>Hostile approach to the media in Burma

>

စစ်အစိုးရ၏ မီဒီယာနှိပ်ကွပ်ရေးလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့်
မိုးမခအထောက်တော် အမှတ် ၂

ဇွန် ၂၆၊ ၂၀၀၈

ရန်ကုန်မြို့ရှိ အင်တာနက်အသုံးပြုသူများကို အာဏာပိုင်တို့က ယခင်ကထက် ပိုမို စောင့်ကြည့်လျက်ရှိသည်။ ရန်ကုန်မြို့ အခြေစိုက် မိုးမခအထောက်တော်တဦးက “ဒီမှာ တင်းကြပ်နေတယ်။ (အင်တာနက်)ဆိုင်တိုင်းမှာ စောင့်ကြည့်သူတွေ ရှိနေတယ်။ အင်တာနက်ဆိုင်ကို ၀င်ရင် လက်မှတ်ထိုးရတယ်။ မှတ်ပုံတင် ပြရတယ်။ အချိန်မှတ်ထားတယ်။ တော်တော်မလွယ်ဘူး” ဟု ဆိုသည်။

နာဂစ်လေမုန်တိုင်းနောက်ဆက်တွဲသတင်းများကို အမှောင်ချထားလိုသဖြင့် အင်တာနက်အသုံးပြုမှုကို တင်းကြပ်ထားခြင်းဖြစ်မည်ဟု ရန်ကုန်မှ စာနယ်ဇင်းသမား အများအပြားက သုံးသပ်ကြသည်။ ယခုတင်းကြပ်မှုမှာ ပြီးခဲ့သည့်နှစ်က သံဃာတော်များ အကြမ်းဖက် ချေမှုန်းခံရစဉ်ကထက် ပိုမိုပြင်းထန်သည်ဟု ဆိုသည်။

အစိုးရသတင်းစာများတွင်မူ ထိုသို့ ကန့်သတ် ပိတ်ဆို့မှုများအကြောင်းကို ဖော်ပြထားခြင်း မရှိပေ။

ယခုနောက်ဆုံးတက်လာသည့် အေဂျင်စီသတင်းများတွင် နာဂစ်မုန်တိုင်းဒဏ် ခံရသူများအား ကူညီရေး လုပ်ငန်းများအတွင်း ပါဝင်ပတ်သက်သူ စာနယ်ဇင်းသမားများ ဖမ်းဆီးထိန်းသိမ်းခံနေရပုံကို ဖော်ပြထားသည်။ နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့၊ မြန်မာသတင်းသမဂ္ဂတို့၏ လက်တလော ထုတ်ပြန်ချက်တစောင်ကို ကိုးကားပြီး ဖော်ပြ ရေးသားနေကြခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် Myanmar Tribune ဂျာနယ် အယ်ဒီတာ ကိုအောင်ကျော်ဆန်းအပါအ၀င် စေတနာ့ဝန်ထမ်း ၁၆ ဦးသည် မုန်တိုင်းသင့်ဒေသမှ ကျွင်းကျန်သော ရုပ်အလောင်းများကို သွားရောက်ရှာဖွေ၊ မြုပ်နှံပြီး မကြာမီ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း ဖော်ပြထားသည်။

ယမန်နေ့က စစ်အစိုးရထုတ်ဝေသည့် ကြေးမုံသတင်းစာမျက်နှာဖုံးတွင် စာလုံးမည်းကြီးများဖြင့် ဖော်ပြထားသော လှုံ့ဆော်စာများ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts