>တရုတ်အိုလံပစ်အောင်ပြဲသည် အာဏာရင်ြတိုႚ အောင်ပြဲ

>

တရုတ်အိုလံပစ်အောင်ပွဲသည် အာဏာရှင်တို့်အောင်ပွဲ
မိုးမခ ၀င်း

ဧပြီ ၁၄၊ ၂၀၀၈

အာဏာရှင်တွေဟာ သူတို့အုပ်ချူပ်ချင်သလိုအုပ်ချူပ်ရုံမက သတ်ဖြတ်ချင်သလို သတ်ဖြတ၊် ဖမ်းဆီးမူတွေကိုလည်း ဥပဒေမဲ့လုပ်နေတာနဲ့ အားမရသေးဘူး၊ သူတို့ကျင်းပတဲ့ ပွဲလမ်းသဘင်တွေကိုလည်း ပြည်သူလူထုကို အားပေးခိုင်းနေပါတယ်။

ကမ္ဘာမှာ အာဏာရှင်စနစ်ကျဆုံးမှာလား၊ အာဏာရှင်တွေ အောင်ပွဲခံမှာလား ဆိုတာကို အခုကြည့်နေကြရပြီ။ တရုတ်အိုလံပစ်သာ အောင်မြင်သွားရင် အာဏာရှင်တွေဟာ ကမ္ဘာမှာအောင်မြင်ပြီဆိုတဲ့ အချက်ကို လက်မခံချင်ပေမယ့်လည်း လက်ခံကြရတော့မယ်။ လက်နက်မကိုင်တဲ့ လက်နက်မဲ့ ဒီမိုကရေစီကိုလိုလားသူတွေရဲ့ လမ်းစဟာ ဒီလိုနဲ့ ပျောက်ဆုံးသွားကြရမှာလား။

မြန်မာပြည်မှာ ရဟန်းသံယာတော်တွေကို တခါမှမကျူးလွန်ခဲ့ဘူးတဲ့ သွေးမြေကျအောင် စော်ကားမူကိုပြုလုပ်ခဲ့တာ တရုတ်ကြောင့်ပါပဲ။ သူတို့လက်နဲ့လာပြီး သတ်ဘိသကဲ့သို့ မြန်မာရဟန်းတော်တွေကို စော်ကားမှုပြုလုပ်ရဲအောင် လုပ်ခဲ့တာ တရုတ်ပါပဲ။ မြန်မာစစ်အစိုးရကို ဒီလိုအမှုမျိုးကို ကျူးလွန်ရဲအောင် သွေးထိုးပေးခဲ့၊ အားပေးခဲ့၊ လူသတ်မူ ဖမ်းဆီးမှုများကို လုပ်ခိုင်း ကျူးလွန်ခိုင်းခဲ့တာ တရုတ်ပါပဲ။

အကယ်၍သာ တရုတ်အိုလံပစ်သာ အောင်မြင်သွားမယ်ဆိုရင် စစ်အစိုးရလည်း ပိုပြီး လက်မထောင်မယ်။ ကမ္ဘာမှာ အာဏာရှင်စနစ်က ပိုပြီး လက်ရဲဇက်ရဲဖြစ်လာမယ်။ လက်နက်မဲ့ပြည်သူတွေ ပိုပြီး အနှိပ်စက်ခံကြရတော့မယ်။

တကယ်တော့ ကမ္ဘာနိုင်ငံအသီးသီးက ဒီမိုကရေစီလိုလားပါတယ်လို့ အော်နေတဲ့နိုင်ငံကြီးတွေဟာ တကယ့်အရေးကြတော့ တကယ်ပဲ ဒီမိုကရေစီဘက်က လိုက်ပါရဲ့လားဆိုတာ ကြည့်ကြရတော့မယ်။ အခုသူတို့အော်နေကြတာတွေတကယ်ပဲလားဆိုတာ မျက်မြင်တွေ့ကြရတော့မှာ ဖြစ်ပါတယ်။

စီးပွားရေးသမားများဟာလည်း သူတို့ရဲ့အကျိုးစီးပွားတွေ မထိသေးသ၍၊ တရုတ်အိုလံပစ်ကို အားပေးဖို့ အဆင်သင့်ဖြစ်နေကြတာ တွေ့ကြရတယ်။ နောင်တနေ့ကျမှ တရုတ်ကို ငါတို့ဟာ လူသတ်လက်နက်တပ်ပေးလိုက်သလိုဖြစ်ခဲ့ပါပေါ့လို့ နောင်တရရင် အချိန်တွေဟာ နောက်ကျသွားပြီဆိုတာ သိကြရမယ်။

ကျမတို့မြန်မာပြည်သူပြည်သားအပေါင်းကတော့ ရတနာသုံးပါးကို ဒိုင်းသဖွယ်ကာရံပြီး ဗုဒ္ဓရဲ့အဆုံးအမကို အမိုးသဖွယ်ထားလို့ ဟောဒီ တရုတ်အိုလံပစ်သတင်းကို စောင့်မျှော်ကြည့်ရင်း မျှော်လင့်လျက်ရှိကြောင်းပါ။ ဒီအခွင့်အရေးကိုဖြင့် လက်လွှတ်မခံဘဲနဲ့ တရုတ်အိုလံပစ်သပိတ်မှောက်ပွဲတွေ အောင်မြင်ဖို့ ဆုတောင်းနေကြရပါပြီ။ မြန်မာပြည်သူပြည်သားအပေါင်း ဘေးအန္တရယ်အသွယ်သွယ်ကို သတိနှင့်ယှဉ်ကာ တွန်းလှန်သွားနိုင်ကြပါစေသတည်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts