>ဂဵပန္ကူမန်မာရေးရာ သတင်းတိုထြာ – မိုးသောက်ုကယ်

>

ဂျပန်နိုင်ငံသို့ရောက်ရှိလာတဲ့ တရုတ်အိုလံပစ် မီးရှူးတိုင် ဂျပန်ရဲများ ၀န်းရံထား
ဂျပန်က မြန်မာသံရုံးက မဲရုံရှေ့ ဂျပန်ရောက် မြန်မာများ ကန့်ကွက်

မိုးသောက်ကြယ်
ဧပြီ ၂၅၊ ၂၀၀၈


တိဗက်ဘုန်းတော်ကြီးများကို အကြမ်းဖက် သတ်ဖြတ် နှိမ်နှင်းမှုကြောင့် ရောက်လေရာနိုင်ငံတိုင်းတွင် တရုတ်ပြည်ကိုယ်စား ဆန္ဒပြကန့်ကွက်ခြင်းခံနေရတဲ့ အိုလံပစ်မီးရှူးတိုင် ဂျပန်နိုင်ငံသို့ ယနေ့ (ဧပြီလ ၂၅ ရက်) ညနေပိုင်းက ရောက်ရှိလာပြီဖြစ်ပါတယ်။

ဂျပန်ရဲများထူထပ်စွာကာရံထားတဲ့ မီးရှူးတိုင်ကို ဟာနေဒါလေဆိပ်မှတဆင့် နာဂါနိုမြို့သို့ တိုက်ရိုက်သယ်ဆောင်သွားပြီး အင်္ကျီအပြာဝတ် တရုတ်လက်ရွေးစင်လုံခြုံရေးသမားများက ငြိမ်သက်စွာလက်ပိုက်ကြည့်နေရပါ တယ်။

နာဂါနိုမြို့မှာတော့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အစည်းနှင့် ဂျပန်နိုင်ငံရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများက တိဗက်နိုင်ငံအလံများကိုင်ဆောင်ကာ လှည့်လည်ဆန္ဒပြလျက်ရှိပါတယ်။

တရုတ် အိုလံပစ်မီးရှူးတိုင်ကို နာဂါနိုမြို့ရှိ ဇန်ကိုဂျီကျောင်းတော်(Zenkoji Temple)မှ စတင်ထွက်ခွာရမှာဖြစ်သော်လည်း ဘုန်းတော်ကြီးများမှ လက်မခံတဲ့အတွက် အနီးအနားရှိ ပန်းခြံလေးတခုမှ စတင်ထွက်ခွာမှာဖြစ်ပါတယ်။

နာဂါနိုမြို့တွင်းသို့ လှည့်လည်စဉ် လုံခြုံရေးအရဟုဆိုကာ ရာနှင့်ချီသောဂျပန်ရဲများက ၀ဲယာနှစ်ဘက်မှ ကာရံထားမှာဖြစ်တဲ့အတွက် မီးရှူးတိုင်ကို ဘယ်သူကိုင်လို့ ဘယ်လိုလှည့်လည်ဆိုတာကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ အဲဒီအတွက်ကြောင့် မြို့ခံပြည်သူများကလည်း အချိန်ကုန်ခံပြီး အားပေးကြည့်ရှုဖို့အစီအစဉ်မရှိဘူးလို့ ဂျပန်တီဗွီသတင်းဌာနတွေရဲ့မေးမြန်းမှုများကို အခုလိုတုံ့ပြန်ပြောဆိုပါတယ်။

နအဖရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပေးဖို့ကို ဧပြီလ ၂၆ ရက် (စနေနေ့) နှင့် ၂၇ ရက်(တနင်္ဂနွေနေ့)များတွင် နံနက် ၈း၃၀ နာရီမှ ညနေ ၆း၃၀ နာရီအထိ ၂ ရက်ဆက်တိုက် နအဖသံရုံးမှာ ပြုလုပ်မှာဖြစ်ပါတယ်။

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီရေးလုပ်ဆောင်နေသူများက နေ့စဉ်ရက်ဆက် ကန့်ကွက်ဆန္ဒပြနေကြတဲ့အတွက် မဲဆန္ဒပေးဖို့ ဖိတ်စာပို့ထားတဲ့သူများကို မအားလို့ မလာနိုင်ရင်လည်း ကိစ္စမရှိကြောင်းနှင့် ဆန္ဒရှိလျင် တယ်လီဖုန်းထဲကနေ၍ မဲပေးနိုင်ကြောင်း သံရုံးက အကြောင်းကြားနေတယ်လို့ ဖိတ်စာပို့ခြင်းခံထားရသူအချို့ဆီက ကြားသိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts