>Wake up from Cyclone Cartoon Exhibition held in Rangoon by Burmese Cartoonists

>


မုန်တိုင်းက နိုးထခြင်း ကာတွန်းပြပွဲ မြင်ကွင်း မြင်ကွင်း

မိုးမခ
ဇူလိုင် ၂၃၊ ၂၀၀၈

ယမန်နေ့က ရန်ကုန်မြို့၊ လောကနတ် ပန်းချီပြခန်းတွင် မြန်မာနိုင်ငံသား ကာတွန်းဆရာများ စုဝေးညီညွတ်ကြပြီး နာဂစ်လေဘေး ကယ်ဆယ်ရေး ရန်ပုံငွေအတွက် မုန်တိုင်းက နိုးထခြင်း ကာတွန်းပြပွဲ ကျင်းပခဲ့ပါတယ်။

စာနယ်ဇင်းဆရာ မောင်ဝံသက အဖွင့်စကားပြောကြားရာမှာ နာဂစ် က နိုးထခြင်းလို့ အမည်မတတ်ဘဲ မုန်တိုင်းက နိုးထခြင်းလို့ အမည်ပေးထားလို့ ထူးခြားပါကြောင်း၊ လောဘ မုန်တိုင်း၊ ဒေါသ မုန်တိုင်းဆိုတဲ့အထိ ဆန့်ထွက်တွေးနိုင်ကြောင်း ပြောကြားသွားပါတယ်။

ရန်ပုံငွေ တီရှပ်က ကျပ် ငါးထောင်၊ အော်တိုစာအုပ်က ကျပ် ၂၀၀ နဲ့ ကာတွန်းပုံများမှာ ကာတွန်းဆရာကြီးများက ကျပ် ငါးသောင်း ၀န်းကျင်နဲ့ ကျပ် ၁ သောင်း ၀န်းကျင် ရှိကြောင်း ကြားသိရပါတယ်။ ကာတွန်းပုံများနဲ့ ပြပွဲ မြင်ကွင်းကို အမှတ်တရ တင်ဆက်လိုက်ပါတယ်။

ကာတွန်း အော်ပီကျယ်က – ” အနုပညာသည်ဟာ အနုပညာနဲ့ လှူတာ အမြင့်ဆုံးပါ” လို့ အမှတ်တရ အော်တိုမှာ ရေးပေးသွားတာကို တွေ့ရမှာပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts