ့ မိုးချိုသင်း ကို ကျေးဇူးတင်ပါတယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts