>မုန်တိုင်းနောက်ဆက်တြဲ သတင်းတိုထြာ – 13

>

မုန်တိုင်းနောက်ဆက်တွဲ သတင်းတိုထွာ ၁၃
ပြည်တွင်း ပြည်ပ သတင်းဌာနများ
မေ ၁၂၊ ၂၀၀၈

နိုင်ငံတကာက ဖြစ်သည့်နည်းဖြင့် ပြည်တွင်းသို့ ၀င်ရောက်ကူညီရန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့ကိုယ်စား မေတ္တာရပ်ခံပြီ (မိုးမခ)

အဲန်အယ်ဒီ၏ မေ ၁၀ ကြေညာချက်ကို အထက်ပါအတိုင်း ထုတ်ပြန်လိုက်သည်။ တိုင်းပြည် ဘေးအန္တရာယ်ကျရောက်နေ့သည့် အရေးပေါ် အခြေအနေတွင် စစ်အစိုးရက နိုင်ငံရေးလုပ်ငန်းစဉ်များကိုသာ ဦးစားပေးဆောင်ရွက်နေသည့်အတွက် အာဏာပိုင်တို့၏ တာဝန်ဝတ္တရားများကို လုံးဝကျေပွန်အောင် မဆောင်ရွက်နိုင်ကြောင်း၊ သို့အတွက် တိုင်းပြည်တခု၏ ပြည်သူတို့ကို ကမ္ဘာနိုင်ငံအသီးသီးက ဖြစ်သည့်နည်းဖြင့် ၀င်ရောက် ကူညီစောင့်ရှောက်ပေးကြစေလိုကြောင်း ပြည်သူတို့၏ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းလိုက်သည်ဟု ဖော်ပြထားသည်။ ဒီမှာ ဖတ်ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts