>8888 – 20 Years – Thet Win Aung

>

၈၈ အနှစ် ၂၀
(အခန်းဆက်များ)

သက်ဝင်းအောင် ( ၁၉၇၁ – ၂၀၀၆)
မိုးမခ

ကိုသက်ဝင်းအောင်က ၁၉၈၈ ဒီမိုကရေစီရေး အရေးတော်ပုံမှာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂရဲ့ ကျောင်းသားခေါင်းဆောင် တဦး၊ အသက် ၁၇ နှစ်၊ သူ ကျဆုံးတော့ ၂၀၀၆၊ မန္တလေးထောင်၊ အသက် ၃၅ နှစ်။ စစ်အစိုးရရဲ့ ရက်စက်မှုတွေကြောင့် ရောဂါဝေဒနာတွေကျရောက်၊ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရဘဲ သူ ကျဆုံးခဲ့ရပါတယ်။ ထောင်ထဲမှာ၊ ထောက်လှမ်းရေး စခန်းတွေမှာ၊ လမ်းပေါ်မှာ သည်လိုပဲ ကျဆုံးခဲ့ရသူတွေ အများကြီးပါ။ သူကျဆုံးတော့ သူ့ကိုကြုံဖူးသူတဦးက အမှတ်တရ မိုးမခမှာ စာရေးခဲ့တယ်။ ပြန်ဖော်ပြပါရစေ။

သူ့အကြောင်းကို ဒီလိုမျိုး ဆယ်စု နှစ် ၂ ခု ဒီလို ခွဲကြည့်လို့ရမယ် ထင်တယ်။

၁၉၈၈ – ၁၉၉၈

ရန်ကုန်မြို့၊ တာမွေ၊ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ ကျောင်းသားခေါင်းဆောင်

ဒီမိုကရေစီရေး လုပ်လို့ ကျောင်းထုတ်ခံရ

၁၉၈၉ – ပထမအကြိမ် ထောက်လှမ်းရေးက ဖမ်း၊ ထောင် ၉ လ ကျ

၁၉၉၄ – ဒုတိယ အကြိမ် လိုက်ဖမ်းတော့ တိမ်းရှောင်နေ

၁၉၉၆ ကျောင်းသားအရေးအခင်း

၁၉၉၈ မှာ အဖမ်းခံရ၊ ထောင်ဒဏ် ၅၉ နှစ် ချခံရ

၁၉၉၈ – ၂၀၀၈

ကလေးထောင်၊ ခန္တီထောင်၊ မန္တလေးထောင်များတွင် ချုပ်နှောင်ခံထားရ

မိဘနှင့် တွေ့ခွင့် ခက်ခဲစေရန် ရန်ကုန်က ဝေးရာတွင်သာ ထားသဖြင့် ထောင်ဝင်စာနှင့် အဆက်အသွယ်များ ပြတ်တောက်

ထောင်တွင်း အစာငတ်ခံ ဆန္ဒပြ တိုက်ပွဲဝင်

၂၀၀၆ အောက်တိုဘာ ၁၆ တွင် ထောင်ထဲတွင် ကျဆုံး

အခု စစ်အစိုးရ မတရားဖမ်းဆီးထားဆဲ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များထဲက ကိုပြုံးချို (ဌေးဝင်းအောင်) ရဲ့ ညီ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts