>5 more UN helicopters arrive in Burma

>

ကုလသမဂ္ဂရဟတ်ယာဉ် ၅စီး မြန်မာပြည်သို့ ရောက်ပြီ
AP သတင်းဌာန
ဇွန် ၇၊ ၂၀၀၈

ကုလသမဂ္ဂ ငှားရမ်းထားသည့် ရဟတ်ယာဉ် ၅စီး မြန်မာပြည်သို့ ယနေ့ရောက်ရှိသွားသည်။ ပြီးခဲ့သည့်လဆန်းပိုင်းက မုန်တိုင်းတိုက်ခတ်ခဲ့အပြီး ဒုက္ခရောက်သူများကို ကူညီရေးအတွက် ပြဿာနာများ ပေါ်ပေါက်နေချိန်တွင် ရောက်ရှိသွားခြင်းဖြစ်သည်။ ထိုရဟတ်ယာဉ်များမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြီးခဲ့သည့် တပတ်ကျော်ကတည်းက အဆင်သင့်ဖြစ်နေခဲ့ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Paul Risleyက ဆိုသည်။
ဘန်ကောက်တွင်ရှိနေသော အခြား ၄ စီးမှာ လာမည့်အပတ်တွင် မြန်မာပြည်သို့သွားခွင့်ရမည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားသည်။
ကူညီရေးအဖွဲ့များ၏အဆိုအရ ၎င်းတို့၏လုပ်ငန်းများမှာ ပြဿာနာများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ နေရာချထားရေးဆိုင်ရာ ပစ္စည်းပြတ်လပ်မှုလည်း ပါဝင်ကြောင်း သိရသည်။ မိုးရာသီ အစပြုနေပြီဖြစ်သောကြောင့် သိန်းနှင့်ချီသောဒုက္ခသည်များ မိုးထဲရေထဲသို့ ရောက်သွားနိုင်သည်ဟု ဆိုသည်။
ကုလသမဂ္ဂ၊ နိုင်ငံတကာကြက်ခြေနီနှင့်လခြမ်းနီအဖွဲ့ (IFRC) တို့ကလည်း အိုးအိမ်ပျောက်သွားသူ ၁၅ သိန်းအတွက် ရွက်ဖျင်တဲများ ဆောက်ပေးရန် တာပေါ်လင်စများ အရေးပေါ်လိုနေကြောင်း သတိပေးထားသည်။ အကူအညီများ မရရှိပါက အငတ်ဘေး၊ ရောဂါဖြစ်ပွားမှု တို့နှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟုလည်း သတိပေးထားသည်။
IFRC အဖွဲ့ ပြောခွင့်ရအရာရှိ John Sparrowက “သူတို့ဖျားနာနေကြပြီ။ ငတ်ပြတ်နေကြပြီ။ အမိုးအကာတွေလည်း မရှိဘူးဆိုရင် အခြေအနေကတော့ သိပ်ကို ဆိုးပါလိမ့်မယ်။”ဟု ဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts