>မုန်တိုင်းအောက်ကူမန်မာူပည်၊ အင်တာနက်ပေၞက မုန်တိုင်း၊ သတင်းစာပေၞက မုန်တိုင်း

>

မုန်တိုင်းအောက်က မြန်မာပြည်၊ အင်တာနက်ပေါ်က မုန်တိုင်းနှင့် သတင်းစာပေါ်က မုန်တိုင်း

စာဖတ်သူတဦး
မေ ၅၊ ၂၀၀၈

မေ ၂ ရက် ည ၁၂ နာရီလောက် လေပြင်းစတိုက်တယ်။ နောက်နေ့ နေ့လည် ၁၁ နာရီလောက်မှ လေငြိမ်သွားတယ်။ တိုက်တွေပေါ်က satellite dishes တွေ၊ TV antenna တွေ ပြုတ်ကျတယ် ၊ သွတ်တွေကွာပြီး လွင့်တယ်၊ သစ်ပင်အကြီးတွေ လဲတယ်၊ အပင်တွေနဲ့ချိတ်ပြီး ဓါတ်တိုင်၊ telephone တိုင်၊ optical fiber တိုင်တွေပါလဲကုန်တယ် ။

ဓါတ်တိုင်တွေလဲလို့ မီးပေးလို့မရတော့ဘူး၊ မီးမရတော့ ရေလည်းမရတော့ဘူး ၊ မြို့စွန်တွေမှာတော့ ရေလှည်းတွေနဲ့ အလုပ်ဖြစ်နေတုန်းပဲ၊ အထပ်မြင့်တိုက်အိမ်တွေမှာတော့ တဦးချင်းပိုင် generator, compressors တွေသုံးပြီး ရေတင်နေကြတယ်၊ သွပ်၊သံ၊ဓါတ်ဆီတွေ ဈေးတက်ကုန်ပြီ ၊ တဂါလံ တသောင်းအထိဖြစ်သွားတယ် ၊ ပထမ ဆီဆိုင်က pump compressor တွေလျှပ်စစ်မရှိလို့ ဆီမပေးနိုင်ဘူး ၊ ပုဂ္ဂလိကကားတွေ ကြားကားဆွဲတယ် ၊ ၅၀၀၊ ၁၀၀၀ ကျပ်ပေးရတယ် ။

တော်တော်များများ Phone exchangeတွေ ပြန်အလုပ်လုပ်ပြီ ၊ ဒါပေမယ့် handset တွေ charging ကုန်လို့ ခေါ်လို့မရဘူး။ internet “sea-we-me” backbone အတက်စခန်း ပျက်သွားပြီ ကြားတယ် ၊ link အသစ်တခု ကို Bagan Cybertech ကနေ “sea-we-me” တိုက်ရိုက်ချိတ်ပြီး ပြန်တက်ဖို့ လုပ်နေပြီ ။

လမ်းပိတ်နေတဲ့ အပင်တွေကို ကိုယ်ထူကိုယ်ထနဲ့ ၊ အဓိက ဘုန်းကြီးတွေ ဦးဆောင်ပြီး လွှတွေ၊ ဓါးမတွေ၊ရဲဒင်းတွေနဲ့ ဖြတ်ပေမယ့် heavy machinery တွေ ၊ chain saw လို power tools တွေမရှိလို့ သိပ်မတွင်ဘူး ။ လဲနေတဲ့ သစ်ပင်တွေနဲ့ ပိတ်နေတဲ့ လမ်းတွေ ကို အားလုံး ကြိုးစားပြီး ရှင်းလို့ ပထမ တလမ်းသွား ၊ နောက် နှစ်လမ်းသွား တဖြည်းဖြည်းချင်း ပြန်ဖြစ်လာပြီ ။

မီးတွေမရှိလို့ ညမှာ တမြို့လုံးမှောင်နေရက အခု ညဘက်ဖွင့်တဲ့ ဆိုင်တွေကြောင့် နည်းနည်းပြန်လင်းလာပြီ ။ မြို့ထဲမှာ “သိကြားမင်း မဲပေးသွားတာ” လို့ နောက်နေကြတယ်။

TV မှာ မိုင် ၅၀ အထိလေပြင်းတိုက်မယ်လို့လည်း ပြောတယ် ၊ အားပျော့ ပျက်ပြယ်သွားပြီလို့ ကြေငြာသွားသေးတယ် ဆိုတော့ လျော့တွက်မိသွားတယ် ။ မုန်တိုင်းစဲသွားမှ GSM တွေကို MPT နာမည်နဲ့ နောက်တခေါက် တိုက်ဦးမယ်ဆိုပြီး SMS ပို့လို့ လူတွေလန့်ကုန်တယ် ။ အဓိက ကတော့ information အတိအကျ မရတာရယ် ၊ ဘာတွေကို ပြင်ဆင်ရမယ်လို့ လုံးဝ alert မလုပ်ခဲ့ တာရယ်ကြောင့် အတော်အီစိမ့်သွားတယ်။

အစိုးရ သတင်းစာများက ကြေညာချက်ကို အခုလို ကောက်နုတ်ပြီး တင်ပြလိုက်ပါတယ်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts