Overseas Burmese

News

အော်ရီပြည်နယ်၊ ပေါ့တလန်မြို့၊ သိရီမင်္ဂလာကျောင်းရဲ့ ၂၀၁၃ ခု၊ ဇွန်-ဇူလိုင် ဓမ္မသဘင်များ အထူးစည်ကား
မိုးမခအထောက်တော်
ဇူလိုင် ၂၅၊ ၂၀၁၃

အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သိရီမင်္ဂလာကျောင်းတိုက်မှာ ၂၀၁၃ ခု၊ ဇွန်လနဲ့ ဇူလိုင်လအတွင်း တရားအလှူများစွာပေးလှူခဲ့ပါတယ်။
၂ဝ၁၃-ခု၊ ဇွန်လ ၂၂-ရက်နေ့မှ ၂၄-ရက်နေ့ညထိ သုံးညတိုင်တိုင်  သိရီမင်္ဂလာကျောင်း၏ သြဝါဒါစရိယ ဖြစ်သော တိပိဋကဓရ၊ တိပိဋကကောဝိဒ တိပိဋကဓမ္မဘဏ္ဍာဂါရိက၊မြင်းခြံဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ဂန္ဓမာလာလင်္ကာရ၏ “တိပိဋကဂုဏပူဇာဓမ္မသဘင်”
၂ဝ၁၃-ခု၊ ဇူလိုင်လ ၁၂-ရက်နေ့မှ ၁၄-ရက်နေ့ထိ၊ “မထေရ်မြတ်တို့စကားဝိုင်း၊ အိုခြင်းရဲ့အလှ၊ ဘယ်ကျောင်းနေမလဲမောင်ရေခဲ”စသော ဓမ္မစာပေဆောင်းပါးပေါင်းများစွာတို့၏ကလောင်ရှင် ပြည်တွင်းပြည်ပ သာသနာပြု စာရေးဆရာ ၊ ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)ဆရာ တော်၏ “အိမ်တွင်းမဂ္ဂင်လူ့ကျင့်စဉ်” (၃) ရက်ဓမ္မသင်တန်း။
၂ဝ၁၃-ခု၊ ဇူလိုင်လ(၁၇)ရက်နေ့မှ ၂၁-ရက်နေ့ထိ၊ ပြည်တွင်းပြည်ပသာသနာပြု ၊ “ခင်ပွန်းကြီး၁ဝပါး ကန်တော့ခန်း” “အချိန်တိုင်းတွေးနေရင်ဘဝပြောင်းနေတယ်”စသောတရားတော်များဖြင့် လူသိများသော မိုးညှင်းသိင်္ဂီကျောင်းတိုက်  ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ”၏ သိရီမင်္ဂလာ ဝါဆိုဦး(၅)ရက် တရားစခန်း။
၂ဝ၁၃-ခု၊ ဇူလိုင်လ(၂ဝ)ရက်နေ့ညနေ၌ သာမဏေ(၅)ပါး နှင့် ဒုလ္လဘရဟန်း(၄)ပါးတို့ရှင်ပြု+ ရဟန်းခံ ပွဲမင်္ဂလာကျင်းပခြင်း။
၂ဝ၁၃-ခု၊ ဇူလိုင်လ(၂၁)ရက်၊တနင်္ဂနွေနေ့မှာ စုပေါင်းဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းကြပါတယ်။
သိရီမင်္ဂလာ ဝါဆိုဦး(၅)ရက်တရားစခန်းမှာ အောက်ပါအလှူရှင်များမှ အသီးသီးကုသိုလ်ပြုကြပါတယ်။
၁။ ဒေါ်ကျင်ရီမိသားစု
၂။ ကိုဌေးသိန်းအောင်+မအေးအေချိုမိသားစု 
၃။ ကိုရဲမာန်အောင်+မဝင်းမိသားစု
၎။ မောင်ဇော်သွယ်ဝင်း
၅။ ဒေါ်ဂရေစီမိသားစု
၆။ ကိုသက်ဌေး+မသော်မိသားစု
၇။ မစောမြတ်မော်မိသားစု
၈။ မအေးမြလှိုင်၊ မနန်းနွမ်းမို
၉။ ကိုနေမျိုး + မသင်းသင်းမိသားစု 
၁ဝ။ ဝါဆိုသင်္ကန်းဆက်ကပ်ပွဲနေ့ ဒံပေါက်အထူးကုသိုလ်ရှင် ကိုဇော်မျိုးသိန်း+မဥမ္မာသွယ်မိသားစုနှင့် သစ်သီးမျိုးစုံကုသိုလ်ရှင် ကိုကျော် စွာ + မထွေးထွေးဝင်း မိသားစု၊ ရွှေရင်အေးကုသိုလ်ရှင် ကိုဟိန်းသူရ+မဖြူဖြူမိသားစု၊
သိရီမင်္ဂလာကျောင်း ဝါဆိုဦးရှင်ပြု+ ဒုလ္လဘရဟန်းခံပွဲ၌ ရှင်+ ရဟန်းဒကာ+ဒကာမအဖြစ်ခံယူကြသည့် ပါရမီထူး ကုသိုလ်ရှင်များမှာ–
၁။ ကိုကျော်စွာ+မထွေးထွေးဝင်းမိသားစု၊ 
၂။ မဥမ္မာသွယ်မိသားစု၊ 
၃။ ကိုသန်းဝင်း+မအေးအေးနွယ် မိသားစု၊ 
၎။ ကိုဌေးသိန်းအောင်+မအေးအေးချိုမိသားစု၊ 
၅။ ကိုသက်ဌေး+မသော်မိသားစု၊ 
၆။ ဒေါ်ဂရေစီ မိသားစု။ 
၇။ ကိုသိန်းစိုး၊ မသက်ဦးမိသားစု၊ 
၎င်းအပြင် ပိုင်းလော့ဆရာတော်အတွက် လေယဉ်လက်မှတ်ကုသိုလ်ရှင် ဦးမြင့်သာမိသားစု။
ဆရာတော်များ ကြွလာသည့်အခိုက် မိမိတို့တတ်နိုင် သည့်ဘက်ကနေ ဒေသန္တရခရီးစဉ် လိုက်ပါပို့ဆောင်ကာ ဝေယျာဝစ္စကုသိုလ်များရ ယူခြင်း။  တရားအလှူပေးတော်မူကြသည် ဆရာတော်များ၏ သာသနာပြုလုပ်ငန်းအတွက် စွမ်းအားရှိသလောက်   ဝမ်းမြောက်ဝမ်းသာဒါနစသောကုသိုလ်ပါရမီများ  စုပေါင်းညီညာ တက်ညီလက်ညီဆည်းပူး အားထုတ်ကြတဲ့ ပေါ့တလန်မြို့၊ သိရီမင်္ဂလာ ကျောင်းဒကာ+ကျောင်း အမများရဲ့ ဝေဆာလှတဲ့ စေတနာ မေတ္တာများကတော့ဖြင့် တွေးလိုက်တိုင်း ကြည်နူးဝမ်းသာ ပီတိဖြာခဲ့ရလို့ သာဓုအကြိမ်ကြိမ်ခေါ်ကာ မုဒိ တာပွားလိုက်ရပါတော့တယ်….။
မှတ်ချက်။   ။ မုဒိတာပွားဘွယ်ရာ သိရီမင်္ဂလာ ဓမ္မပုံရိပ်များကို အောက်ပါလင့်များကိုကလစ်ကာ ကုသိုလ်ပွားများ နိုင်ပါကြောင်း……
၁။ သိရီမင်္ဂလာ စုပေါင်းရှင်ပြု+ရဟန်းခံ၊ ဝါဆိုဦး(၅)ရက်တရားစခန်း၊ စုပေါင်းဝါဆိုသင်္ကန်းကပ်

၂။ ဓမ္မဘေရီဆရာတော်၏ “အိမ်တွင်းမဂ္ဂင်လူ့ကျင့်စဉ်”ဓမ္မသင်တန်း

၃။ တိပိဋကဓရဆရာတော် ဘဒ္ဒန္တဂန္ဓမာလာင်္ကာရ၏ “တိပိဋကဂုဏပူဇာ”ဓမ္မသဘင်ပုံရိပ်များ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts