>TIMELINE – A month on, cyclone-hit Myanmar struggling

>

မုန်တိုင်းနောက်ဆက်တွဲ မြန်မာပြည် တစ်လတာမှတ်တမ်း
Reuters သတင်းဌာနက ပြုစုသည်

ဇွန် ၂၊ ၂၀၀၈

မေ ၂၊ မေ ၃
ဆိုင်ကလုန်းမုန်းတိုင်း နာဂစ်သည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရန်ကုန်မြို့တော်ဟောင်းတို့ကို တိုက်ခတ်ခဲ့သည်။ ၁တစ်နာရီ မိုင် ၁၂၀ နှုန်း တိုက်ခဲ့ပြီး ဒီရေလှိုင်း ၁၂ ပေအထိ မြင့်တက်ခဲ့သည်။

မေ ၅
သေဆုံးသူ ၄၀၀၀ ခန့်ရှိကြောင်း မြန်မာ့ရုပ်သံက ကြေညာသည်။ အမေရိကန်သမတ ကတော် လော်ရာဘုရှ်က စစ်အစိုးရ၏ အရေးယူတုန့်ပြန်မှု နှေးကွေးသည်ဟု ဝေဖန်သည်။ အမေရိကန်၏အကူအညီကို လက်ခံရန် တိုက်တွန်းသည်။

မေ ၆
ပထမဆုံး ပြည်ပအကူအညီရောက်ရှိသည်။ ထိုင်းနိုင်ငံမှ အစားအစာ၊ ဆေးဝါးတင် လေယာဉ်ဖြစ်သည်။

မေ ၇
ပြင်သစ်အစိုးရက ကုလသမဂ္ဂအား ဒုက္ခသည်များထံ အကူအညီရောက်ရှိရေးအတွက် စစ်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းမနေဘဲ ၀င်ရောက်ကူညီရန် တိုက်တွန်းသည်။ အခြားနိုင်ငံများက စစ်အစိုးရအပေါ် ဒေါသထွက်နေကြသော်လည်း အဆိုပါတိုက်တွန်းအကြံပြုချက်ကို လက်မခံ ပယ်ချသည်။

မေ ၉
ပြည်ပအကူအညီ လက်ခံမည်၊ သို့သော် ပြည်ပမှ ကယ်ဆယ်ရေးဝန်ထမ်းများကို လက်မခံဟု အစိုးရက ဆိုသည်။ ကုလသမဂ္ဂက ကူညီရေး ရန်ပုံငွေ ၁၈၇ ဘီလျံလိုမည်ဟု ဆိုသည်။

မေ ၁၀
စစ်အစိုးရစိတ်တိုင်းကျ အုပ်ချုပ်ပုံအခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပသည်။ ဒီမိုကရေစီလမ်းပြမြေပုံ ၇ ချက်၏ အဆင့်တစ်ဆင့် ဖြစ်သည်။

မေ ၁၂
အမေရိကန်စစ်လေယာဉ်တစ်စီး ရန်ကုန်သို့ ဆင်းသည်။ ပထမဆုံးအကြိမ်ဖြစ်သည်။ နောက်နေ့များတွင် အစိုးရက အမေရိကန်၏ကူညီကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေမည့်အစီအစဉ်ကို ငြင်းသည်။

မေ ၁၅
ကုလသမဂ္ဂ ခန့်မှန်းထားသည့် မုန်တိုင်းဒဏ် ခံရသူ အရေအတွက် တိုးလာသည်။ ၁၅ သိန်း နှင့် ၁၆ သိန်းကြားရှိမည်ဟု ဆိုသည်။

မေ ၁၆
သေဆုံးသူ ၇၇၇၃၈၊ ပျောက်ဆုံးသူ ၅၅၉၁၇ ရှိကြောင်း မြန်မာ့ရုပ်သံက ကြေညာသည်။

မေ ၂၀
အစိုးရက သေဆုံး ပျောက်ဆုံးသူပေါင်း ၁၃၄၀၀၀ အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် ၃ ရက် သတ်မှတ်သည်။ ကမ္ဘာ့ဘဏ်က မြန်မာပြည်ကို ငွေကြေးကိစ္စ ငြင်းလိုက်သည်။ ၁၉၉၈ မှစပြီး အကြွေးမဆပ်သောကြောင့်ဟု ဆိုသည်။

မေ ၂၁
အစိုးရက ဒုက္ခသည် ကူညီရေးအတွက် ၁၁ ဘီလျံမက ရလိုကြောင်း အလှူရှင်များ ညီလာခံတွင် တင်ပြသည်။

မေ ၂၂
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် (မစ္စတာ) ဘန်ကီမွန်း မြန်မာပြည်သို့ သွားသည်။ စစ်အုပ်စု ခေါင်းဆောင်ကြီး (ဗိုလ်ချုပ်မှူးကြီး)သန်းရွှေက သူ့အား ကတိပေးသည်၊ ပြည်ပမှ အကူအညီပေးရေး ၀န်ထမ်းများအား ပြည်ဝင်ခွင့်ပြုမည့်ကတိဖြစ်သည်။

မေ ၂၄
အုပ်ချုပ်ပုံအခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲကို ရန်ကုန်၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွင် ပြုလုပ်သည်။ ထောက်ခံမဲ ၉၂.၅ ရာခိုင်နှုန်း ရရှိကြောင်းကြေညာချက်ကို စစ်အာဏာပိုင်တို့က အပြေးအလွှား ကြေညာသည်။ မဲပေးခွင့်ရှိသူ ၉၈.၁ ရာနှုန်း မဲပေးခဲ့သည်ဟု ကြေညာသည်။

မေ ၂၅
အလှူရှင်များ ညီလာခံတွင် နိုင်ငံ ၅၀ ကျော်က ဒေါ်လာ သန်း ၅၀ ကူညီမည်ဟု ကတိပေးသည်။

မေ ၂၇
စစ်အစိုးရက (ဒေါ်)အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်ကို ၁ နှစ်သက်တမ်း ထပ်မံတိုးသည်။

မေ ၃၀
အစိုးရကစီစဉ်သည့် ဒုက္ခသည်စခန်းများမှ မိသားစုများကို ဖယ်ထုတ်သည်။ အမြဲတမ်းနေထိုင်သူများဖြစ်သွားမည်ကို စိုးရိမ်သည်ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts