>ဓနုတ်စေတီတော်

>

တွံတေး တဖက်ကမ်းရှိ ဓနုတ်စေတီတော် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရာ အလှူခံများလိုအပ်နေ

မိုးမခ အထောက်တော် ၀၀၃
ဧပြီ ၂၈၊ ၂၀၀၈

ယခုရက်သတ္တပတ် သင်္ကြန်အတာပွဲများအပြီး မြန်မာနှစ်သစ် ကောင်းမှုကုသိုလ်ပွဲများ နံမည်ကြီး စေတီဘုရားတို့တွင် လူအများဖြင့် ခြိမ့်ခြိမ့်သဲကျင်းပနေချိန် ရန်ကုန်မြို့အနီး တွံတေးမြို့ရှိ ဓနုတ်စေတီတော်မှာ ၂၀၀၆ ခုနှစ်ကတည်းက သဘာဝဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး ယခုအချိန်အထိ ၀ိုင်းဝန်းလှူဒါန်းမည့် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း သိရသည်။ ယခင်က ဓနုတ်ဘုရားပွဲတော်မှာ ထင်ရှားခဲ့ပြီး အနယ်နယ်က ဘုရားဖူးများက ရန်ကုန်မှတဆင့် တွံတေးဖက်သို့ သဘောင်္ဖြင့်ကူး လည်ပတ်လေ့ရှိသည်ဟုဆိုသည်။

မြန်မာပြည်တွင် အထွေထွေစီးပွားရေး နိုင်ငံရေးအကြပ်အတည်းများဖြင့် ရင်ဆိုင်နေကြရသည်မှာ ကြာပြီဖြစ်ရာပြည်သူတို့မှာ စစ်အစိုးရကို အားမကိုးဘဲ ကိုယ်ထူကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုးပြီး သာရေး၊ နာရေး၊ လူမှုရေး၊ ဘာသာရေးလုပ်ငန်းများကို ဆောင်ရွက်နေကြရသည်မှာ ကြာပြီဖြစ်ကြောင်း၊ သင်္ကြန်အပြီး နှစ်သစ်ကူး အလှူများ၊ စတုဒိသာပွဲများကို ရပ်ကွက်များ၊ လုပ်ငန်းရှင်များက ကိုယ့်အစီအစဉ်နှင့်ကိုယ် လှူဒါန်းကြရာ လူအများဖြင့် စည်ကားလှသည်ကိုတွေ့နိုင်ကြောင်း သတင်းဓာတ်ပုံရိုက်ကူးသူများက မှတ်ချက်ပေးသွားပါသည်။

(ဓာတ်ပုံမှာ – ဓနုတ်စေတီရင်ပြင်က အလှူခံဆိုင်းဘုတ်များ၊ ယခု စနေ တနင်္ဂနွေက ရွှေတိဂုံရင်ပြင်က ဘုရားဖူးများ၊ ဒန်ပေါက် စတုဒိသာပြုနေသည့် သတင်းဂျာနယ်တခု ဖြတ်ပိုင်း ကောက်နုတ်ချက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts