>သီးလေးသီးနဲႚ ဆေးရောင်စုံ အဴငိမ့္အဖၾႚဲဴပဇာတ္တိုမဵား ဇာတ်တိုက်

>

သီးလေးသီးနဲ့ ဆေးရောင်စုံ အငြိမ့်အဖွဲ့ ပြဇာတ်တိုများ ဇာတ်တိုက်
မိုးမခ အထောက်တော် ၀၀၃

ဧပြီ ၂၃၊ ၂၀၀၈

ဧပြီလဆန်းပိုင်းက စင်္ကာပူနိုင်ငံကို သွားရောက် ကပြဖျော်ဖြေခဲ့တဲ့ သီးလေးသီးနဲ့ ဆေးရောင်စုံအဖွဲ့သားတွေ ယခုအချိန်မှာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေပါတယ်။ ရောက်ရှိနေတဲ့ မြို့ပတ်ဝန်းကျင်က ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအတွက် သင်္ကြန်နှစ်ကူး ကာလပိုင်းတုန်းက ကပြ ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

ပြည်ပရောက် မြန်မာတွေအချို့က သံရုံးတွေမှာ ဆန္ဒမဲပေးဖို့ ပြင်ဆင်နေကြချိန်မှာ ယခုလို ထိုင်းနိုင်ငံနယ်စပ်ကို ဖြတ်ကျော်ရောက်ရှိလာတဲ့ မဲဆန္ဒပေးခွင့် မရှိကြတဲ့ မြန်မာအလုပ်သမားတွေ၊ မိသားစုတွေအတွက် အနုပညာရှင်တွေအနေနဲ့ သူတို့ရဲ့ ခံစားချက်ထပ်တူ ထုတ်ဖော်ပြသတဲ့ သူတောင်းစား ဆန္ဒခံယူပွဲတို့၊ ခေတ် စနစ်ကို သရော်တဲ့ ပြဇာတ်တို့ ကပြပြီး သူတို့ရဲ့ ဘ၀အမောတွေ ဖြေပေးနိုင်တာ၊ သူတို့ပင်ပန်းနေတာတွေကို အနုပညာနဲ့ လန်းဆန်းအောင် လုပ်ပေးနိုင်တာတွေအတွက် အများကြီး ၀မ်းသာရပါတယ်လို့ အဖွဲ့ခေါင်းဆောင် ကိုဂေါ်ဇီလာက ပြောပြပါတယ်။

အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနဲ့ ဥရောပနိုင်ငံတွေက မြန်မာမိသားစုတွေ ဖိတ်ကြားထားတဲ့အတိုင်း သွားရောက် ကပြနိုင်ဖို့ စောင့်ဆိုင်းနေချိန်မှာ ပြဇာတ်တိုလေးတွေ ပြင်ဆင်ပြီး ဇာတ်တိုက်နေကြတယ်၊ ဇာတ်ညွှန်းအသစ်တွေ ရေးနေကြတယ်လို့ သိရပါတယ်။ ပြည်ပက မြန်မာရုပ်မြင်သံကြား အစီအစဉ်တွေက တဆင့် သူတို့ရဲ့ ပြဇာတ်တိုလေးတွေကို ပြည်တွင်းက မြန်မာပရိသတ်ကလည်း စောင့်မျှော်ကြည့်ရှု အားပေးနိုင်ကြလိမ့်မှာကို မျှော်လင့်တယ်လို့ ဆိုပါတယ်။

အမေရိကန်ရုပ်ရှင်တွေမှာ “ကင်းကောင်” တို့ “ဂေါ်ဇီလာ”တို့ ရှိပြီးသား၊ ရင်းနှီးပြီးသားဖြစ်တဲ့အတွက် မြန်မာပြည်က “ဂေါ်ဇီလာ”ကို အမေရိကန်တွေက အားပေးကြမှာပါလို့ ပရိသတ်တဦးက စာပို့ထားပါတယ်။ မြန်မာပြည်က သီးလေးသီးဖြစ်တဲ့ စိန်သီး၊ ကြယ်သီး၊ ပန်းသီးနဲ့ ဇီးသီးတို့တတွေဟာလည်း အမေရိကန်က တားမြစ်ပိတ်ဆို့ထားတဲ့ သွင်းကုန်စာရင်းထဲမှာ ပါမယ့်ပုံ မရှိပါဘူးလို့လည်း စာဖတ်သူက အရွှန်းဖောက်ထားပါသေးတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts