>အခြေခံဥပဒေမူုကမ်းနဲႚ အမျြိးသားညီလာခံမူတိုႚ ကွဲလွဲချက်များ –ုကည့်လုပ်ုကပါအုံး

>

အခြေခံဥပဒေမူကြမ်းနဲ့ အမျိုးသားညီလာခံမူတို့ ကွဲလွဲချက်များ – ကြည့်လုပ်ကြပါအုံး
စာဖတ်သူတဦး (ရန်ကုန်)

ဧပြီ ၆၊ ၂၀၀၈

၁။ (က) အမျိုးသားညီလာခံ၏ အခြေခံရမည့်မူများစာအုပ် စာမျက်နှာ (၂၂၃)၊ အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းအခန်း၊ အပိုဒ်-၄ (က)တွင် . . . . . . ပြည်ထောင်စုလွတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ % ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရ မည်။ . . . . . . ဟုရေးသားထားပါသည်။

(ခ) ၄င်းစာပိုဒ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ၂၀၀၈စာအုပ် ၊ စာမျက်နှာ (၁၇၃)၊ အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းအခန်း၊ အပိုဒ်-၄၃၆ (က)တွင် . . . . . ပြည်ထောင်စုလွတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ % ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရ မည်။ . . . . . . ဟု ပြင်ဆင် ရေးသားထားပါသည်။

(ဂ) ၄၃၆ (က)သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ၁၀၀% ဟုဆိုလိုကြောင်းတွေ့ရပါသည်။ မူလ အခြေခံဥပဒေအသစ်ကို အတည်ပြုတဲ့အချိန်မှာတောင် မဲပေးခွင့်ရှိသူအားလုံ၏ တ၀က်ကျော်သာ မဲပေးဘို့လိုအပ်ပြီး၊ လာပေးခဲ့တဲ့လူဦးရေရဲ့ မဲတစ်ဝက်ကျော် ၊ တနည်းအားဖြင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အားလုံးရဲ့ ၂၆% ခန့်နဲ့ အတည်ပြုမယ်လို့ လုပ်ခဲ့တဲ့ဥပဒေကို ပြန်ပြင်တဲ့အခါကျမှ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ၁၀၀% လို့ ပြင်လိုက်တာလို့ နားလည်ရပါတယ်။

အမျိုးသားညီလာခံ၏ အခြေခံရမည့်မူများစာအုပ် စာမျက်နှာ (၂၂၇)၊ အခန်း(၁၄)၊ ကူးပြောင်းရေးကာလပြဌာန်းချက်များအခန်း၊ အပိုဒ်-၁ တွင် . . . . . . ဤ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲဖြင့်အတည်ပြု ပြဌာန်းပြီးသည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝှမ်းလုံး၌ အာဏာတည်သည် ။ . . . . . . ဟုရေးသားထားပြီး။

ယခု ဥပဒေမူကြမ်းစာအုပ်စာမျက်နှာ (၁၇၇)၊ အခန်း(၁၄)၊ ကူးပြောင်းရေးကာလ ပြဌာန်းချက်များအခန်း၊ အပိုဒ်-၄၄၁ တွင် . . . . . . ဤ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲပေးသည့် ဆန္ဒမဲ၏ မဲအများဖြင့်အတည်ပြု ပြဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွတ်တော် ပထမအကြိမ် အစည်းအဝေးစတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝှမ်းလုံး၌ အာဏာတည်သည် ဟု ပြင်ဆင်ရေးသားထားသည်ကို တွေ့ရပါသည်။

(က) အချက်(၂)ချက်ပြင်ဆင်ထားတဲ့အထဲမှာ ပထမအချက်က အခြေခံရမဲ့မူများမှာ မဲပေးပိုင်ခွင့် ရှိသူရဲ့ ၅၀.၁ % ခန့် ထောက်ခံမဲပေးမှ အတည်ဖြစ်တယ်လို့ ဆိုလိုပြီး၊ ပြန်ပြင်လိုက်တဲ့အချက်မှာတော့ မဲပေးခွင့်ရှိသူရဲ့ ၂၅.၁ % ခန့် ထောက်ခံမဲပေးရင် အတည်ဖြစ်တယ်လို့ တွေ့ရပါတယ်။

(ခ) ဒုတိယအချက်က ၂၀၀၈ခုနှစ်၊ မေလအတွင်းမှာ ဆန္ဒမဲခံယူပြီး အတည်ဖြစ်ခဲ့လို့ရှိရင် အတည်ဖြစ် ကြောင်းကြေငြာတဲ့ ၂၀၀၈ခုနှစ်၊ မေ (သို့မဟုတ်)ဇွန်လမှာ ဥပဒေ က အတည်ဖြစ်ပါမည်။ ပြန်ပြင် လိုက်တာကတော့ အတည်ဖြစ်ပြီးရင်တောင် ၂၀၁၀ခုနှစ် မှာ ရွေးကောက်ပွဲလုပ် ၂၀၁၀ (သို့)၂၀၁၁ မှ လွတ်တော်ခေါ်၊ စခေါ်တဲ့နေ့မှ အာဏာတည်မှာလို့ တွေ့ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts