>
ချောင်းတစ်လျှောက်ရှိ အိမ်များ ရေလွှမ်းမိုးခဲ့သည့်အပြင် ကမ်းပါးပြိုကျမှုများကြောင့်လည်း တောင်ကမ်းပါးယံအနီးရှိ အိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။ ထိခိုက်ပျက်စီးမှု အများဆုံး နေရာများမှာ အုန်းကိုင်းရွာသစ်၊ ပန်းခြံထာပွဲဝန်းကျင်နှင့် မိုးကုတ်မိုတယ် နေရာများ ဖြစ်ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်သည်။ ကျောက်အရောင်းအ၀ယ်ပြုလုပ်သည့်နေရာများအနက် အကြီးဆုံးဖြစ်သော ပန်းခြံထာပွဲတွင် ကျောက်တွင်းများမှ ထွက်ရှိသော ကနယ်မုံများ၊ အမှိုက်များ ထူထပ်စွာ ပြည့်လျှံပိတ်ဆို့နေသဖြင့် အဆိုပါကျောက်ပွဲ ပြန်လည် လည်ပတ်နိုင်ဦးမည်မဟုတ်ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် ရေကြီးစဉ်က မြင်ကွင်းတစ်ခု (photos: mogokmedia)
မြို့သူမြို့သားများ ကျောက်အရောင်းအ၀ယ်ပြုလုပ်ရာ ပန်းခြံကျောက်ဝိုင်း