>မုန်တိုင်းအောက်ကူမန်မာူပည်၊ သင့်ကို အလိုရြိသည်

>

မုန်တိုင်းအောက်က မြန်မာပြည်၊ သင့်ကို အလိုရှိသည်
စိုင်းမွန်

မေ ၄၊ ၂၀၀၈

မုန်တိုင်းဝင်တာဗျာ၊ သစ်ပင်လဲတာတို့၊ ခေါင်မိုးတွေလှန်မှာတို့၊ ရေကြီးတာတွေ၊ လမ်းတွေပျက်စီးမှာတွေ၊ ရောဂါတွေ ၀င်လာမှာတွေက ဖြစ်ကိုဖြစ်မှာ၊ ဒါတွေကို ဘယ်လို
ပျက်စီးမှုအနည်းဆုံးဖြစ်နိုင်အောင် လုပ်ဆောင်ကာကွယ်လို့ရတယ် ဆိုတာလည်း တိုးတက်လာသောခေတ်နဲ့အညီ ရှိနေကြပါတယ်။

မုန်တိုင်းမ၀င်ခင် ၄၈နာရီလောက်ကို ( ၃၆နာရီတော့ ) ကောင်းကောင်းအချိန်ရလိုက်ပါတယ်။ ဘာမှ ကြိုမပြင်ခဲ့ကြပါ။ အခုတော့ မုန်တိုင်း ၀င်ပြီးသွားပါပြီ။ အခု ကျနော်တို့တတွေ ၀ိုင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆောင်ရွက်ကြရပါတော့မယ်။ သတင်းတွေ ပို့ကြရပါမယ်။ အကူအညီတွေ ပေးကြရပါတော့မယ်။ နားစွင့်ကြ။ လက်ဆင့်ကမ်းကြစေလိုပါတယ်။

ပြည်ပက အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကလည်း ကုလအဖွဲ့၊ ကြက်ခြေနီအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ အစီအစဉ်တွေကို လေ့လာပြီး ၀ိုင်းဝန်းပေးကြပါ။ ပြည်တွင်းက ဆွေမျိုးမိဘတွေ မိတ်ဆွေတွေ အဆင့်ဆင့် အကူအညီပေးကြပါ။

စစ်အစိုးရဟာ မြန်မာပြည်ကို ဘယ်မုန်တိုင်းဒဏ်ကမှ ကာကွယ်မပေးနိုင်တာ ထင်ရှားသွားပါပြီ။ သူတို့တွေရဲ့ အခန်းကဏ္ဍသည် မြန်မာပြည်သူတွေအတွက် ဘယ်နေရာမှာမှ မရှိတာကို အခု မုန်တိုင်းအောက်က မြန်မာပြည်သူအချင်းချင်း လက်ချင်းချိတ် ဖောက်ထွက်ခြင်းဖြင့် သက်သေပြကြပါစို့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts