Uncategorized

Ye Wint Thu – Poem

ဝမ်းနည်းစာရင်း
ရဲဝင့်သူ
ဇူလိုင် ၂၄၊ ၂၀၁၃

Artist – Gustave Singier

ဝမ်းနည်းစရာ တစ်
လွတ်ငြိမ်းချမ်းသာခွင့်
ခဏခဏ ကြေငြာတဲ့အရပ်မှာ
လွတ် ငြိမ်း ချမ်းသာ
မနေကြရတာ။
ဝမ်းနည်းစရာ နှစ်
ငြိမ်းချမ်းရေးတေးသံညံပြီး
ငြိမ်းချမ်းရေးစကားတွေ
ခဏခဏ ပြောတဲ့အရပ်မှာ
ငြိမ်းငြိမ်းချမ်းချမ်း မနေကြရတာ။
ဝမ်းနည်းစရာ သုံး
တရားသံ ကျယ်ကျယ်လောင်လောင်
ခဏခဏ ကြားရတဲ့အရပ်မှာ
မတရားတာတွေ
ကြာကြာရှည်ရှည်ပွားနေတာ။
ဝမ်းနည်းစရာ လေး
နောက် ၀မ်းနည်းစရာ ငါး

ပြီးတော့ ၀မ်းနည်းစရာများ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts