>Foreign doctors leave cyclone-hit Burma

>

ဧရာဝတီတိုင်းရောက် နိုင်ငံခြားသား လုပ်အားပေးဆရာဝန်များ ပြန်တော်ပြန်ရပြီ
ရိုက်တာသတင်းဌာန
ဇွန် ၁၄၊ ၂၀၀၈

ပြည်ပမှဆရာဝန်များ မုန်တိုင်းတိုက်ခတ်ခံရသည့် မြန်မာပြည်မှ စတင်ထွက်ခွာနေပြီဖြစ်သည်။ စစ်အစိုးရက မုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသများရှိ ဒုက္ခသည်စခန်းများကို ပိတ်လိုက်ခြင်းကြောင့်ဖြစ်သည်ဟု ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အရာရှိတစ်ဦးဖြစ်သူ Surachet Satitniramai က သောကြာနေ့တွင် ပြောကြားလိုက်သည်။
မြန်မာစစ်အစိုးရက ထိုင်းနိုင်ငံအား ဆရာဝန်အဖွဲ့များ ထပ်မံစေလွှတ်ခြင်းမပြုရန် ပြောခဲ့ကြောင်း၊ ဆိုလိုချက်မှာ တနင်္လာနေ့တွင် နိုင်ငံခြားဆရာဝန်များ ရန်ကုန်သို့ ပြန်ရန်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်း မြောင်းမြမြို့မှ စခန်းအများစုကို ပိတ်လိုက်ခြင်းကြောင့် ပြန်ရခြင်းဖြစ်ကြောင်း အဆိုပါအရာရှိက ရှင်းပြသည်။
“အိန္ဒိယ၊ ဂျပန် နဲ့ ဖိလစ်ပိုင်ကဆရာဝန်တွေကတော့ ပြန်ကုန်ပြီ၊ စခန်းအတော်များများက ပိတ်ကုန်လို့လေ” ဟု ရိုက်တာသတင်းဌာနသို့ ရှင်းပြသည်။ လက်ကျန်ဆရာဝန်အနည်းငယ်မှာ မြန်မာပြည်သားများသာဖြစ်သည်ဟု ဆိုသည်။
“သူတို့က ပြောတာပဲ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး သူတို့မှာ ဆရာဝန် အလုံအလောက် ရှိပါတယ် တဲ့၊ လိုအပ်ရင် ထပ်ခေါ်ပါမယ် တဲ့” ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts