>မုန်တိုင်းအလနြ်ူမန်မာူပည် – သတင်းတိုထြာ

>

မုန်တိုင်းအလွန် မြန်မာပြည် – သတင်းတိုထွာ
မိုးမခ

မေ ၂၃၊ ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ၁ နှစ်တိုးပြီး ချုပ်နှောင်

၂၀၀၃ မေလ စစ်အစိုးရ၏ အလိုတော်ရိများ၏ မအောင်မြင်သော ဒီပဲယင်းလုပ်ကြံမှုကြီးနောက်ပိုင်းတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိမ်းသိမ်းခြင်းခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်သက်တမ်း ၁ နှစ်တိုးလိုက်ကြောင်း စစ်အစိုးရက ကြေညာသည်။ ပြည်တွင်းရှိ တည်ဆဲဥပဒေအရ ၅ ကြိမ်ထက် ပိုပြီး နေအိမ်အကျယ်ချုပ်ပြုခွင့်မရှိကြောင်း အတိုက်အခံပါတီနှင့် နိုင်ငံတကာက ဥပဒေပညာရှင်များက ကန့်ကွက် ပြောဆိုကြသည်။

ကယ်ဆယ်ရေးလုပ်သားများ ပြည်ဝင်ခွင့်ပေးမည် ဖြစ်ကြောင်း ကုလခေါင်းဆောင်က ပြန်ကြား

မြန်မာပြည် နာဂစ်မုန်တိုင်းဒဏ်က ကယ်တင်ကူညီစောင့်ရှောက်မည့် နိုင်ငံတကာက ကယ်ဆယ်ရေးလုပ်သားများကို စစ်အစိုးရက ပြည်ဝင်ခွင့်ပေးရန် သဘောတူပြီဖြစ်ကြောင်း ကုလ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက သတင်းစာရှင်းလင်းပွဲဖြင့် ယနေ့ ပြောကြားလိုက်သည်။

နိုင်ငံတကာက အာဏာပိုင်များ၊ အဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလများက မြန်မာစစ်အစိုးရ ဆုံးဖြတ်ချက်ကို သတိကြီးစွာဖြင့် ကြိုဆိုသည်ဟု တုံ့ပြန်ကြသည်။ အာရှနိုင်ငံများက ကယ်ဆယ်ရေးလုပ်သားများကို ၀င်ခွင့်ပြုထားကြောင်း၊ အာဆီယံနိုင်ငံများ၏ ပစ္စည်းအင်အား၊ လူအင်အားဖြင့် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးများကို ဆောင်ရွက်နေပြီး ဖြစ်ကြောင်းကို အစိုးရသတင်းစာများက ထုတ်ဖော်ပြောဆိုလျက်ရှိချိန်တွင် ထိုသို့ သဘောတူသည့်သဘောထားကို သေချာရှင်းလင်းရန်လိုကြောင်း၊ အနောက်အုပ်စုက ကယ်ဆယ်ရေးလုပ်သားများကို ကြိုဆိုသည့်အကြောင်း ထင်ရှားရန်လိုသည်ဟု အကဲခတ်များက ဆိုကြသည်။

စစ်အစိုးရကို နိုင်ငံတကာတရားရုံးတွင် လူအများကိုအဓမ္မဖျက်ဆီးမှုဖြင့် တရားစွဲသင့်

နာဂစ်မုန်တိုင်းကြောင့် သေကြေပျက်စီးမှုများကို ထိရောက်စွာ ကြိုတင်မကာကွယ်ခြင်း၊ ကယ်ဆယ်ကူညီရေးလုပ်ငန်းများတွင်လည်း နှောင့်နှေးပျက်ကွက်ခြင်းတို့ကြောင့် စစ်အစိုးရတွင် တာဝန်ရှိကြောင်း၊ ရာဇ၀တ်မှုကျူးလွန်ရာ ရောက်ကြောင်း ဥရောပသမဂ္ဂ က ကြေညာချက်ထုတ်ပြန်လိုက်သည်။

နိုင်ငံတကာ အကူအညီများကို ချွင်းချက်မရှိ လက်ခံသင့်ကြောင်း၊ ပျက်ကွက်ပါက နိုင်ငံတကာတရားရုံးတွင် မြန်မာစစ်အစိုးရကို ရာဇ၀တ်ကြောင်းဖြင့် တရားစွဲဆို အရေးယူသင့်ကြောင်း သဘောထားကို ထောက်ခံမဲ အများနှင့် အတည်ပြုနိုင်ခဲ့သည်။ ထိုသဘောထားမှာ အကြံပြုထုတ်ပြန်ချက်အဆင့်သာ ဖြစ်ပြီး လက်တွေ့လုပ်ဆောင်မည့် သဘောတူညီချက်အဆင့်သို့ မရောက်သေးပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts