>အရႀင္ဥာဏိသရ – ကရုဏာရႁေထာင့္က ဳကည့္ပၝ

>

ကရုဏာရှုထောင့်က ကြည့်ပါ
သီတဂူဆရာတော် အရှင်ဉာဏိဿရ

(ဘိုကလေးမြို့နယ် အတွင်း လေဘေးကယ်ဆယ်ရေး လုပ်နေရာမှ ဘီဘီစီ သတင်းဌာနသို့ ပြောကြားချက်၊ မေ ၁၅၊ ၂၀၀၈)
မေ ၁၆၊ ၂၀၀၈

ကြည့်မနေနိုင်လို့။ သူများဒုက္ခဖြစ် ကိုယ်က အေးဆေးစားနေရင် ဒါ ဘယ်မျိုကျမလဲ။ သမိုင်းတကွက်မှာ ဒုက္ခဖြစ်နေတဲ့ အချိန်မှာ မပါဘူး၊ ကရုဏာစိတ်ဓာတ်ကို ပြဋ္ဌာန်းပြီးတော့ ပါဝင်ကူညီမှု မရလိုက်ရင် – သဗ္ဗေသတ္တာ အဝေရာ ဟောန္တု ဒုက္ခာ မုစ္စန္တု – ဆိုတာ အရွတ်ပဲ ဖြစ်မှာပေါ့။ လက်တွေ့အလုပ်မပါရင် ကရုဏာရဲ့သဘောဟာ သရုပ်ဘယ်ပေါ်မလဲ။

အလှူရှင်တွေရဲ့ လှူဒါန်းမှုကလည်း အလွန်အားရစရာ ကောင်းတယ်။ အလှူခံတဲ့ ဒုက္ခသည်တွေကလည်း မျက်ရည်ကျလောက်အောင် သနားစရာ ကောင်းတယ်။

ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကတော့၊ ရှေးဦးစွာ ဖြစ်နိုင်တာက ကာလ၀မ်းရောဂါဆိုတဲ့ ရောဂါမျိုးတွေ, အူရောင်ငန်းဖျား ဆိုတာမျိုးတွေ ဖြစ်လာနိုင်တယ်။ လူတွေက ရေ, သောက်ရေ ကောင်းကောင်း မရဘူး။ အစားအစာ ကောင်းကောင်း မရဘူး။ အမိုးအကာ မရှိဘူး။ အဲသည်လူတွေ အမိုးအကာအောက် ရောက်အောင် ပို့ပေးဖို့ကတော့ ဘုန်းကြီးတော့ ဘယ်သူမှ တတ်နိုင်လိမ့်မယ် မထင်ဘူး။ နောက် ရေလုံလုံလောက်လောက် ရနိုင်လိမ့်မယ် မထင်ဘူး။

ဧရိယာကြီးက ကျယ်ဝန်းတဲ့အပြင် ချောင်းတွေမြောင်းတွေ အလွန်ပေါတဲ့ အရပ် ဖြစ်ခြင်းကြောင့် communication က သိပ်ခက်တယ်။ ဟယ်ရီကော်ပတာတွေကို ထောင်ပေါင်းများစွာ သုံးမှ ဒီလိုနေရာတွေမှာ လုပ်လို့ဖြစ်မှာ။ သင်္ဘောလေး တစင်းနှစ်စင်းနဲ့ ဟယ်ရီကော်ပတာ ဆယ့်လေးငါးစင်းလောက်နဲ့တော့ ဘယ်လိုမှ မရဘူး။ အဲဒါကြောင့် နောက်ဆက်တွဲတွေကတော့ ရောဂါထူပြောခြင်းတို့, ပြီးတော့ စိတ်ဓာတ်ကျဆင်းတာတွေ ဘာတွေ ဖြစ်လာနိုင်တယ်။ နောက်ပြီးတော့ settle မဖြစ်တဲ့အတွက်ကြောင့် ပညာရေး ကျန်းမာရေးတွေကို နောက်ထပ် စနစ်တကျ တိတိကျကျ လုပ်နိုင်ဖို့ရာအတွက် နှစ်နဲ့ချီပြီး ကြာလိမ့်မယ်လို့ ဘုန်းကြီးတော့ ထင်တယ်။

နိုင်ငံတကာက အခုရောက်ရှိထားတဲ့ ပမာဏကို ဘုန်းကြီးတို့ သတင်းတွေမှာ ဖတ်ရသလောက်၊ ရတဲ့ပမာဏနဲ့ ကြည့်ရင်ကတော့ အဲဒီ နိုင်ငံတကာ အကူညီလဲပဲ ဒီဧရိယာကြီး တခုလုံးကို မနိုင်ဘူး။ ဘုန်းကြီး ခန့်မှန်းတာပေါ့။

နိုင်ငံတကာနဲ့ နိုင်ငံတော်နဲ့ ညီအကိုလို လက်ပွန်းတတီး လက်တွဲနိုင်မှ ကောင်းမှာ။ အဲဒါ အရေးကြီးဆုံး အချက်ပဲ။

ဘုန်းကြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဧရိယာအတွင်းမှာတော့ (နိုင်ငံတကာအကူတွေ) တခုမှ မတွေ့ဘူး။ နိုင်ငံတကာက ပေးလှူတဲ့ပစ္စည်း ဘုန်းကြီး နေနေတဲ့ ဧရိယာအတွင်းမှာ၊ ရွာပေါင်း ၂၈ ရွာ မနေ့က လှူတယ်၊ တမြန်တနေ့က ဆယ်ရွာလောက်၊ ဒီကနေ့လှူဖို့ ရွာ ၃၀ လောက် စီမံထားတယ်၊ အဲဒီ လူတွေကို အကုန်ကြည့်လိုက်လို့ရှိရင် နိုင်ငံတကာက အကူအညီလဲ သူတို့ ဘာမှမရဘူး။ နိုင်ငံတကာက မပြောနဲ့ နိုင်ငံတော်က ဆန်လေး ဆေးလေးလဲပဲ သူတို့ ဘာမှ မရကြသေးဘူး။ ပုဂ္ဂလိကတွေနဲ့ ပုဂ္ဂလိကတွေ ကြုံသလိုပေးတာကို ဘုန်းကြီးလဲ ကြုံသလို ဝေပေးနေရတာပဲ။

အရေးကြီးတာကတော့ အခုန အချက်ပါ။ နိုင်ငံတော်နဲ့ နိုင်ငံတကာနဲ့ ညီအကိုဖြစ်ဖို့ သိပ်လိုနေတယ်။ ဘာသာရေး ရှုထောင့်, နိုင်ငံရေး ရှုထောင့် စသည့် အဲဒီ ရှုထောင့်တွေကို အသာလေး ဖယ်ထားပြီးတော့၊ ဒီအချိန်ဟာ ကရုဏာ ရှုထောင့်ကနေပြီး၊ ကျယ်ကျယ်ပြန့်ပြန့် မျက်စိကျယ်ကျယ် နားကျယ်ကျယ်နဲ့ ကြည့်ပြီးတော့ ဆောင်ရွက်မှသာလျှင် ဒီကိစ္စတွေဟာ အကုန်လုံး လက်တွဲနိုင်မယ့် အနေအထား ရှိမယ်လို့ ထင်တယ်။

ကရုဏာဆိုတဲ့ common platform တခု ၀ိုင်းဝန်း တည်ဆောက်ဖို့ လိုလိမ့်မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts