>Min Thu Wun’s poems for children: Tha-byay-thee-kauk

>

သပြေသီးကောက်
မင်းသုဝဏ်
ဇူလိုင် ၆၊ ၂၀၀၈

ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်။

ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်။

မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့
မြွေနဂါးတောင် ကြောက်ဖူးကွယ်။

တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်။

သွားကွယ်၊ သွားကွယ်။


၁၁၊ ၆၊ ၁၉၃၁

(မှတ်ချက် – ၂၀၀၇ ဇူလိုင်လထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ မင်းသုဝဏ်၏ ကလေးကဗျာများကဏ္ဍမှ ကူးယူဖော်ပြပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts