>စန်ြရဲ – ဆန်မြာလား၊ စိုံ်မြာလား

>

ဆန်မှာလား စုန်မှာလား
စွန်ရဲ

မေ ၁၊ ၂၀၀၈

ရေကိုဆန်ဖို့ မင်း မောနေရင်
ရေစုန်မှာပဲ မင်း လိုက်တော့မလား။

အမိုက်ဆုံး ခေတ် အမှောင်ဆုံး ခေတ်ထဲ
ပညာသင်ရင်း လမ်း ပျောက်ခဲ့တော့
ရိုးသားရင်း နစ်သထက် နစ်တော့
ကြိုးစားရင်း ရှုံးသထက် ရှုံးတော့
ဆန်ရင်း တက်ကျိုးခဲ့တော့ …

မင်းကောင်းစားဖို့ ဒီလူလို ညာတော့မလား
မင်းကြီးပွားဖို့ သူ့စကား နားထောင်မလား
မင်းဝမ်းဝဖို့ ဒီအသင်းထဲ ၀င်မလား
မင်းတက်ဖို့ လူတွေကို ငရဲပေးမလား
မင်းအနာဂတ်ကို ငတေမာနဲ့ လဲမလား။

ခေတ်ကို ဆန်ရင်း မင်း နစ်နေရင်
ခေတ်ကို စုန်ရင်း မင်း လိုက်တော့မလား။

(၂၃ April 2008)

Illustration Art Work by – Misha Gordin (internet) – http://www.bsimple.com/home.htm


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts