ဂျော်ဒီး

Gaw Dee – Staire

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဟတ်ချိုး..ဆိတ်ဖွါး… ဦးဦးဝံသ အသက်တရာ အနာမရှိ 
ဂျော်ဒီး
ဇူလိုင် ၂၂၊ ၂၀၁၃


စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်မို့   ရွာထိပ်     ညောင်ပင်ကြီး     အောက်တွင်    မိုးမခရွာသားကလေးများ..စုမိနေကြသည်..။အနီးအနားတွင်    မိုးမခပန်းရောင်စုံပင်ကလေးများ၊   စကြ်ာ      ပန်းခြုံကလေးများ ကား  အစွမ်းကုန် ဖူးပွင့်နေကြသည်..။ဂျော်ဒီးက    တခု သတိရသွားပြီး   သူငယ်ချင်း  ကလေးတသိုက်ကို နှိုးဆော်လိုက်သည်..။
“ လာဟေ့..ဒီပန်းကလေးတွေကို  ခူးကြမယ်.။  နေမကောင်း တဲ့  တို့..ဦးဦးဝံသ အတွက်  ရွာဦးစေတီမှာ  ဆုသွားတောင်းပေးကြစို့” မုန့်ချိုသင်းကလည်း..      “အေး..ကောင်းတယ်..။ဆုတောင်းပြီးရင်ဦးဦးတို့ အိမ်ကိုလဲ  သတင်း   သွားမေးကြ မယ်နော်..”ကလေးများ  အားလုံးကား  တက်တက်ကြွကြွ  ပင်.။အနီးအနားမှ   သဘာဝတောပန်းတောင်ပန်းကလေးများကို  ခူးဆွတ်ကာ..ရွာဦးစေတီသို့    ပြေးပြီး..သူ့ထက်ငါ      အလုအယက်ဘုရားရှိခိုး ဆုတောင်းကြသည်..။
ဂျော်ဒီးကလည်း သူခူးလာသော စကြ်ာပန်း ဖြူဖြူ ကလေးများကိုစေတီပန်းခုံပေါ်တွင် ဖြန့်ခင်းကာ..
“ဦးဦး ၀ံသ..အမြန်ဆုံးပြန်လည်ကျန်းမာလာပါစေ..။စကြ်ာပန်းကလေးတွေကပ်ရတဲ့  ကျေးဇူးကြောင့်အသက်ရှည်ကျန်းမာစွာ ဆက်ကြာကြာ  နေထိုင်နိုင်ပါစေ”လို့  စိတ်ကူးမိသည့်အတိုင်း ဆုတောင်းလိုက်သည်..။သူတို့ အားလုံး..ဦးဦးဝံသ ကို  ချစ်ခင်ကြသည်ကိုး..။
သူတို့ ကလေးတွေ မသိသည်များကို  ဦးဦးက စိတ်ရှည် လက်ရှည်ပြောပြသွန်သင်တတ်သည်ကိုး..။
ကလေးတို့ စိတ်ထဲတွင်မတော့  အခုလို သူတို့ ချစ်ခင်သော ဦးဦးဝံသမကျန်းမမာဖြစ်မဲ့  အစား..ရွာဦးထိပ်က အသက်ကြီးပြီး အချိန် မစီးသောစိတ်ပုတ်သော..ကလေးတွေကို  အမြဲဒုက္ခပေးတတ်သော ဘဘချုပ်ကြီး သာ  နေမကောင်းဖြစ်လိုက်ပါလား..လို့တောင်  တွေးမိကြသည်..။“ ဟေ့..ဦးဦး ၀ံသ တို့  အိမ်ရောက်ရင်..အဲလိုတွေ ဆူညံမနေကြနဲ့  ဦး နော်”
ဆောင်းသဇင်က  ပူပူပင်ပင်ပြောလိုက်သည်..။မောင်ရစ်က မှုန်တေတေ နှင့် “ သိပါတယ်” လို့  ညစ်ကပ်ကပ်ပြောလိုက်သေးသည်..။
အီသို့ ဖြင့်   ကလေးတသိုက်သည်…ရွာလည်လမ်းမအတိုင်းမိုးမခရွာရဲ့  သတင်းစာဆရာကြီးဦးဦး ၀ံသတို့  အိမ်ဖက်   သို့   လျှောက်လာကြလေသည်..။
လမ်းတ၀က်ရှိ…ရွာလူကြီး ဦးဆော်ကြမ်း အိမ်ရှေ့ အရောက်တွင်…                                                  
 “၀ုတ်..၀ုတ်..၀ုတ်..၀ုတ်”
 မိုးမခရွာလူကြီး  ဦးဆော်ကြမ်း  အိမ်ထဲမှ  ခွေးတကောင်ကခြံစည်းရိုးအကွယ်မှ   ထိုးဟောင်နေလေသည်..။ကူမိုးကြိုးက      “ဟာ..ဒီခွေး..တော့။ခြံထဲကနေ  သတ္တိ တွေကောင်းနေလိုက်တာ..” ပြောပြော ဆိုဆို အသံလာရာသို့ မှန်းပြီး ခဲနဲ့ကောက်ထုလိုက်သည်..။
“ ဒိန်း”
ရွာလူကြီး ဦးဆော်ကြမ်း ဧ။်  ခွေးကား..နောက်တနေရာမှပြောင်းပြီးဟောင်ပြန်လေသည်..။ကလေးများကတော့  ခြံထဲမှ မထွက်ရဲပဲ  ဟောင်နေသော ခွေးကို  အမြင်ကပ်ကပ် ရှိလှရာ..ပါလာသော လောက်လေးများ  ဘတ်ခွများ ခဲများဖြင့်    ၀ိုင်းထုကြလေသည်…။
“  ဆိတ်ဖွါး..ဆိတ်ဖွါး..လာ..လာ…အို့..အို့ ”
ခြံထဲမှ  ရွာလူကြီး ဆော်ကြမ်း ဧ။်  သူ့ခွေး သြူ ပန်ခေါ်နေသံကြားလိုက်ရသည်..။ခွေးစင်စစ်က    ဆိတ်ဘ၀  ရောက်နေရ   ရှာသော  ရွာလူကြီးဆော်ကြမ်းဧ။် ခွေးဆိတ်ဖွါးခမျာ  အမြီးကလေး  ကုပ်ကာ   ငြိမ်သွားသည်..။
ကလေးများလည်း….ဆက်လက် လမ်းလျှောက်လာကြလေသည်..။ဦးဦးဝံသ အိမ်တွင်ကား..သူ့မိတ်ဆွေများ   သတင်းမေးသူများက   စကားစမြည် ပြောဆို နေကြရာ…။.မိုးမခကလေး  တသိုက်ကား..သက်ကြီး  စကား သက်ငယ်ကြား     စိတ်ဝင်တစား နားထောင်နေမိကြသည်..။     သူတို့စကားများတွင်.. မိုးမခရွာရေးရွာရာ များ .။.မငြိမ်းချမ်းသေးသော ငြိမ်းချမ်းရေး အတွက်..ရတက်မအေးသံများကို   ကြားရသည်..။ရှေ့ သို့ ချီ  မလိုလို နှင့်   နောက်ပြန်ဘက်ဂီယာ  ထိုးချင် နေသောတရွာလုံးမှ   ဘာသာရေး လူမျိုး ရေး  အဓိကရုဏ်းများ  ..။လူထုကိုလမ်းလွဲအောင်  ဆွဲခေါ်   နေသော  ၀ါဒဖြန့် ချီ နေမှုများ..။အန္တရာယ်ကြီးမားသော  သွေးထိုးဖန်တီး လှုံ့  ဆော်နေ  မှုများ အကြောင်း..။
လတ်တလော  ရက်ပိုင်းအတွင်း  က..ရွာ့ ထောင်စု ပျံကျားရေးဝန်မှ     မီဒီယာသမားများ နားရွက်ကို  တံတွေးဆွတ်   လိုက်သည့်အကြောင်း..။  .နောက်ပြန်ဆွဲ ၀ါဒီတို့  အလိုကျ  .လွှတ်တော်မှ     .ဇွတ်အော်လိုက်သော  မီဒီယာ ဥပဒေ ရဲ့   ချွတ်ချော်မှု ကား..   ရေကျဲကျဲ  ရောထားသော
မီဒီယာ လွတ်လပ်ခွင့်  အဖြစ်.. ကမ္ဘာ့ကိုမောင်းခတ်လိုက်သလိုဖြစ်နေကြောင်း..။သတင်းစာဆရာကြီး     အိမ်မို့   သတင်းလောက သားတို့ အသံကိုပိုကြားရ ပေသည်..။
“ အေးဗျာ… .ရွာလူကြီး  ဆော်ကြမ်းကတော့    အတော်ရမ်းနေသဗျို့..။မီဒီယာကို  မီဒီယာ နဲ့  တိုက်ဆိုတဲ့    သူ့ဆောင်ပုဒ်ကို     လက်တွေ့ ကျင့်   နေတော့တာပဲ..။ပြသနာတွေ ရဲ့    နောက်ကွယ်မှာ  သူတို့အုပ်စု  ရှိနေ  သေးတယ်  ဆိုတာ   ယုံကြည်လောက်  စရာ     အချက်တွေ
ချည်းပဲ ဗျ..။      ခု..ဆိတ်ဖွါး ကိစ္စ..ပဲကြည့်လေ..။   ပြည်သူတွေကျတော့..အီးမေးလ် တစောင်     ထောင်ဒဏ် (၁၅)နှစ်..တဲ့ ။       ဒီလိုသာ
လုပ်ရိုးဆို..ဆိတ်ဖွါး  ကို…ဆောင်းပါးတပုဒ်နဲ့ တင်   ထောင် အနှစ်(၅၀)လောက် ချပစ်ရမှာ..ဗျ..။    ခုတော့  ..လွှတ်တော်ကလဲဂေါ်ဇီလာဖမ်းမယ်..ဒိုင်နိုဆောဖမ်းမယ် နဲ့   ဆိတ်ဖွါးကို   အကောင်လိုက်ကြီး သိပါတယ်..ဆိုပြီး..အရိပ်တောင်  မဖမ်းနိုင်  ပါလားဗျာ..။အီလက်ထရွန်းနစ်ပုဒ်မ  ဆိုတာကြီးက  လည်း ပြည်သူတွေ ကို  ဖိနှိပ်ဖို့  သက်သက်ပဲ  ထုတ်ထားတာ ထင်ပါရဲ့ ဗျာ.။
ဥပဒေအထက်မှာ    ဆိတ်ဖွါးက  ချီး..တက်ပါ ပြလိုက်တာပဲ..ဗျို့ .”           ဂျော်ဒီးတို့  ကလေးတသိုက်အတွက်တော့  နားလည်တာလဲ ရှိ..။တချို့ဟာတွေကျတော့လည်း   သိပ်နားမလည်ပေ..။အခုတော့   လူကြီးတွေစကားဝိုင်းထဲမှာ  သူတို့ သိသော ဆိတ်ဖွါး နံမယ် ပါလာပြီ။
သူတို့လဲ  ဆွေးနွေးလို့   ရပြီပေါ့..။
“ကြည့်စမ်း..ဆိတ်ဖွါးက  ဥပဒေ  ဆိုတာကြီး  အထက်တောင်  အီးအီးတွေ  တက်ပါသတ့.ဲ…။အာ့ကြောင့်..ငါ..ခဲနဲ့ ထုပစ်လိုက်တာပေါ့”
လို့.. ရန်လိုကျွဲကလူတတ်ဝင်လုပ်သည်..။မောင်ရစ်ကလည်း..တွေးတွေးဆဆ  ဖြင့်…“အင်း…ရွာလူကြီး   ဦးဆော်ကြမ်းက         မီဒီယာကို  ဆိတ်ဖွါးနဲ့ ရှူးတိုက်ဖို့  မွေးထားတာကိုး”လို့  ၀င်နွှဲ သည်..။               လူကြီးတွေကလည်း  သူတို့ ၀ိုင်းနှင့် သူတို့  စကားကောင်းဆဲ…။
“ အေးဗျာ..။ခုနောက်ဆုံး.. မီဒီယာ  ဥပဒေ ကို  လွှတ်တော်ကနေ  အတင်းနေ့ချင်းပြီး  အတည်ပြုပေးလိုက်တဲ့   လုပ်ရပ်ကတော့  တကယ့်ကို  သိက္ခာ မဲ့လွန်းပါတယ်..။စာပေကင်ပေတိုင် မထားတော့ပါဘူး  ဆိုပြီး..စာပေမှတ်ပုံတင်အရာရှိ ဆိုတဲ့    နံမယ်နဲ့ ..စာနယ်ဇင်းသမား     တွေကိုလည်မျိုညှစ်ဖို့      ကြံစည် ပြန်တယ်..။ ဘယ့်နှယ်ဗျာ..။သမတကြီးတွေ..။ဝန်ကြီး  အဆင့်တွေ..တဲ့ လား..။ပါးစပ်ကတော့ပြောလိုက်
ရတဲ့ ..ဒီမိုကရေစီ..။ပြောလိုက်ရတဲ့ ..လွတ်လပ်စွာရေးသားခွင့်..။ပြောလိုက်ရတဲ့ ..စတုတ္ထမဏ္ဍိုင်..။ကတိက၀တ်တွေ  ပေးတုန်းကပေးပြီ…ကတိဖောက်ဖျက်  ချင်တော့….နောက်ဖေးလမ်းကြားက..ခွေးသူခိုး..ဟင်းထုပ် အလစ်ဝင်ဆွဲ သလိုပဲ..”
“ သူတို့  မှာ  စေတနာ မမှန်သေးတာကတော့   သိသာနေတုန်းပဲဗျ..။အခု..၆၆နှစ်မြောက်  အာဇာနည်နေ့ကိုပဲကြည့်လေ..။သဘောထားသေးသိမ်လိုက်ပုံက  ဥသြဆွဲတဲ့  ၀မ်းနည်းခြင်းအထိမ်းအမှတ်ကို  လုပ်မပေးနိုင်တဲ့  အကြောင်းပြချက်ကကောခိုင်လုံလို့လား..။ဘာပဲဖြစ်ဖြစ်  ကျုပ်တို့  မိုးမခရွာသားတွေကျောင်းသားတွေ ဦးဆောင်ပြီး  ကိုယ့်အစီအစဉ်နဲ့ ကို  ဥသြဆွဲတယ်..။လမ်းတွေမှာ သွားလာနေတာတွေကို  ရပ်ပြလိုက်တယ်..။”
“ အဓိက  ကတော့  ရွာလူကြီး ဆော်ကြမ်း ရဲ့  လက်ငုတ်တွေ က  ပြန်ကြားရေးဘက်မှာ  ရှိနေသေးတာ အမှန်..။  အစိုးရထုတ် သတင်းစာ ရဲ့   အာဇာနည်နေ့ အခမ်းအနားပုံတွေမှာ  ဒီမိုမယ်တော်ကြီး ပုံကိုမထဲ့ ပေးသေးတာ..သူတို့ မှာ  အာဃတတွေ  ရှိနေသေးကြောင်း ပြလိုက်တာပဲ..ဗျို့ ”
“ ဘာပဲ ပြောပြော  ..ဒီမိုမယ်တော်ကြီး အိမ်က  အာဇာနည်နေ့ ဆွမ်းကျွေးမှာတော့  မြင်ကွင်းတွေက  ဆန်းနေတာပဲဗျ..။သတိထားစောင့်ကြည့်ရ ဦးမှာပေါ့ ဗျာ”
“ ဒါနဲ့ ..ရွာဂံတော်  သမတကြီးကတော့  နိုင်ငံတကာ လှည့်တိုင်း  ယုံကြည်ချက်အကျဉ်းသားတွေ  ဒီနှစ်ကုန် လွှတ်ပေးပါ့မယ်..ပြောတာပဲ ဗျ။ တခါတခါ ကျတော့လည်း ယုံကြည်ချက် အကျဉ်းသားတွေ မရှိတော့ဘူး ပြောလိုက်..။ပြီးတော့  .. နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ
လယ်သမားအရေးဆောင်ရွက်သူတွေကို  ပုဒ်မ အမျိုးမျိုးနဲ့   ထပ်ဖမ်းလိုက် နဲ့ဗျာ ”
လူကြီးတွေ ပြောစကားကို နားထောင်နေကြသော  ဂျော်ဒီးတို့ ကလေးတသိုက် ထဲမှ.ရန်လိုကျွဲက  ..သူသိသမျှ  ၀င်ဆွေးနွေးလေဧ။်
“  ဘဘတို့ကလဲ ..အဲလို  နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဖမ်းထားမှ  နောက်တခါရွာဂံတော် သမဒကြီးနိုင်ငံခြား သွားရင်  လွှတ်ပေးပါမယ်  ပြောဖို့ရှိမှာပေါ့ဗျ…။ကျနော်တို့  ရွာဦးစေတီမှာ ငှက်လွှတ်ဖို့  စာကလေးတွေ  မွေးထားတဲ့    ဘဘပြောင် လိုပေါ့ဗျာ”
ရန်လိုကျွဲ စကားကို   လူကြီးများက  သဘောကျစွာ..ရီမောကြလေသည်..။          နေအတော်စောင်းလာပြီ..။ဂျော်ဒီးတို့     ကလေး  တသိုက်ကား..အရေးတကြီး      ဆော့ကစားရန်  အချိန်တွေ  မကျန်မည်စိုးကာ..ပြန်ရန်ပြင်ဆင်ကြသည်..။
လမ်းတွင်ကား…ရွာလူကြီး ဦးဆော်ကြမ်း   အိမ်ရှေ့ ကဖြတ်ရဦးမည်…။ရွာလူကြီး လက်သပ်မွေးထားသော    ခွေးသူခိုး  ဆိတ်ဖွါး   က   ခြံထဲမှ   ဟောင်ပေလိမ့်ဦးမည်..။ အခွင့်သာလျှင်  ကလေးတို့ကို အလစ်ဝင်ဆွဲ ချင်ဆွဲပေလိမ့်ဦးမည်..။သူက  ရွာလူကြီး  မွေးထားတဲ့ ခွေးသူခိုးပေကိုး..။ကလေးတသိုက်ကဦးဦးဝံသကို  နှုတ်ဆက်ကြသည်..။
“ ပြန်လိုက်ပါဦးမယ်..ဦးဦး ၀ံသ..။အမြန်ဆုံး  ပြန်လည် နေကောင်းပါစေ..”
ဦးဦးဝံသကလည်း…  ပြုံးရွှင်စွာ ပြန်လည် နှုတ်ဆက်သည်…။
“အေး..အေး..။ကျေးဇူးပါ  ကလေးတို့ ရယ်..။လမ်းမှာဂရုစိုက်ကြနော်…။အိမ်ကို  တန်းတန်းမတ်မတ်ရောက်အောင်ပြန်ကြ..။ဟိုဝင်သည်ထွက် လမ်းလွဲတွေ  လုပ်မနေကြနဲ့ နော်…”
“ဟုတ်ကဲ့ ..ဦးဦး”

ဂျော်ဒီးတို့   ကလေးများကား  ဦးဦးမှာထားသည့်အတိုင်း..လမ်းတလျှောက်  ဂရုစိုက်ကြပါမည်..။သတိရှိကြပါမည်…။ခွေးသူခိုးများကို  ပြန်လည်  ပညာပေးရန်ကာကွယ်ရန်..လက်နက်များ   အသင့်ပြင် ထားကြပါသည်..။သူတို့  ပြန်လိုသောရောက်လိုသော  အိမ်သို့   ရောက်အောင်  တန်းတန်းမတ်မတ် ပြန်ဖို့အရေးကြီးသည်  မဟုတ်ပါလား..။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts