>ုသရသ –ုကက်ေူခခတ်

>

ကြက်ခြေခတ်
သြရသ

ဧပြီ ၂၃၊ ၂၀၀၈

လျှပ်စစ်မီးဖိုက

အသက်ရှုရပ်နေ။

မီးသဂြိုလ်ထားတဲ့

သစ်ပင်အသေတွေက

ရဲရဲတောက်လို့။

ငါကတော့ …

ရက်စွဲလွန် ထမင်းကြမ်းတွေကို

ပြန်လည် အသက်သွင်း

လည်ပင်းထဲ ဇွတ်ထည့်။

အိမ်ရှင်မ ဈေးဖိုး

မျက်စောင်းထိုး လက်မဖြန့်ခင် …

ကျေးဇူးရှင်ကလေးတွေ အိပ်ရာနိုး

မုန့်ဖိုး၊ မုန့်ဖိုးလို့ မအော်ခင် …

တိုးတိတ် ထွက်ခွာ။

ဒဏ်ရာပေါင်းများစွာနဲ့

၅၀ တန် တရွက် …

ငါ့လက်မှာ အသက်မထွက်ခင်

ရော့ … စပယ်ယာ …

မဲရုံရောက်ရင် ဆင်းမယ်

ခတ်တင်းတင်းပေါ့။

မဲလက်မှတ်မှာ

ကြက်ခြေခတ်။

မဲရုံမှူးကို ကြက်ခြေခတ် …

မဲရုံစောင့်ကို ကြက်ခြေခတ် …

မဲပုံးထောင်သူကို ကြက်ခြေခတ် …

ကောင်းကင်ပေါ်မှာ ကြက်ခြေခတ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts