>Ni Lon Oo’s challenge on Nargis

>


နာဂစ် … မင်းကို စိန်ခေါ်လိုက်ပြီ
ဖျာပုံနီလုံဦး
ဇနြ် ၃၀၊ ၂၀၀၈


ရုတ်တရက် မမျှော်လင့်ဘဲ
အကြမ်းတမ်းဆုံး အရက်စက်ဆုံးလက်နဲ့
တံခါးလာခေါက်
မင်းဘယ်သူလဲဟေ့ … ။

တို့ဘိုးဘေးလက်ထက် ပုံပြင်တောင်မရှိခဲ့ဘူး
တို့ဘိုးဘွားလက်ထက် အိပ်မက်တောင်မမက်ခဲ့ဘူး
တို့ဘိုးဘွားလက်ထက် စိတ်ကူးတောင်မရှိခဲ့ဘူး
တို့လက်ထက်ကျမှ
မင်းက အဆိုးဝါးဆုံး ကျိန်စာနဲ့
တို့အိမ်ပေါက် အချိန်မတော် တံခါးလာခေါက်
မင်းနာမည် ဘယ်သူလဲဟေ့ … ပြောစမ်း
အို … “နာဂစ်” တဲ့လား … ။

၁၉၈၈ ခုနှစ်ကနေ … ယနေ့အထိ
တို့မျက်ရည်တွေ တသွင်သွင်ကျခဲ့
တို့အသွေးတွေ တစ်ပေါက်ပေါက်စီးခဲ့
ကိုဒါသ မပဋာထုံး
တို့ကျောကုန်းတွေမှာ
တို့မျက်နှာတွေမှာ
တို့နှလုံးသားတွေမှာ
စစ်ဒဏ်ရာ ဗရပွနဲ့
ဒုက္ခတွေ သုက္ခတွေ တင်းကြမ်း
အနှိပ်စက်ခံရလို့မှ မဆုံးသေး
မင်းက ထပ်ပြီး
တို့အသွေးအသား တို့မျက်ရည်တွေနဲ့
ခြေဆေးဖို့ ရောက်လာပြန်ပြီ။

ရက်စက်ပါပေ့ … နာဂစ်ရယ်
ရွေးမြစ်ကမ်း … ပြာမလော့မြစ်တန်း
ထိုင်ကူမြစ်တန်း … ဖျာပုံမြစ် … ဘိုကလေးမြစ်
တိုးမြစ် … လှိုင်မြစ် … ပန်းလှိုင်မြစ် … ရန်ကုန်မြစ်
ဟိုင်းကြီးကျွန်း … လက်ခုပ်ကုန်း မကျန်
မင်းရဲ့ လက်သည်း ချွန်မြမြနဲ့ကုတ်ခြစ်
တို့ရဲ့အရေခွံတွေကို တဗျစ်ဗျစ်ဆုပ်ခွာ
တို့ရဲ့အိုးအိမ်တွေကို ဖျက်ဆီး
တို့သား တို့သမီး တို့ဘိုးဘွား … တို့မိဘ
တို့ဆွေမျိုးမကျန် အပြုတ်နှံတိုက်ခတ်
ဘယ်ရန်ငြိုးကြောင့်များ
အသည်းမညှာ ရက်စက်ပါ့ပေ့
အခုမှ … ကမ္ဘာမီးလောင် သားကောင်ချနင်းခဲ့ရပြီ။

ကယ်ပါ … ကူပါ … တစာစာနဲ့
ပြည်သူတွေရဲ့အော်ဟစ်သံ
မိုးထိညံခဲ့သပ
ရွာတွေက ငိုပြီ … လယ်တွေက ငိုပြီ
ယာတွေက ငိုပြီ … ဥယျာဉ်တွေက ငိုပြီ
အိုးအိမ်တွေလည်း ကုန်ပြီ
စက်ရုံအလုပ်ရုံတွေလည်း ပြိုပြီ …
ကျောင်းကန်ဘုရား … စေတီပုထိုးများလည်း ပြိုပြီ …
ပင်လယ်ရဲ့ငိုသံဟာ
တို့နှလုံးသားကို ကျိန်စာတိုက်
တို့ဘ၀တွေကို မီးလောင်တိုက်သွင်း
ပြာပူတွင်း ချောက်ကမ်းပါးထဲ
မင်း ဆွဲသွင်းလိုက်တာ … တို့အသက်ထက်ဆုံး
အရက်စက်ဆုံး … ကမ်းကုန်ပါပဲလား။

မင်း နှိပ်စက်သမျှ
မင်းပေးတဲ့ဒဏ်ရာ ဗရပွနဲ့
အသက်ရှူလို့မှ မ၀ အကျဉ်းအကျပ်တွေကြားထဲမှာ
သောက ပင်လယ်ဝေနေရတဲ့
ဆွေကွဲ … မျိုးကွဲ … သားတကွဲ … မယားတကွဲနဲ့
အသက်ပေါင်းများစွာစတေးခံ
ဆုံးရှုံးခဲ့ရတဲ့ … ဘ၀အမှောင်မိုက်နှင့်အတူ…
မင်း … မင်းနှင့်တကွသော
မင်းရဲ့မုန်တိုင်းလက်ကြမ်းကြီးကို
ငါ့အိမ်တံခါးပေါက်…
နောက်တကြိမ်လာမခေါက်နဲ့တော့
ငါ့ပြည်သူတွေက အဆင်သင့်
မင်းကို တိုက်ထုတ်ဖို့ ပြင်ထားပြီဟေ့။ ။

(ပန်းချီ သရုပ်ဖော် – မမွှေး – ပြောလိုက်ပါ ပန်းချီကား၊ ပန်းချီဆရာများရဲ့ နာဂစ်ရန်ပုံငွေပွဲမှာ တင်ဆက်ခဲ့သည့် ပန်းချီကား။ ခွင့်ပြုချက် မတောင်းလိုက်နိုင်ပါ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts