>ဂဵပန်ရောက်ူမန်မာတြေ မဲပေးဖိုႚုကြိးစားခဲ့

>


ဂျပန်ရောက် မြန်မာတွေ ဆန္ဒမဲပေးဖို့ ကြိုးစားခဲ့
မိုးသောက်ကြယ်

ဧပြီ ၂၆၊ ၂၀၀၈

ဂျပန်နိုင်ငံမှာ ယနေ့ (ဧပြီလ ၂၆ ရက်၊ စနေနေ့) က စစ်အစိုးရ အခြေခံဥပဒေ ဆန္ဒခံယူပွဲအတွက် ကြိုတင်မဲပေးသည့် အစီအစဉ်ကို စတင်ပါတယ်။ ဆန္ဒမဲပေးမယ့် ဂျပန်ရောက် မြန်မာဟာ နံနက် ၈ နာရီမထိုးခင်ကတည်းက သံရုံးရှေ့မှာ တန်းစီစောင့်ဆိုင်းပါတယ်။ မြန်မာနိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားကြပြီး တချို့ကလည်း အမျိုးသားမှတ်ပုံတင်ကဒ်များပါ ကိုင်ဆောင်ထား ကြပါတယ်။

စောင့်ဆိုင်းနေကြသူများအားလုံးဟာ ‘NO’ စာတမ်းပါ တီရှပ်အင်္ကျီများ ၀တ်ဆင်ထားကြပြီး တချို့ကလည်း ‘NO’ ဆိုတဲ့ စာလုံးကို မိမိတို့ရဲ့ ရင်ဘတ်များမှာ ကပ်ထားကြပါတယ်။ အမှန်တကယ်မဲပေးမယ့်အချိန်မှာ သံရုံးတံခါးကို ဆက်လက်ပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်စောင့်ရင်းနဲ့ ‘ပြန်‘ဆိုတဲ့ အမိန့်ရလို့ လှည့်ပြန်ကုန်ကြသော စာအုပ်အစိမ်း (အစိုးရ၀န်ထမ်းကိုင် နိုင်ငံကူးလက်မှတ်) ကိုင်ထားသူများ

ဖိတ်စာရလို့ နယ်ကနေလာကြတဲ့ ကျောင်းသား ကျောင်းသူများနဲ့၊ နိုင်ငံကူးလက်မှတ်အစိမ်းရောင် စာအုပ် ကိုင်ဆောင်ထားကြသော ပညာတော်သင်နှင့် အလုပ်သင်များက ဖုန်းနှင့်ဆက်သွယ်မေးမြန်းကြပေမယ့် တချို့လူများကိုတော့ မနက်ဖြန် (တနင်္ဂနွေနေ့)မှ လာဖို့ ပြန်လည် ဖြေကြားတယ်လို့လည်း ကျောင်းသူတဦးက ရှင်းပြလို့သိရပါတယ်။

ကားပေါ်တွင် ထောက်ခံမဲပေးခိုင်းသည့် စနစ်

နောက်ဆုံးသိရသော သတင်းများအရ သံရုံးက ခရီးသည်တင် ဘတ်စ်ကား ၂ စင်းထုတ်ပြီး ကားပေါ်တွင်မဲပုံးထောင်၍ မဲပေးခိုင်းကြောင်း သိရှိရပါတယ်။

(သတင်းမှတ်တမ်းဓါတ်ပုံများ ပေးပို့သော မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများအဖွဲ့မှ ဦးသန်းဝင်း ကို ကျေးဇူးတင်ပါကြောင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts