>Weekly eleven ဂဵာနယ် ရေလိုနေတယ်

>

မိုးမခတောထဲက သတင်းအပိုင်းအစများ – Weekly eleven ဂျာနယ် ရေလိုနေတယ်
အဝေးကြည့်မှန်ပြောင်း

ဧပြီ ၅၊ ၂၀၀၈

ဧပြီ ၂ ရက်နေ့ထုတ် Weekly eleven ဂျာနယ်

ဒီဂျာနယ်မှာ ၀န်ထမ်းအယောင်ဆောင်ပြီး ငွေတောင်းသူကို အရေးယူလိုက်တဲ့အကြောင်း ဖတ်ရပါတယ်။ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၀န်ထမ်း အယောင်ဆောင်ထားသူက ဘတ်စ်ကားလိုင်စင် အဆင်ပြေအောင် ကူညီမယ်ပြောပြီး ကျပ်ခြောက်သောင်း တောင်းယူခဲ့လို့ တရားစွဲထားပါသတဲ့။ ဒီသတင်းကို ဘာသာပြန်ရရင် ၀န်ထမ်းအစစ်တွေက ကူညီပြီး ငွေယူရင်တော့ အရေးယူမည်မဟုတ် လို့ နားလည်ရမှာပါ။

ခြံစည်းရိုးကြက်ဆူ ရူး” ရူးနေသူများ စိတ်ဖောက်ပြန်စေနိုင်တဲ့ သတင်းတစ်ပုဒ်လည်း ပါဝင်ပါတယ်။ ဘိုင်အိုဒီဇယ်စီမံကိန်းတွေ ကမ္ဘာအရပ်ရပ်မှာ ရပ်ဆိုင်းထားပြီ ဆိုပဲ။ ထုတ်လုပ်တဲ့ကုန်ကျစရိတ် များပြားလွန်းတဲ့အတွက် သာမန်ဒီဇယ်ထက် ပိုပြီး ဈေးကြီးနေပါသတဲ့။ ကုလသမဂ္ဂအစီရင်ခံစာတစ်ခုမှာ ဒီစီမံကိန်းဟာ လယ်သမားတွေကို ဒုက္ခရောက်စေနိုင်တယ်လို့ သတိပေးထားလေရဲ့။ ဒီသတင်းကိုဖတ်အပြီးမှာ လူ၅ယောက်စာ အလုပ်လုပ်နိုင်သည့်စက်ကိုထွင်လိုက်ပြီ၊ သို့ပေတည့် အနှီစက်ကိုမောင်းနှင်ရန် လူ ၁၀ယောက်လိုသည် ဆိုတဲ့ ကာတွန်းကို သတိရမိပါတယ်။

ရေလိုနေတယ်

(ဓာတ်ပုံ-Bi-Weekly Eleven)

ဒုက္ခသည်စခန်းတစ်ခုရဲ့ မြင်ကွင်းလို့ မထင်လိုက်ပါနဲ့။ လူဦးရေပေါက်ကွဲနေတဲ့ ရန်ကုန်မြို့လယ် မြင်ကွင်း ဖြစ်ပါတယ်။ ဧပြီလ ၄ရက် Bi-Weekly Eleven ဂျာနယ်မျက်နှာဖုံးမှာ “ရေမရလျှင် ရန်ကုန်မြို့တော်စည်ပင်သို့ တိုက်ရိုက်ဖုန်းဆက်ပါ” ဆိုတဲ့ သတင်းနဲ့အတူဖော်ပြထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။

မြို့တော်စည်ပင် ရေသယ်ယာဉ်ကို အားကိုးတကြီးဖြစ်နေတဲ့ ရန်ကုန်သူ ရန်ကုန်သားတွေကို ဓာတ်ပုံထဲ တွေ့ရမှာပါ။

ရန်ကုန်မြို့မှာ ရေနဲ့မီး အချိန်ပိုင်းသာ ရရှိပြီး၊ ရေလာချိန်မှာ လျှပ်စစ်မီးလာပါမှ ရေစုတ်စက်နဲ့ စုတ်ယူသိမ်းဆည်း သုံးစွဲနိုင်ကြတာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts