>
မေ ၁၃၊ ၂၀၀၈
စာပေစိစစ်ရေးက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်သတင်းများကို လွတ်လပ်စွာ ခွင့်ပြုထားပါကြောင်း စစ်အစိုးရ စာပေစိစစ်ရေး တာဝန်ခံ တင့်ဆွေက ပြောထားသည့်အတိုင်း ယခုတပတ် မုန်တိုင်းအလွန် ဂျာနယ်များတွင် မုန်တိုင်း၏ ထိခိုက်ဆိုးဝါးမှုများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ရေးသားလာကြသည်။ အစိုးရသတင်းစာများတွင် မဖော်ပြသော အပျက်အစီးများ၊ လေဘေးဒုက္ခသည်များကို ဓာတ်ပုံများ ဝေေ၀ဆာဆာ ထည့်သွင်းထားသည်ကို တွေ့ရသည်။ နမူနာအဖြစ် – သည်ဗွိုင့်စ် ဂျာနယ်နှင့် အခြား စာစောင်ကောက်နုတ်ချက်များက ဒီကနေ သွားကြည့်နိုင်ပြီ။ မိုးမခ မဂ္ဂဇင်း ဂျာနယ် ဒိုင်ဂျက်နဲ့ ဗွိုင့်ဖိုင် မှာ ကြည့်ပါ။
မေ ၁၇ – ကမ္ဘာတ၀ှမ်းတွင် မြန်မာပြည်လေဘေး ကယ်ဆယ်ရေး ဆန္ဒပြ တောင်းဆိုကြမည် (မိုးမခ)
မြန်မာပြည်တွင် မေလ ၂ ရက် က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ပျက်စီးဆုံရှုံးရသူ မြန်မာပြည်သူများထံသို့ နိုင်ငံတကာက လူသားချင်းစာနာသော ကူညီစောင့်ရှောက်မှုများ အတားအဆီးမရှိ အမြန်ဆုံး ဆောင်ရွက်နိုင်ရန် နိုင်ငံအစိုးရများ အထူးသဖြင့် စွမ်းဆောင်နိုင်သော အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်တို့၏ ဦးဆောင်မှုကို တိုက်တွန်းတောင်းဆိုသော နိုင်ငံတကာက ပြည်သူလူထု လှုပ်ရှားဆန္ဒပြပွဲများ တပြိုက်နက်တည်း ကျင်းပကြရန် ပြည်တွင်းပြည်ပက အဖွဲ့ပေါင်းစုံ၊ အမျိုးသားပေါင်းစုံက တညီတညွတ်တည်း သဘောတူလိုက်ပြီ ဖြစ်သည်။ မြန်မာအရေး ဆောင်ရွက်နေသည့် US Campaign for Burma ကလည်း ၎င်းဝက်ဆိုက်တွင် ကြေညာထားသည်။ ဒီမှာသွားကြည့်ပါ။
မေလ ၂၃ – ပြည်တွင်းပြည်ပရှိ ရဟန်းသံဃာပြည်သူတို့ ဆန္ဒပြကြရန် သာသနမောဠိတိုက်တွန်း (မိုးမခ)
ပြည်သူတို့ကို လေဘေးဒဏ်က ကယ်ဆယ်စောင့်ရှောက်ရေးတွင် ကြန့်ကြာအောင် တားဆီးနေသော စစ်အစိုးရနှင့်တကွ စစ်အာဏာရှင်စနစ်က အမြန်လွတ်မြောက်ရေးအတွက် နိုင်ငံတကာက အမြန်ဝိုင်းဝန်းဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း၊ မေလ ၂၃ တွင် ပြည်တွင်းပြည်က ရဟန်းရှင်လူတို့ တပြိုင်နက်တည်း ဆန္ဒထွက်ပြကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။ ဒီမှာ ဖတ်ကြည့်နိုင်ပြီ။
စင်္ကာပူ ပင်နီဆူလာကုန်တိုက်က မြန်မာလေဘေးအကူပစ္စည်းများ လက်မခံ (၀တ်မှုန်)
မြန်မာနှင့် စင်္ကာပူနိုင်ငံသားများက မြန်မာများစုရပ်ဖြစ်သော ပင်နီဆူလာ ကုန်တိုက်တွင် လေဘေးကူညီသည့် ပစ္စည်းများ လက်ခံလှူဒါန်းလျက်ရှိရာ ကုန်တိုက်တာဝန်ခံများက နေရာတခု သတ်မှတ်ပြီး သိုလှောင်ခွင့်ပေးထားရာမှ ယမန်နေ့ည ၁၁ နာရီတွင် ချက်ခြင်း ပြောင်းရွေ့ပေးရန် တောင်းဆိုခဲ့သဖြင့် မြန်မာ စေတနာရှင် လုပ်အားပေးများ စုဝေးပြီး လေဘေးအကူပစ္စည်းများကို နောက်တနေရာသို့ ရွေ့ပေးခဲ့ရသည် ဟု ဆိုပါသည်။ မည်သည့်အကြောင်းကြောင့် ဟု မသိရသေးပါ။ မြန်မာသံရုံး နှင့် စင်္ကာပူအစိုးရကလွဲလျင် ထိုသို့ ဖိအားပေးနိုင်သော အာဏာပိုင်မျိုး စင်္ကာပူတွင် စဉ်းစားလို့မရဟု မျက်မြင်တဦးက မှတ်ချက်ပေးသည်။