>တရုတ်အိုလံပစ်မီးရြးတိုင် အရက်ြတကြဲူဖစ်

>

တရုတ်အစိုးရလက်ထဲက အိုလံပစ်မီးရှူးတိုင် လန်ဒန်နဲ့ ပါရီမှာ အရှက်တကွဲဖြစ်

မိုးမခ အထောက်တော် ၀၀၂
ဧပြီ ၇၊ ၂၀၀၈

ယခင်ပြီးခဲ့တဲ့ ရက်သတပတ် လန်ဒန်နဲ့ပါရီကို အလည်ထွက်တဲ့ တရုတ်အိုလံပစ်မီးရှူးတိုင်ဟာ ပြည်သူလူထုရဲ့ ဆန့်ကျင်ကန့်ကွက် ရှုတ်ချမှုတွေနဲ့ အကြီးအကျယ်ကြုံတွေ့နေလို့ ဧည်သည် တရုတ်ကော၊ အိမ်ရှင် နိုင်ငံတွေကောအတွက် အရှက်တကွဲဖြစ်နေရပါတယ်။

တိဗက်အရေး လှုပ်ရှားသူများအမှူးပြုပြီး နိုင်ငံတကာက လူ့အခွင့်အရေး၊ စာနယ်ဇင်း အခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့် လှုပ်ရှားသူ ပြည်သူများက အိုလံပစ်မီးရှူးတိုင်ကို တရုတ်ပြည်အစိုးရ ကိုယ်စား ပစ်မှတ်ထား ကန့်ကွက်ရှုတ်ချကြတဲ့အတွက် အိမ်ရှင်နိုင်ငံက လုံခြုံရေးအဖွဲ့ဝင်တွေက အဓိကရုဏ်းနှိမ်နှင်းရသည့်သဖွယ် ဆန္ဒပြပွဲတွေကို တုန့်ပြန်ဖြေရှင်းခဲ့ရတာ တွေ့ရပါတယ်။

ပါရီမှာဆိုလျင် အိုလံပစ်မီးရှူးတိုင်ခရီးစဉ်ကို အပြည့်မချီတက်ဘဲ အကျဉ်းရုံးခဲ့ရပြီး ၃ ကြိမ်ထက်မနည်း ဆန္ဒပြသူများက တရုတ်အိုလံပစ်မီးတိုင်ကို ၀င်လုဖို့၊ အနှောက်အယှက်ပေးဖို့နဲ့ ငြိမ်းသတ်ဖို့ ကြိုးစားခဲ့ကြတာကို တွေ့ရပါတယ်။ အိုလံပစ်မီးရှူးတိုင်ကို ဘတ်စကားပေါ်မှာ အစောင့်အရှောက် အမြောက်အများနဲ့ သယ်ဆောင်ခဲ့ရပြီး လမ်းတလျောက်မှာ တရုတ်နိုင်ငံအလံ၊ အိုလံပစ်အလံထက် တိဗက်ပြည် အလံတွေက လွမ်းမိုးနေပြီး တလမ်းလုံး ၀ါနေတယ်လို့ မျက်မြင်တဦး ဆိုပါတယ်။


ဧပြီလ ၉ ရက်မှာ အမေရိကန်ပြည်၊ ဆန်ဖရန်စစ္စကိုမြို့ကို လာလည်မဲ့ တရုတ်အိုလံပစ်မီးရှူးတိုင်ခရီးစဉ်အတွက်ကိုတော့ ခုချိန်မှာ ကြိုဆိုမယ့်သူများကော၊ ကန့်ကွက်မယ့်အဖွဲ့များပါ ခေါင်းချင်းရိုက် နေကြပြီဖြစ်ပါတယ်။

တရုတ်လိုလားသူများကလည်း ဒါကို အတတ်နိုင်ဆုံး ကာကွယ်ဖို့ ကြိုးစားမှာ ဖြစ်သလို၊ လူ့အခွင့်အရေး၊ စာနယ်ဇင်းအရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်ဘက်က ရပ်တည်သူများကလည်း လောလောလတ်လတ် တိဗက်ပြည်သူတွေ၊ ဘုန်းကြီးတွေကို လက်နက်နဲ့ ဖိနှိပ်နှိမ်နှင်းထားတဲ့ တရုတ်ပြည်အစိုးရရဲ့ လူ့အခွင့်ရေးရာ အထွေထွေ ချိုးဖောက်မှုတွေ့ကြောင့် တရုတ်အိုလံပစ်မီးရှူးတိုင်ကို တရုတ်ပြည်အစိုးရ ကိုယ်စားပြုပစ်မှတ်အဖြစ် ဆန္ဒပြကန့်ကွက်ကြမှာ အကြီးအကျယ်ပါပဲ။ အဲဒီအတွက် အနယ်နယ်အရပ်ရပ်က လူ့အခွင့်အရေး၊ ဘာသာရေး အထင်ကရ ပုဂ္ဂိုလ်တွေတောင် ရောက်ရှိနေပြီ ဖြစ်ပါတယ်။

မြန်မာပြည်အရေးကိစ္စအတွက် ဆန်ဖရန်အစုအဖွဲ့တွေကတော့ နံမည်ကျော် ဂိုးလ်ဒင်းဂိတ်တံတားကို ဖြတ်လျောက်ပြီး ဆန္ဒပြကြမယ် ဖြစ်ပါတယ်။

ယခုလေးတင်ပဲ ၀င်လာတဲ့သတင်းအရ ရွှေဝါရောင် တံတားကြီးရဲ့ ကြိုးတာဝါတိုင်တွေပေါ်မှာ တိဗက်အရေးဆိုသူတွေက တိဗက်လွတ်မြောက်ရေး ဆိုင်းဘုတ်ခေါင်းစီးကြီးတွေ လွှင့်ထူ ချိတ်ဆွဲလိုက်တဲ့အတွက် ပုလိပ်တွေ အလုပ်များကုန်ပါပြီတဲ့။


ဘေးဧရိယာရောက် အမေရိကန်မြန်မာ ဒီမိုကရေစီရေး မဟာမိတ် ၀က်ဆိုက်ကနေ (http://BADASF.org ) အစီအစဉ်တွေကို ကြည့်ရှုပြီး လာရောက်ကြဖို့ကို ၀ါယမစိုက် ဆောင်ရွက်နေသူ ကိုညွန့်သန်းက မြန်မာများ၊ မြန်မာဘုန်းတော်ကြီးများကို ဖိတ်ခေါ်မျှော်လင့်နေပါကြောင်း မိုးမခသို့ ပြောကြားပါတယ်။

တိဗက်အရေး မြန်မာ့အရေး ဆိုပြီး ၀ိုင်းကြတဲ့ အဖွဲ့နံမယ်တွေကတော့ – Co-sponsoring organizations: Burmese American Democratic Alliance (BADA); Buddhist Peace Fellowship (BPF), International Burmese Monks Organization Inc. (Sasana Moli), Burmese American Women’s Alliance (BAWA), US Campaign for Burma (USCB), 8888 Generation Students (Exile), Burmese Youth Association (BYA), 8-8-08 for Burma, BFUU Social Justice Committee and Global Exchange (GX) တို့ ဖြစ်ပါတယ်။ ဖုံးနံပါတ်ကနေ တိုက်ရိုက် လှုပ်ရှားမှုတွေကို သတင်းပို့နေအောင်လည်း စီစဉ်ထားပါတယ်တဲ့။ ဒီနံပါတ်ကို ဆက်ကြပါ။ သတင်းတွေ အစီအစဉ်တွေကို စက်နဲ့ ပြောပြပါလိမ့်မယ်။ ၃၀၅-၄၃၂-၄၈၆၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts