>The Funeral Service of Masoeyein Sayadaw proceeded accordingly

>

မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒဘိဝံသ အန္တိမ အဂ္ဂိ ဈာပနာအခမ်းအနား ပြီးစီး
မိုးမခ အထောက်တော် ၀၀၂

မေ ၅၊ ၂၀၀၈

ဧပြီလ ၂၉ က ဘ၀နတ်ထံ ပျံလွန်တော်မူသော နယူးယောက်မြို့ရောက် မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒဘိဝံသ၏ အန္တိမ အဂ္ဂိ ဈာပနာအခမ်းအနားကို ကြွရောက်လာကြသော မြန်မာရဟန်းတော်၊ သံဃာတော်များ၊ အနယ်နယ်အရပ်ရပ်က ဒကာ၊ ဒကာမများဖြင့် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ သာသနမောဠိ အဖွဲ့ချုပ် ဦးဆောင်ဆရာတော်ကြီးဖြစ်သည့်အတွက် ပီနန်ဆရာတော်ကြီး ဦးပညာဝံသ၊ လန်ဒန်မြို့ရောက် ဆရာတော် ဦးဥတ္တရနှင့်တကွ ပြည်နယ်အသီးသီးက ဆရာတော်များ လာရောက်ပြီး ဈာပနအခမ်းအနားကို ဆောင်ရွက်ပေးတော်မူသည်ကိုတွေ့ရသည်။

နိုင်ငံတကာရှိ မြန်မာများ၊ ဘုန်းတော်ကြီးကျောင်းများကလည်း ၎င်းတို့ရောက်ရှိနေရာ ဒေသများတွင်ပင် ဆရာတော်ကြီး၏ ဈာပနာကို ရည်မှန်းပူဇော်သော အလှူကုသိုလ်ပြုပွဲများ ကျင်းပကြကြောင်း သိရှိရသည်။ ဂျပန် မိုးသောက်ကြယ် စာဖတ်အသင်းက မေလ ၅ ရကိနေ့တွင် ဆွမ်းကပ်တရားနာခဲ့ကြသည်ဟု ဆိုသည်။ ဆန်ဖရန်စစ္စကို ဘေးဧရိယာရောက် မြန်မာမိသားစုများကလည်း မေလ ၃ ရက်နေ့က မေတ္တာနန္ဒ၀ိဟာရ ကျောင်းတိုက်တွင် ဆွမ်းအလှူ ကျင်းပခဲ့သည်။ မူလက စီစဉ်ထားသော ကွယ်လွန်သူ လူထုဒေါ်အမာ နှင့် ကြေးမုံဦးသောင်းကို ရည်စူးသည့် ဆွမ်းကျွေးအစီအစဉ်တွင် ဆရာတော်ဘုရားကြီးအတွက်ပါ ရည်စူးပြီး ကောင်းမှုကုသိုလ်များ ဆောင်ရွက်ကြသည်ဟု သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts