>အောင်ဝေး – မဲဆောက်လည်ူပန်

>

မဲဆောက် လည်ပြန်
အောင်ဝေး

ဧပြီ ၈၊ ၂၀၀၈

မဲဆောက် ရေ …
ထမြောက်တဖန်
ခွဲရပြန်ပြီ။

တိုင်းပြည်ကို စွန့်ခွာခဲ့တာလား
တိုင်းပြည်က စွန့်ပစ်လိုက်တာလား
ဒဏ်ရာ ရ ထား
နှလုံးသားရေ …
အနားယူပေတော့။

ကြယ်ကြွေ ရေဆန်
မုန်တိုင်းထန်လည်း
တော်လှန်ရေးသစ်
တို့ ရေးခြစ်မည်
တနှစ်အတွင်း
မြစ်တစင်းဟာ အတင်းတိုးဝှေ့လာတော့မယ်။

ခြင်္သေ့ ပဲ
မရဲရင့်ဘဲ နေပ့ါမလား
မဲဆောက် ရယ်
ရဲရဲလွမ်းရပြန်ပြီလေ။

(မတ် ၁၈၊ ၂၀၀၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts