>စကားလက်ဆုံ – အေသိန်း၊ အောင်ဝေး နဲႚ ကမ်ုးကည့်ငကြ်

>

မိုးမခနဲ့ စကားလက်ဆုံ
အေသိန်း၊ ကဗျာဆရာ အောင်ဝေး နဲ့ ကမ်းကြည့် ငှက်
လွတ်မြောက်ရေးခရီးသည်တို့ မိုင် ၁၀၀၀ ကျော် ခရီးပေါက်ခဲ့ပြီ

မိုးမခ
ဧပြီ ၁၂၊ ၂၀၀၈

ပြည်တွင်း ပြည်ပရောက် မြန်မာအများစုက ၁၃၇၀ ပြည့် မြန်မာနှစ်သစ်ကူး စတင်ဆင်နွှဲကြချိန်မှာ မြန်မာပြည်လွတ်မြောက်ရေး မိုင် ၃၀၀၀ လမ်းလျှောက်တဲ့ မြန်မာခရီးသည် နှစ်ဦးကတော့ အမေရိကန်ပြည်၊ ၀ိုင်ယိုမင်းပြည်နယ်က မြို့ကလေးတွင် မိုင် ၁၀၀၀ ကျော် ချီတက်နိုင်ခဲ့သည့် အထိမ်းအမှတ်ကို တိတ်တိတ်ဆိတ်ဆိတ် ဆင်နွှဲခဲ့ကြရပါတယ်။

ရာသီဥတုက ကြမ်းတမ်းပြီး ဆီးနှင်းများကြာ်း ခြေလျင်ချီတက်ကြရတဲ့ ကိုအေသိန်းနှင့် ကိုဇော်မင်းထွေးတို့မှာ ရာသီဥတုဒဏ်၊ ခရီးပမ်းသည့်ဒဏ်ကို ခါးစည်းခံနေရပါတယ်။ မိုင် ၁၀၀၀ ကျော် ခရီးပေါက်လာရချိန် ကိုအေသိန်းမှာ အအေးမိပြီး ဆေးရုံသို့တက် ကုသခဲ့ရပါသေးတယ်။ ထိုမြို့ကလေးက ဆရာဝန်များ၊ ဆေးရုံဝန်ထမ်းများမှာ ထို မြန်မာခရီးသည် ၂ ဦးကို ကြည့်ပြီး အံ့သြကြရပါသတဲ့။

” ကျနော်တို့မှာ အကူအဖွဲ့တွေမပါဘူး၊ ကြက်ခြေနီအဖွဲ့တို့၊ ဆက်သွယ်ရေး ပစ္စည်းတို့၊ သတင်းပြန်ကြားရေးအဖွဲ့တို့လည်း မရှိဘူး။ ယုတ်စွအဆုံး ကားတောင် ပါမလာဘူး။ ဒီအတိုင်း မိုင်တိုင် ၁ ခု ပြီး ၁ ခု ရေတွက်ပြီး လမ်းလျောက်နေကြရတယ်။ ပြီးရင် မြို့လေးတွေ ၀င်ပြီး ညအိပ်ရပ်နား ရတယ်။ နောက် အဲဒီ မိုင်တိုင်တွေကို မှတ်ပြီး ခရီးဆက်ကြရတယ်။”

ကိုအေသိန်းက မိုးမခကို အထက်ပါအတိုင်း ပြောပြပါတယ်။

အဲဒီ ခရီးစဉ်ကို အမြဲစောင့်ကြည့်ပြီး အားပေးနေတဲ့သူတွေက သူတို့ဆီ ဖုန်းတွေ ဆက်ပြီး အားပေးကြပါတယ်။ သူတို့ရဲ့ ခရီးစဉ်ကို အင်တာနက် စာမျက်နှာမှာ တင်ဆက်ထားတာကလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။ http://88portland.wordpress.com/ သွားကြည့်နိုင်တယ်လို့ သိရပါတယ်။

” ညီလေး ရေ … စဉ်းစားကြည့်စမ်းပါ။ သူတို့တွေ ရောက်တဲ့နေရာ (အမေရိကန်ပြည်ထောင်စု) မှာ သူတို့ စဉ်းစားမိတာကို အကောင်အထည်ဖော်ကြတယ်။ သူတို့ သူများတွေကို ဘာမှ သွားမပြောဘူး။ သူတို့ ဖာသာ သူတို့ ထ ရပ်ပြီး မြန်မာပြည်လွတ်မြောက်ရေး မိုင် ၃၀၀၀ ကို လမ်း စ လျှောက်တယ်။ သူတို့လိုမျိုး အကိုတို့ကလည်း ကိုယ်တတ်နိုင်တဲ့ဖက်က ကိုယ်ထူကိုယ်ထ သူတို့ကို ၀ိုင်းဝန်းကူညီတဲ့ စေတနာဝန်ထမ်း လုပ်ကြရမယ်။”

အမေရိကန်နိုင်ငံကို မကြာသေးခင်က ရောက်ရှိလာတဲ့ ကဗျာဆရာ အောင်ဝေးက သူတို့ရဲ့ ခရီးရှည် ချီတက်ပွဲနဲ့ ပတ်သက်ပြီး ခံစားချက်ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီအတွက် ဘလောက်ဂါ ကဗျာဆရာမတဦးဖြစ်သူ မသဒ္ဒါက ကိုအောင်ဝေးရဲ့ ခံစားချက်နဲ့ ထပ်တူထပ်မျှသဘောထားပြီး “ကမ်းကြည့်ငှက်” ဆိုတဲ့ ကိုယ်ထူကိုယ်ထ ရန်ပုံငွေအဖွဲ့လေးတဖွဲ့ကို ဧပြီလ ၅ ရက်နေ့မှာ ဖွဲ့ဖြစ်ခဲ့ပါတယ်တဲ့။

သူ့ရဲ့ ၀က်ဆိုက် – http://thadar.blogspot.com/ မှာ တင်ဆက်ထားတာအရ သူ့စကားအတိုင်း ပြန်လည်တင်ပြရရင် ဒီလိုတွေ့ရမှာ ဖြစ်ပါတယ်။

ကမ်းကြည့်ငှက်
နွေကန္တာရဲ့ ခရီးကြမ်း..
အများအတွက် လမ်းသစ်ရှာသူများအတွက်
ရေကြည်ရာ..မြက်နု
အများကောင်းစားမှု … ရှာဖွေသူများအတွက်
မုန်တိုင်းနဲ့  အန္တရာယ်လမ်း
လှိုင်းကြမ်းခရီး လှော်ခတ်သူများအတွက်
ကူညီ ပါဝင်ပေး
ကမ်းကြည့်တဲ့ငှက်ကလေး …
သံလွင်ခက်ကလေး..ချီလာပေးပါရစေ။

မိုင် ၃၀၀၀ ကျော်..မနီးတဲ့ခရီး …
မျိုးချစ်စိတ် အရင်းတည်ပြီး
သတ္တိသွေးချွေးနဲ့ ရင်းနှီး
ငြိမ်းချမ်းရေး၏ လွတ်မြောက်လမ်း
လျှောက်လှမ်းသူများအတွက် …
စောင့်ရှောက်ပေးရန်
(ကမ်းကြည့်ငှက်) ရန်ပုံငွေ ရှာဖွေရေးအဖွဲ့လေး ဖွဲ့လိုက်ပါတယ်တဲ့ …

ကဗျာဆရာ အောင်ဝေးကတော့ အမေရိကန်မဲဇာမှာရောက်ခါစ နှင်းတောထဲကို ငေးကြည့်ရင်းနဲ့ သူခံစားမိသမျှတွေကို မိုးမခကို သည်လို ပြောခဲ့ပါတယ်။

” ညီလေးရေ … ဘားတော့ဗရက်ရဲ့ ကလေးတွေ အမေပျောက်စဉ်က ဆိုတဲ့ ကဗျာရှည်ကို သွား သတိရတယ်။ ပိုလန်မှာ စစ်ဒဏ်ကြောင့် မိဘမဲ့ ကလေးရောင်စုံလေးတွေ သူတို့ဖာသာ သူတို့ စုဝေးပြီး ရေကြည်ရာ မြက်နုရာ ရှာကြတယ်။ သူတို့တတွေ နှင်းတောကြီးထဲ တဦးကို တဦး အားကိုးလို့ အကာအကွယ်ပြုကြရတယ်။ အေးလွန်းလို့ ပဲစေ့လေးတွေတောင် အညှောင့် မပေါက်နိုင်ဘူး တဲ့။ သူတို့တွေ ခရီးရှည်ထွက်ကြပြီလို့ သတင်းကြားတော့ အကိုမှာ အဲဒီ ကဗျာကို သတိသွားရတယ်။”

ကိုအေသိန်းနဲ့ ကိုဇော်မင်းထွေးတို့က သူတို့သယ်ဆောင်ခဲ့တဲ့ အကြောင်းအရာတွေထဲက အမှတ်တရတချို့ကို ကောက်နုတ်ပြခဲ့တာကတော့ –

” ကျနော်တို့မှာ အမေရိကန်ပြည်ထောင်စု အလံ၊ ပြီးတော့ မြန်မာပြည်ရဲ့ တော်လှန်တဲ့ ခွပ်ဒေါင်းအလံ။ ဒါပဲ။ အမေရိကန်အလံဆိုတာ လွတ်လပ်တဲ့အလံ။ ခွပ်ဒေါင်းအလံကတော့ ကျနော်တို့ လွတ်မြောက်ရေးတိုက်ပွဲ ကိုယ်စားပြုတဲ့အလံ။ ဒီ အလံတော် ၂ ခုကို ပုခုန်းပေါ်ထမ်းပြီး ကျနော်တို့ ချီတက်နေကြရတာ ဖြစ်ပါတယ်။ လမ်းခရီးမှာ အမေရိကန်လူမျိုးတွေက မေးကြတယ်။ အံသြကြတယ်။ ဂုဏ်ယူကြတယ်လို့ ပြောပြပါတယ်”

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ခရီးထွက်နေတဲ့အချိန်မှာ မြန်မာပြည်က တိုင်းရင်းသူ ကလေးငယ်တဦး အမေရိကန်တနေရာမှာ အသတ်ခံလိုက်ရတဲ့ သတင်းဖတ်လိုက်ရပါတယ်။ ကိုအေသိန်းကတော့ သူချန်ထားရစ်ခဲ့ရတဲ့ မိသားစုတွေကို စိတ်တွေပူမိ၊ နောက်ဆံတွေ တင်းမိတဲ့အကြောင်း ပြောခဲ့ပါတယ်။ တိုင်းပြည်က စွန့်ခွာ၊ နယ်စပ်ဒေသက စွန့်ခွာ၊ တိုင်းတပါးမှာလည်း ရေကြည် မြက်နုနေရာက စွန့်ခွာပြီး သည် လွတ်မြောက်ရာလမ်း ခရီးရှည်မှာ လူသူမနီး တိုင်းတပါးက ကောင်းကင်ပြင်ကြီးအောက် သူတို့တွေမှာ တကယ်တမ်း ပူပန်စရာတွေက အများကြီးပါလို့ သူက ပြောပါတယ်။

ကဗျာဆရာအောင်ဝေးကတော့ –

” ညီလေးရေ … ဒီလိုခေတ်ဆိုးကြီးမှာ ဘယ်သူတွေက စိတ်အေးလက်အေး ပျော်ရွှင်နိုင်မလဲ။ အကိုတော့ စဉ်းစားလို့ မရဘူးကွာ။ ဘားတော့ဗရက် ကဗျာတပုဒ် (အနာဂတ်အတွက် ကဗျာ) ထဲက စကားအတိုင်းပြောရရင် ဒီလို ခေတ်ဆိုးကြီးထဲမှာ ချစ်သူနဲ့ ချစ်တဲ့အခါလည်း ဥပေက္ခာစိတ်နဲ့ တ၀က်ပဲ ချစ်နိုင်ခဲ့တယ် …” ဆိုသလိုပါပဲကွာ။

သူတို့တွေ လျှောက်နေတဲ့ခရီးရှည်ကြီးမှာ သူတို့တွေမှာ ချစ်ခင်သူတွေကို ချန်ရစ်ပြီး ချစ်ခင်သူတွေရှိမယ့်အရပ်ဆီ ချီတက်နေကြရတာပဲ။ အကိုတို့ အားပေးကြရမယ်။ သူတို့ကို အားပေးတဲ့ဆီမှာတော့ ဥပေက္ခာစိတ်တွေကို ပယ်ခွာချလို့ မြန်မာပြည်ကြီးအတွက် အပြည့်ချစ်ပြနိုင်ကြရမှာပေါ့ …”

မြန်မာပြည်လွတ်မြောက်ရေး မိုင် ၃၀၀၀ ချီတက်သူများကတော့ သူတို့လိုပဲ ချီတက်သူတွေနဲ့တွေ့ခဲ့ပါသေးတယ်တဲ့။

” ကျနော်တို့ ယူတားနယ်ထဲမှာပေါ့။ တိဗက်အဖွဲ့တွေနဲ့တွေ့တယ်။ သူတို့က တိဗက်ပြည် လွတ်မြောက်ရေး၊ တရုတ်အိုလံပစ်ကို ကန့်ကွက်ရေးအတွက် ဆန်ဖရန်စစ္စကိုမှာ လာမယ့် မီးရှူးတိုင်မီးရှူးတိုင်ကို ဆန္ဒပြဖို့ သွားကြမှာတဲ့။ တိဗက်အလံတွေ အပြည့်၊ နဖူးစီးတွေ၊ ဆိုင်းဘုတ် ပိုစတာတွေ အပြည့်နဲ့ပဲ။ မြန်မာစစ်အာဏာရှင်အောက်က ကျနော်တို့၊ တရုတ်အာဏာရှင်အောက်က တိဗက်ပြည်သူတွေ။ ကျနော်တွေ တဦးကို တဦး အားပေးထောက်ခံကြတယ်။ ၀မ်းသာ ဂုဏ်ယူကြတယ်။ သူတို့က ကျနော်တို့ကို သူတို့နဲ့အတူတူ ဆန်ဖရန်မှာ ဆန္ဒပြပွဲကို ဆင်နွှဲဖို့ ဖိတ်ခေါ်ကြသေးတယ်။ ဒါပေမယ့် ကျနော်တို့ ၂ ယောက်မှာက သြဂုတ်လအချိန်မီ ခရီးဆက်ရမယ့် မိုင်တိုင်တွေက ထောင်နဲ့ချီလို့ ရှိသေးတယ် မဟုတ်လား။ ကျနော်တို့ ဆက်ချီတက်ခဲ့ကြရတယ်။ …”

အင်တာနက်ပေါ်က အီးမေးတခုရဲ့အဆိုအရတော့ သူတို့ခရီးသည် ၂ ဦးမှာ ရှေ့ခရီးဆက်ဖို့အတွက် ရန်ပုံငွေ အားနည်းနေပြီလို့ သိရပါတယ်။ အောင်ဝေးကတော့ သူတို့ အနုပညာရှင်တွေ၊ ဘလောက်ဂါတွေ၊ ကိုယ်ထူကိုယ်ထ စေတနာဝန်ထမ်းတွေနဲ့ သူတို့တွေကို ဖေးမကူညီနိုင်မယ်လို့ နှစ်နှစ်ကာကာ ယုံကြည်ထားပါတယ်။

“ညီလေးရေ … ဆရာမောင်စွမ်းရည်၊ ဆရာမ ဒေါ်မာမာအေးတို့ကိုလည်း ပြောပြထားတယ်။ အဆိုတော် လားရှိုးသိန်းအောင်လည်းပါတယ်။ အကိုရယ် … အတူတူဒီကို ပြောင်းရွှေ့လာကြရတဲ့ ဆရာတော် ဦးဃောသိတ၊ ပြီးတော့ မတင်မိုးလွင်တို့လည်း အပါအ၀င်ပေါ့နော်။ တစ တစနဲ့ အကိုတို့ အင်အားတွေစုပြီး သူတို့ကို အားပေးကြမယ်။ အသံပြုပေးကြမယ်။

၈၈ မျိုးဆက်တွေ ၂၀၀၇ သြဂုတ်မှာ လမ်းစလျှောက်ကြတယ်။ ရွှေဝါရောင်သံဃာတော်တွေ ၂၀၀၇ စက်တင်ဘာမှာ ငြိမ်းချမ်းရေးအတွက် ချီတက်ကြတယ်။ အဲဒီကနေ မြန်မာပြည် ငြိမ်းချမ်းရေး ခရီးရှည်လမ်းမကြီးပေါ် မြန်မာပြည်သူတွေ တက်လျှောက်လာကြတယ်။ အခုလည်း ဆက်လျှောက်နေကြဆဲပဲ။ ပြည်တွင်းမှာ ပြည်ပမှာ။ အားလုံး အတူတူ လျှောက်ကြရမယ်။ အားပေးကူညီကြရမယ်။

ဘားတော့ဗရက်ကဗျာလိုပါပဲ။ ‘ရဲဘော်ကြီးရေ … ကျေးကျွန်အချင်းချင်းကသာ သင် လွတ်မြောက်အောင် ကူလိမ့်မယ် …’ တဲ့။”

အခုတော့ သူတို့ အမေရိကန်ပြည်၊ ၀ိုင်ယိုမင်းက အဝေးပြေးလမ်းမတနေရာမှာ မိုင် ၁၀၀၀ ကျော်ခရီးကို တိတ်တဆိတ်ဖြတ်သန်းနေကြတယ်။ သင်္ကြန်မိုးလည်းမရှိ။ အိုးစည်ဒိုးပတ်တွေလည်းမရှိတဲ့ နေရာ။ မြန်မာပြည်ကြီးနဲ့ မိုင် ထောင်သောင်းချီ ဝေးတဲ့နေရာ။ သို့ပေမယ့် သူတို့ မျှော်လင့်တာက သူတို့ရဲ့လမ်းခရီးက ပဲ့တင်သံတွေ အထပ်ထပ်က မြန်မာပြည် လွတ်မြောက်ရေးအတွက် အစ လေး တစ …

(ယခင် မတ်လက မိုးမခတငြ် ဖော်ူပခဲူ့ပီး သတင်းမြာ အောက်ပၝအတိုင်ူးဖစ်ပၝသည်။

အမေရိကန် အနောက်ူခမ်း အိုရီဂနြ်ူပည်နယ်ကနေ အရြေႚူခမ်း နယူးယောက်အထိ မိုင် ၃ ထောင်ေူခလ္တွင်ခရီးရည်ြတခုဖင့်ူမန်မာူပည်အရေးကို အာရုံစိုက်လာရေး ဆိံ္ဋူပလပ်ြရြားမကြိုမန်မာအမဵြိးသား ၂ ဦးက ကိုယ်ထူကိုယ်ထ စတင်ခဲ့တာူဖစ်ပၝတယ်။

ကိုအေသိန်းကတောူ့မန်မာကေဵာင်းသားတပ်မတော်လိုႚ လူသိမဵားတဲ့ ေအဘီအက္စ္ဒီဖက္အဖၾဲႚက ဴဖစ္ပၝတယ္။ အေမရိကန္သိုႚေူပာင်းရြေႚအေူခခဵခဲ့သူဖစ်ူပီး ယခုမန်မာအရေးလပ်ြရြားမတြေိုံင်ငံတကာက အာရုံစိုက်လာစေရေး သည် “ေူခလ္တွင်” လိုႚ အမည်ပေးထားတဲ့ လမ်းလ္တွောက်ဆိံ္ဋူပတဲ့ လပ်ြရြားမကြို စတင်တာူဖစ်ပၝတယ်။ ကိုဇော်မင်းထြေးကတော့ ၈၈ အရေးအခင်းမြာ အသက် ၇ိံစ်ြပဲ ရြိသေးပၝတယ်။ သိုႚသော် ခုခဵိန်မြာတောူ့မန်မာူပည်အရေးကိင်္စမဵားအတကြ် တက့်ကစြာ လပ်ြရြားနေသူဖစ်နေပၝူပီ။

မတ်လ ၁ ရက်နေႚက စတင်ခဲ့တဲ့ ခရီးစဉ်တလေဵာက်မြာူမန်မာအရေးကို ရငြ်ူးပူခင်း၊ ကုလသိုႚ တင်ူပမည့်ူမန်မာအရေးတငြ် လက်မတ်ြမဵားစုဆောင်ူးခင်းနဲႚုသဂုတ်လ ၈ ရက်ူမန်မာူပည် ၈၈ အရေးအခင်း အထိမ်းအမတ်ြနေႚနဲႚ တရုတ်အိုလံပစ်စတင်မည့် နေႚမြာ နယူးယောက် ကုလရုံးရြေႚကို အရောက်ခဵီတက်ူခင်းတိုႚူပလြုပ်လိုႚ ဆိုပၝတယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts