>Burmese Military arresting Volunteer Relief Workers

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

လေဘေးကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများကို စစ်အစိုးရက ဖမ်းဆီးဟု ကြား
မိုးမခ
မေ ၂၂၊ ၂၀၀၈

တောင်ဒဂုံတွင် နေထိုင်ကြသူ ကိုလေးလွင်၊ မချို၊ ကိုထွန်းထွန်းဇော်၊ ကိုခင်ထွန်း၊ မဥမ္မာ၊ မ ပပတို့ကို စစ်အစိုးရ လုံခြုံရေးအဖွဲ့က ယနေ့မနက် ၃ နာရီတွင် ဖမ်းဆီးသွားကြောင်းသိရသည်။ ကိုခင်ထွန်းမှာ အဲန်အယ်ဒီ မုန်တိုင်းဒဏ် ကယ်ဆယ်ရေးကော်မတီအဖွဲ့ဝင် တဦးဖြစ်သည်ကို တွေ့ရသည်။ ကိုဇာဂနာ၏ အဆိုအရ သူတို့အားလုံးသည် ဒဂုံဒေသဖက် လေဘေးကူညီစောင့်ရှောက်ရေး အလှူကိစ္စများတွက် စေတနာရှင်လုပ်အားပေးများဖြစ်ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် နအဖအဖွဲ့ကမူ ဒုက္ခသည် ပြည်သူများကို ကူညီလိုပါက အာဏာပိုင်များကတဆင့်ကူညီရန်၊ အလှူခံနေသူ ဒုက္ခသည်များကြောင့် ပြည်တွင်း ပြည်ပတွင် အရှက်မရကြရေး ကာကွယ်ရန်၊ ယခုအချိန်တွင် အရေးပေါ်ကယ်ဆယ်ရေးအလုပ်များ ပြီးစီးပြီးဖြစ်သဖြင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ပြုကြရမည့်အချိန်ဖြစ်ကြောင်း စသည်ဖြင့် သတိပေးထုတ်ပြန်ထားသည်ကို တွေ့ခဲ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts