>
ဓာတ်ပုံသတင်း
ဇူလိုင် ၂၄၊ ၂၀၀၈
မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာကပါ လေးစားခဲ့ကြသည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်သည့် ၄၄ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ရန်ကုန်မြို့ရှိ ဆရာကြီး၏အိမ်တွင် ယမန်နေ့နံနက်က ပြုလုပ်ခဲ့သည်။ ဆရာကြီး၏မြေးမြစ်များက သံဃာတော်များကို အာရုံဆွမ်း ဆက်ကပ်လှူဒါန်းပြီး၊ ဧည့်ပရိသတ်များကို မုန့်ဟင်းခါးဖြင့် ဧည့်ခံခဲ့သည်။ စမ်းချောင်းမြို့နယ်၊ ချမ်းသာလမ်း၊ အမှတ် ၅ နေအိမ်သို့
ဆရာကြီးအား လေးစားကြည်ညိုကြသည့် စာပေ၊ အနုပညာ၊ နိုင်ငံရေး အသိုင်းအ၀ိုင်းမှ စုစုပေါင်း လူပုဂ္ဂိုလ် ၃၀၀ ကျော် သွားရောက်ခဲ့ကြသည်။
စာရေးဆရာ ထက်မြက် (ဘယ်အစွန်)၊ သခင်သိန်းမောင် (ညာအစွန်၊ ကုလားထိုင်ပေါ်မှ)
“တကယ် တကယ် တွန်းလှန်ဖို့အရေးကလည်း မဝေးတော့ပြီမို့
အရေးကြီးလျှင်ဖြင့် သွေးစည်းပြီး သွေးနီးရာ ဆိုသည့်အတိုင်း
ကိုင်း ထထ ကြွကြွနှင့် ၀ိုင်းကြပေရော့။” (၁၉၅၂)
“ဆရာမသေခင် တိုင်းပြည်မှာ တကယ့်ငြိမ်းချမ်းရေးအစစ်ကို တွေ့သွားချင်တယ်” (၁၉၆၄)
ရွှေတိဂုံစေတီတောင်ဘက်မုခ်အနီးရှိ သခင်ကိုယ်တော်မှိုင်း၏ ဂူဗိမ္မာန် (photo: wikimedia.org)