>Chinese Security not necessary in Japan at China Olympic Torch Tour

>

တရုတ်အိုလံပစ် မီးရှူးတိုင် ဂျပန်မှာ တရုတ်လုံခြုံရေးမလိုဟု ပြော

မိုးသောက်ကြယ် (JAPAN TODAY NEWS)

ဧပြီ ၂၀၊ ၂၀၀၈

တရုတ်အိုလံပစ်မီးရှူးတိုင်ကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်အစိုးရမှ လက်ရွေးစင်ရွေးချယ်သတ်မှတ်ပေးထားတဲ့ တရုတ်လုံခြုံရေးသမားများကို နာဂါနိုမြို့ရှိ ရဲတပ်ဝင်များက လက်ခံမှာမဟုတ်ကြောင်း ဧပြီလ ၁၉ ရက် (စနေနေ့) က ပြောကြားလိုက်ပါတယ်။

ဒါဇင်နဲ့ချီရှိသော အပြာရောင်ဝတ်စုံအင်္ကျီကို တူညီဝတ်ဆင်ထားတဲ့ တရုတ်အိုလံပစ်မီးရှူးတိုင် ကာကွယ်သူများ မှာ လုပ်ပိုင်ခွင့်ထက်ကျော်၍ နိုင်ငံတနိုင်ငံ၏လုံခြုံရေးကို ကျူးလွန်တယ်လို့ ယူဆတဲ့အတွက် လာရောက်ကြည့်ရှုကြမယ့် ဂျပန်ပြည်သူများဟာ အားပေးရာမရောက်ဘဲ ဝေဖန်ကဲ့ရဲ့မှာဖြစ်မည်ကို မလိုလားတဲ့ အခုလိုတားမြစ်လိုက်ရခြင်းဖြစ်ကြောင်းလည်း ဆိုပါတယ်။

ဂျပန်အစိုးရရဲ့ နံပါတ် ၂ အဆင့်ရှိသူလည်းဖြစ် ပြောရေးဆိုခွင့်ရှိသူတဦးလည်းဖြစ်သော ၀န်ကြီးများရုံး ၀န်ကြီး နောဘုနာကာမချီမူရ (Chief Cabinet Secretary Nobutaka Machimura) ကလည်း –

” ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးများဟာ ဥပဒေကို နားလည်ကြသူများဖြစ်ပြီး၊ အိုလံပစ်ပွဲတော်ကိုလည်း ၂ ကြိမ်တိုင်တိုင် ကျင်းပခဲ့တဲ့နိုင်ငံတခုဖြစ်ကြောင်း၊ လာမယ့် ၂၀၁၆ တွင်လည်း အိမ်ရှင်နိုင်ငံအဖြစ် နောက်တကြိမ် ထပ်မံကျင်းပမှာဖြစ်ကြောင်း၊ လုံခြုံရေးအကြောင်းပြချက်နဲ့ တခြားနိုင်ငံမှ ၀င်ရောက်စွက်ဖက်တာကို လက်ခံမှာ မဟုတ်ကြောင်း

ကိုလည်း ဧပြီလ ၁၇ ရက် (ကြာသာပတေးနေ့) ကပြောဆိုထားပါသေးတယ်။

ဧပြီလ ၂၆ ရက်နေ့ကျရင် အိုလံပစ်မီးရှူးတိုင် ဂျပန်နိုင်ငံသို့ ဖြတ်သန်းမယ့်ကိစ္စအပေါ် နာဂါနိုမြို့ရှိ အထင်ကရဘုရားကျောင်းနှင့် ဘုန်းတော်ကြီးများက လက်ခံကြိုဆိုဖို့ ငြင်းဆိုထားပြီး၊ ဂျပန်ပြည်သူအများစုက ၀မ်းပန်းတသာကြိုဆိုတဲ့ အသွင်သဏ္ဍန်မပြသေးဘဲ တိဗက်ဘုန်းတော်ကြီးများအကြမ်းဖက်နှိပ်စက်ခံနေရမှု၊ အိုလံပစ်မီးရှူးတိုင်ကို နိုင်ငံတကာမှ ဆန့်ကျင်ကန့်ကွက်နေမှုများကိုသာ ဂျပန်တီဗွီဌာနများနှင့် သတင်းစာများမှာ နေ့စဉ်လိုလို အသားပေးဖော်ပြနေပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts