>ထောက် ခံမဲ ထည့်ုကရန် စစ်အစိုးရ တိုက်တနြ်း

>

ရွေးကောက်ပွဲအချိန်မီကျင်းပနိုင်ရေးအတွက် ထောက်ခံမဲထည့်ကြရန် စစ်အစိုးရကတိုက်တွန်း
မိုးမခအထောက်တော် ၃

မတ် ၁၄၊ ၂၀၀၈

ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲထည့်ကြရန် ဒီမိုကရေစီရေးလှုပ်ရှားသူများက လှုံ့ဆော်နေချိန်တွင် စစ်အစိုးရက ထောက်ခံမဲထည့်ရေးအတွက် တိုက်တွန်းလျက်ရှိသည်။ မတ်လ ၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာဆောင်းပါးတစ်စောင်တွင် ဒီမိုကရေစီအမြန်ဆုံးလိုချင်ပါက ထောက်ခံမဲပေးကြဟု တိုက်တွန်းရေးသားထားသည်။ ဆောင်းပါးရှင် မဟာသမွန်၏ ဒီမိုကရေစီလိုချင်လျှင် ဆောင်းပါးတွင် ထိုသို့ရေးသားထားခြင်းဖြစ်သည်။

ရန်ကုန်မြို့မှ http://burmesepeople.blogspot.com/ ဘလော့ဂ် ဖန်တီးသူက ထိုသို့ ရေးသားခြင်းသည် ထောက်ခံမဲမပေးသည့်  သူများကိုခြိမ်းခြောက်ခြင်းဖြစ်သည်၊ လွတ်လပ်စွာ ဆန္ဒမဲပေးခွင့်ကိုဖောက်ဖျက်ရာရောက်သည်ဟု ဝေဖန်ပြောကြားလိုက်သည်။ နအဖ၏ ဆန္ဒခံယူပွဲတွင်ထားရှိသောမရိုးဖြောင့် ကောက်ကျစ်မည့်အရိပ်ရောင်များ သိသာထင်ရှားစွာ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts