>MoeMaKa Dot Net for VDO archive for Nagis Relief & Free Burma

>

မိုးမခက လေဘေးသင့် မြန်မာပြည်သူတို့အတွက် ရုပ်သံ စာမျက်နှာတခု သီးသန့်ထားမည်
မေ ၂၉၊ ၂၀၀၈

မိုးမခ မီဒီယာက နာဂစ်မုန်တိုင်းသင့် မြန်မာပြည်သူများ ကယ်ဆယ်ရေး အထောက်အကူအတွက် မြန်မာ အနုပညာရှင်များနှင့် ပြည်သူတို့၏ မှတ်တမ်းများ၊ ဖျော်ဖြေမှုများကို တနေရာတည်းတွင် စုဝေးတင်ဆက်သွားရန် ရည်ရွယ်ပါသည်။ ထို ရုပ်သံများကို လွတ်လပ်စွာ ကြည့်ရှုပြီး မြန်မာပြည် လေဘေး ကယ်တင်ရေးလုပ်ငန်းများ၊ အလှူခံအဖွဲ့များတွင် နီးစပ်ရာ သွားရောက်ပါဝင်၊ ပူးပေါင်းလှုပ်ရှားမှုများ အရှိန်မြှင့်တင်နိုင်ရေးကို ရည်ရွယ်ခြင်း ဖြစ်ပါသည်။

အဓိကအားဖြင့် အနုပညာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် ပြည်ပနိုင်ငံများတွင် လှည့်လည်ဖျော်ဖြေနေသော သီးလေးသီးနှင့် ဆေးရောင်စုံ၏ ပြည်ပ အငြိမ့်ပွဲ ခရီးစဉ်များကို အပိုင်းလိုက်ခွဲပြီး တင်ဆက်ပေးနေမည် ဖြစ်ပါသည်။ အနုပညာ ဒါနဖြင့် မြန်မာပြည်မုန်တိုင်းသင့် ပြည်သူတို့ကို အမှတ်တရပြုပေးသူ ပညာရှင်များ၊ အစုအဖွဲ့များကို ကျေးဇူးတင်ပါသည်။

ယနေ့ တင်ဆက်ထားသည့် အစီအစဉ်များ

၁။ မြစ်ဝကျွန်းပေါ် ဥတိုရွာသား တဦးရဲ့ အတွေ့အကြုံ

၂။ သီးလေးသီးနဲ့ ဆေးရောင်စုံ အငြိမ့် ကိုရီးယားခရီးစဉ် အပိုင်း ၁

၃။ လေဘေးအကူပစ္စည်း၊ ခြင်ထောင် အစရှိသည်တို့ကို ရောင်းချနေသူ မှတ်တမ်း

၎။ မြစ်ဝကျွန်းပေါ်ဒေသက ဒုက္ခသည်များ မြင်ကွင်း ဓာတ်ပုံ ဆလိုက်များ

၅။ ဇာဂနာ – ၁၉၉၀ သင်္ကြန် သံချပ်များ

၆။ နာဂစ်မုန်တိုင်းက ကျန်ရစ်သူတို့ရဲ့ ပြောစကား ရုပ်သံများ

http://moemaka.net မှာ သွားရောက် ကြည့်ရှုနိုင်ပါပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts