>
စစ်ဖိနပ်အောက်ကူမန်မာူပည်
အကဵဥ္းကဵ ဴပည္သူမဵားကို ထောင်ဝင်စာတြေႚူခင်း – ၃
စစ်အစိုးရလက်အောက်ကူပညိသူႚ၀န်ထမ်းလား၊ စစ်ဝန်ထမ်းလား
ဴပည္သူတိုႚရဲႚ စကားဴပန္တဦး
မတ် ၅၊ ၂၀၀၈
ဒီတပတ်တင်ပြမယ့် အကြောင်းအရာက အင်းစိန်ထောင်မှာ ထိန်းသိမ်းခံ အကျဉ်းသားများနှင့် မိသားစုတွေအပေါ် အကျဉ်းဦးစီဋ္ဌာနရဲ့ မတရား ဖိနှိပ်ချုပ်ချယ်အနိုင်ကျင့်မှုများ အကြောင်းပါပဲ။
အဲဒီ အဆင့်ကျော်လို့ ထောင်ဝင်စာ စစ်ဆေးတဲ့နေရာရောက်တော့မှ လူတွေ့ခွင့်မပြုဘဲ ပစ္စည်းပေးခွင့်သာရတဲ့ အဖြစ်မျိုးတွေနဲ့ ရင်ဆိုင်တိုးကြရပြန်ပါတယ်။ ဘယ်စည်းမျဉ်း စည်းကမ်းဘောင် အခြေခံမှန်းမသိဘဲနဲ့ လာရောက်တွေ့ဆုံရသူတွေမှာ တောင်သွား မြောက်သွားနဲ့ ဒုက္ခအဖုံဖုံ ရောက်ရတဲ့အဖြစ်ဟာ အပတ်စဉ် အဖြစ်အပျက်တွေပါပဲ ခင်ဗျာ။
ဟော အခုအပတ်မှာတော့ တမျိုးတဖုံနဲ့ မရိုးရအောင် အကျဉ်းဦးစီးရဲ့ အသုံးတော်ခံပုံကတော့ ထောင်ဝင်စာတွေ့သူအပေါင်း ဘာပစ္စည်းမှ ထောင်ဝင်စာခန်းကို မယူရဆိုတဲ့ ဘယ်ကမှန်းမသိတဲ့ စည်းမျဉ်းလား အမိန့်လား ဥပဒေလား မသိရဘဲ ထောင်ဝင်စာတွေ့သူတွေ ရဲ့ အကျီအိတ်မကျန် ဘောင်ပင်၊ ဖောင်တိန်၊ ပိုက်ဆံအိတ်မကျန် အားလုံးကို သိမ်းဆည်းခြင်းကိစ္စပဲဖြစ်ပါတယ်။
အကျဉ်းထောင် လက်စွဲမှာလည်းမရှိ၊ လူ့အခွင့်အရေးဆိုင်ရာ ကန့်သတ်မှု နည်းဥပဒေမှာလည်း မတွေ့ရ၊ လူအများ သိစေရန် သတိပေးချက်မှာလည်း မရှိဘဲ လွတ်လပ်တဲ့ နိုင်ငံသားတဦးကို အကျဉ်းထောင်ဝင်းထဲရောက်တာနဲ့ အကျဉ်းသားတွေလိုသဘောထားပြီး အနိုင့်ထက်ပြုမှုလိုက်တာဖြစ်ပါတယ်။
ဒါဟာ မြို့ပြဆိုင်ရာ အုပ်ချုပ်မှုအသွင်သဏ္ဌန်နဲ့မတူဘဲ စစ်အုပ်ချုပ်မှုဒေသအောက်မှာရှိတဲ့ ဆူပူအုံကြွ အထိတ်တလန့်ဖြစ်နေတဲ့ ဒေသပုံစံမျိုးဟန်နဲ့ အမိန့်ပေးအုပ်ချုပ်တဲ့ လုပ်ဟန်ကို တွေ့လာရပါတယ်။
ကျနော်တို့ လာတွေ့ရတဲ့သူတွေဟာ လူသားတွေပါ။ တိုင်းပြည်နဲ့လူမျိုးအတွက် မျိုးချစ်စိတ် ပြည်ချစ်စိတ်အစစ်အမှန်နဲ့ ကိုယ်ကျိုးမဖက် အနစ်နာခံပြီး ဆောင်ရွက်လာသူတွေဖြစ်ပါတယ်။ ဥပဒေ အမည်ခံ အနိုင်ထက်ပြုတဲ့ လုပ်ဟန်တွေကို တွန်းလှန်ဖို့ အမှန်တရားရဲ့ ဘက်တော်သား ပြည်သူ့အတွက် သစ္စာရှိ သားသမီးများ ဖြစ်ကြပါတယ်။
လွတ်လပ်တဲ့ နိုင်ငံသားတဦးကို အကျဉ်းထောင်ဝင်းထဲရောက်တာနဲ့ အကျဉ်းသားတွေလိုသဘောထားပြီး အနိုင့်ထက်ပြုမှုလိုက်တာဖြစ်ပါတယ်။
အဲဒီလူတွေကို လာတွေ့တဲ့ ကျနော်တို့ကိုတောင် ထပ်ဆင့်ဗိုလ်ကျမင်းမူတဲ့ အမှုတွေ ကျုးလွန်နေသူ ၀န်ထမ်းတွေဟာ စစ်အာဏာရှင် ဗိုလ်ကျစိုးမိုးရေးသမားတွေဖြစ်တဲ့ လက်ရှိအာဏာရှင်တွေ၏ လက်ကိုင်တုတ်တွေ၊ လက်ပါးစေတွေ နဲ့ တပည့်သားမြေးတွေဖြစ်နေပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်အာဏာရှင်ရဲ့ ဗိုလ်ကျ အနိုင်ထက်ပြုတဲ့ မူဝါဒဖြစ်စဉ်ကို အကျဉ်းမျှ တင်ပြပါ့မယ်။
၁၉၅၈၊ ၅၉ အိမ်စောင့်အစိုးရတွေလို နိုင်ငံတော်အာဏာကို ဗိုလ်နေ၀င်းလက်ထဲ သခင်နုအစိုးရက ရိုးရိုးသားသားနဲ့ ယုံကြည်စွာ လွှဲပေးမိလိုက်တဲ့အချိန်ကစပြီး ဗိုလ်နေ၀င်းဟာ မစားဘူးတဲ့အစားအစာ၊ မနေဘူးတဲ့ နေရာ၊ မရဘူးတဲ့ အခွင့်အာဏာတွေကို သုံးလာပါတယ်။ တိုင်းပြည်အတွက် ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်အောင် တာဝန်ယူရမယ့်အစား စစ်အာဏာမက်မူး အာဏာရူးစိတ်နဲ့ အစွယ်တဖွားဖွား ပြလို့လာပါတော့တယ်။
ဒီလိုနဲ့ ၆၀ ရွေးကောက်ပွဲနဲ့ အနိုင်ရအစိုးရကို ရုပ်ပြ အာဏာလွှဲပေးပြီးနောက် ဗိုလ်နေ၀င်းဟာ အာဏာယစ်မူးလို့ အာဏာကို ပြန်လည်ရယူနိုင်ဖို့ ဆင်ကြံ ကြံနေပါ တော့တယ်။
ဗမာပြည်သူတွေရဲ့ ကံကြမ္မာနိမ့်ကျလှတော့ ၁၉၆၂ မှာ ဗိုလ်နေ၀င်းက ပြည်သူတွေရဲ့ မျက်နှာကို သဲပက်ပြီး နိုင်ငံတော်ကြီး ချောက်ထဲကျတော့မယ့် အခြေအနေကို ထိန်းသိမ်းရပါတယ်လို့ လုပ်ကြံဖန်တီးမှုတွေနဲ့ တဖက်သတ် ပြောရင်း စစ်အာဏာသိမ်းလိုက်ပါတော့တယ်။
အဲဒီမှာတင် လွတ်လပ်ပြီးစ မြန်မာနိုင်ငံရဲ့ အဖူးအငုံ့သာရှိသေးတဲ့ ဒီမိုကရေစီရင်သွေးလေးဟာ ကြွေကျမြေခခဲ့ရတဲ့အဖြစ်ကို ရောက်ရှိခဲ့ရပါတယ်။ အဲဒီမှာပဲ စစ်တပ်ဟာ နိုင်ငံတခုလုံးရဲ့သယံဇာတ သာမက ရှိသမျှသောလူတွေရဲ့စွမ်းအင်တွေကိုပါ ၀ါးမျိုစားသုံးလာပါတော့တယ်။
ဒေသန္တရအုပ်ချုပ်ရေးတွေမှာ စစ်ယူနီဖောင်းဝတ်တွေ နေရာယူပြီး မင်းမူလာပါတော့တယ်။ နိုင်ငံတော် စီးပွားရေး လုပ်ငန်းကြီးတွေကို ၄င်းတို့က ချုပ်ကိုင်လာပါတော့တယ်။ တနည်းအားဖြင့် ဗဟိုအဆင့်အုပ်ချုပ်မှုနဲ့ တိုက်ရိုက်စပ်ဆက်နေတဲ့ အဆင့်ဆင့်များအားလုံးကို ဗိုလ်နေ၀င်းဟာ သူ့ရဲ့နောက်လိုက်နောက်ပါ စစ်ယူနီဖောင်းဝတ်တွေကို အာဏာပေးခဲ့တာပါပဲ။
ကျုးလွန်နေသူ ၀န်ထမ်းတွေဟာ စစ်အာဏာရှင် ဗိုလ်ကျစိုးမိုးရေးသမားတွေဖြစ်တဲ့ လက်ရှိအာဏာရှင်တွေ၏ လက်ကိုင်တုတ်တွေ၊
၁၉၇၄ ခု၊ ဇွန်လ ၆ ရက်နေ့မှာ အလုပ်သမားအရေးအခင်း ဖြစ်လာပါတယ်။ စစ်အာဏာရှင်အစိုးရရဲ့ ဗီဇရုပ်ကို အလုပ်သမားလူတန်းစားများရဲ့ အသက်သွေးနဲ့စတေးခဲ့ပြီး အရေခွံခွာချပြတဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။
အဲဒီ တိုက်ပွဲမှာ လူထုက အနိုင်မတိုက်နိုင်ခဲ့သလို စစ်အာဏာရှင်ကလည်း ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းရင်း လူထုကို အလွန်ကြောက်ရွံ့သွားပါတယ်။ နောက်ပိုင်းမှာ အခြေခံအဆင့်တွေမှာ အလုပ်ရုံ၊ စက်ရုံ၊ လမ်းပမ်းဆက် သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးတွေမှာ အရပ်ဖက်အုပ်ချုပ်မှုလုပ်ငန်းတွေမှာ စစ်တပ်ဘောင်းဘီချွတ် ပင်စင်စား အိုနာကျိုးကန်းတွေကို အစားထိုးလာပါတယ်။
ဒါဟာ မြို့ပြအုပ်ချုပ်ရေးနဲ့ စပ်ဆက်ရှိနေတဲ့အခြေခံ စီးပွားရေး ထုတ်လုပ်မှုလုပ်ငန်းနဲ့ ဆက်နွယ်လုပ်ငန်းတွေမှာ အာဏာရှင်တွေဟာ သူတို့လူယုံတွေကိုထားပြီး စစ်အုပ်ချုပ်မှုပုံစံ စစ်တပ်ဖွဲ့စည်းပုံနဲ့ အလားတူတဲ့ စုမှူး၊ စိတ်မှူးများအသွင် ဖွဲ့စည်းပုံပြောင်းပြီး အုပ်ချုပ်မှုယန္တယားများ ပြုပြင် ဖန်တီးယူလာတာပါပဲ။
ဒီလိုနဲ့ ၁၉၈၈ အထိ ၂၆ နှစ်တာကာလတိုင်အောင် တိုင်းပြည်ဟာ ဒေ၀ါလီခံရတဲ့အဖြစ်နဲ့ ရင်ဆိုင်ရပြီး ပြည်သူလူထု၏ အထွေထွေမကျေနပ်မှုကနေ ပြည်သူ့အရေးတော်ပုံကြီးအဖြစ်ရောက်ရှိပြီး ဗိုလ်နေ၀င်းရဲ့ စစ်အာဏာရှင်စနစ်ဟာ ခေတ္တအာဏာစွန့်ရတဲ့အဖြစ်ကို ရောက်ရှိခဲ့ရပါတယ်။
၁၉၈၉ ကစလို့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လို့ အမည်တပ်ထားတဲ့ စစ်အာဏာရှင် လက်သစ် သို့မဟုတ် ဗိုလ်နေ၀င်း၏ နောက်လိုက်နောက်ပါ ငယ်ကျွန်တွေဟာ ပုံစံတမျိုးနဲ့ အာဏာကို လက်နက်နဲ့ သိမ်းယူခဲ့ပြန်ပါတယ်။
အခုအခါမှာတော့ အများသိကြပြီဖြစ်သည့်အတိုင်း မြို့ပြအုပ်ချုပ်ရေးဆိုင်ရာ အခြေခံမှ အစ အမြင့်ဆုံး အာဏာပိုင်အဆင့်အထိ ဋ္ဌာနဆိုင်ရာ ၀န်ကြီးဋ္ဌာနအသီးသီးမှာလည်း အာဏာသိမ်းပြီးနောက် အရပ်ဖက်ဝန်ထမ်းကို သတ်ကွင်းပို့စနစ်နဲ့ မေးခွန်း ၃၃ ချက်ကို ဖြေခိုင်းပြီး အများစုကို ဖြုတ်ထုတ်သတ်စနစ် ကျင့်သုံးသွားတာကို ပြည်တွင်းရှိ ၀န်ထမ်းထုမိသားစုတိုင်း ဖြတ်သန်းခဲ့ရပါတယ်။
ဋ္ဌာနဆိုင်ရာ အငယ်တန်း အရာရှိကအစ အလယ်အလတ်အရာရှိတွေအဆုံး အားလုံးကို တပ်ကနေ ပင်စင်စားပေးပြီး ပင်စင်စားစစ်သားတွေ နဲ့ အစားထိုးပြောင်းရွှေ့ပေးခဲ့ပါတယ်။ ဒါတင်မက စစ်ပင်စင်စားတွေရဲ့ သားသမီးတွေကို သက်ဆိုင်ရာ ဋ္ဌာနအသီး သီးမှာ အစိုးရ၀န်ထမ်းအဖြစ်၊ ခါးပိုက်ဆောင်လူယုံများအဖြစ် အသုံးချထားလိုက်ပါတယ်။
အရပ်ဖက်ဝန်ထမ်းကို သတ်ကွင်းပို့စနစ်နဲ့ မေးခွန်း ၃၃ ချက်ကို ဖြေခိုင်းပြီး အများစုကို ဖြုတ်ထုတ်သတ်စနစ် ကျင့်သုံးသွားတာကို
ဒါ့ကြောင့် ယခုတကြိမ် ရွှေဝါရောင် ငြိမ်းချမ်းစွာ မေတ္တာပို့ဆန္ဒပြပွဲကြီးမှာ ပြည်သူလူထု၊ ကျောင်းသား၊ ရဟန်းသံဃာများနှင့် ဗမာ မွတ်ဆလင်အစ အိမ်ရှင်မများအဆုံး ပါဝင်ခဲ့ကြပေမယ့် မည်သည့်အစိုးရဋ္ဌာနအသီးသီးက အောက်ခြေ၀န်ထမ်း များမှ ပါဝင်လာတာကို မတွေ့မြင်ရခြင်းပဲဖြစ်ပါတယ်။
ဒါဟာ စစ်အာဏာရှင်အစိုးရရဲ့ လက်ကိုင်တုတ် လူယုံများ မွေးဖွားခြင်းရဲ့ အကျိုးဆက်ပဲဆိုတာကို ကျနော်တို့ ဂရုပြုသင့်တာကို တွေ့နိုင်ပါတယ်။
ဒီနေရာမှာ ကျနော်ပြောချင်တာက စစ်အာဏာရှင်အစိုးရတွေဟာ သူတို့ရဲ့သစ္စာခံတွေကို သာမန် ပြည်သူတွေထက် မည်ကာမတ္တ အခကြေးငွေတွေပိုပေးပြီး ပြည်သူ့အပေါ် သစ္စာဖောက်ခိုင်းပြီး သူတို့အလိုကျ ဖိနှိပ်ချုပ်ချယ် ရမ်းကားနိုင်ခွင့်တွေ ပေးအပ်တဲ့နည်းနဲ့ ပြည်သူတွေကို စော်ကားလာစေခဲ့တာပဲဖြစ်ပါတယ်။
နောက်တချက်က စစ်တပ်က အသွင်ပြောင်းဟန်ဆောင်ပေမယ့် ပင်ကိုယ်ဗီဇဖြစ်တဲ့ စစ်သားစိတ်နဲ့ တသွေး တသံ တမိန့်ဆိုတာကို အသွေးအသားကျစွာ ကျင့်ကြံနေထိုင်မှု၊ အရှင်သခင် ဒါမှမဟုတ် အထက်စီနီယာက ပြောရင် ခေါင်းနဲ့မစဉ်းစားတော့ဘဲ အဟုတ်မှတ် အမှန်ထင် လိုက်နာတတ်တဲ့ လေ့ကျင့်မှုတွေဟာ သူတို့ရောက်ရှိရာ Civil Service ဆိုတဲ့ မြို့ပြအုပ်ချုပ်မှုဆိုင်ရာ ဋ္ဌာနအသီးသီးဆီကိုပါ ရောက်ရှိကူးစက်လာပါတော့တယ်။
ပြည်သူ့အုပ်ချုပ်ရေး၊ ဒေသန္တရ အုပ်ချုပ်ရေးဆိုတဲ့ ပြည်သူ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနဲ့ အုပ်ချုပ်ချုပ်ပုံအဆင့်ဆင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ် နည်းများ၊ ညွှန်ကြားချက်များ၊ အမိန့်ကြော်ငြာစာများဆိုတာတွေကို လားလားမှမသိ လုပ်ကိုင်လမ်းညွှန်မှုကို မသိ ဘဲ တပ်သွေး တပ်စိတ်ဆိုတဲ့ ကြီးသူဗိုလ်ကျရေးဝါဒအတိုင်း ရမ်းကားကြမ်းတမ်းစွာနဲ့ ပြုမူဆောင်ရွက်ဖြေရှင်းနည်း များကိုသာ ကျင့်သုံးလေ့ရှိလာပါတယ်။
မြို့ပြအုပ်ချုပ်ရေးမှာ မြို့ပြနေပြည်သူလူထုနှင့် အစိုးရအဖွဲ့အစည်းကြား သတ်မှတ်ပြဋ္ဌာန်းရှိပြီးသား ဥပဒေများကို စနစ်တကျ ပြည်သူများ လိုက်နာတာဝန်ယူတတ်အောင်၊ နူးညံ့ သိမ်မွေ့ နက်ရှိုင်း ကျယ်ပြန့်စွာနဲ့ လုပ်ကိုင်ဆောင်ရွက်ပေးရတဲ့ အမူအကျင့် အသွင်သဏ္ဌန်မျိုးသာဖြစ်ပါတယ်။ အရာရာကို ရေဘူးပေါက်တာမသိ ရေပါဖို့သာသိတဲ့ နမူနာတလွဲကိုကျင့်သုံးပြီး အာဏာကို အလွယ်အသုံးချတဲ့စနစ်နဲ့ ကျင့်ကြံအားထုတ်လာတာကို နေရာ ဋ္ဌာနအသီးသီးမှာ ကျယ်ကျယ်ပြန့်ပြန့် ယခုအခါ တွေ့မြင်လာနေရပါတယ်။
မည်သည့်အစိုးရဋ္ဌာနအသီးသီးက အောက်ခြေ၀န်ထမ်းများမှ ပါဝင်လာတာကို မတွေ့မြင်ရခြင်းပဲဖြစ်ပါတယ် …
ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်နေပါတယ်လို့ ကမ္ဘာကိုကြေညာနေတဲ့ စစ်အစိုးရဟာ ဒီမိုကရေစီရေး တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ရဟန်း၊ ပြည်သူ၊ ကျောင်းသူ၊ ကျောင်းသားအပေါင်းတို့ကို ရိုက်နှက်သတ်ဖြတ် မတရားဖမ်း ဆီး ဥပဒေဘောင်လွတ် ရက်ရက်စက်စက် အကြမ်းဖက်ပြုမှုခဲ့တာဟာ အာဏာလက်လွတ်ဖြစ်ရမှာကို အလွန် ကြောက်ရွံ့စိတ်နဲ့ ပြုမှုကြတာကို တွေ့မြင်ကြရပါတယ်။
အကျဉ်းကျခံ ပြည်သူလူထုနဲ့ ထောင်ဝင်စာလာတွေ့တဲ့ မိသားစုတွေကို နည်းမျိုးစုံနဲ့ ဥပဒေမဲ့ ပြုမှုဆောင် ရွက်တာတွေဟာ စဉ်ဆက်မပြတ်တွေ့မြင်နေရပါတယ်။ တရားစွဲမယ်ဆိုပြီး ပုဒ်မအမျိုးမျိုးတွေတပ်ပြီး တရားရုံးကို မထုတ်၊ မည်ကဲ့သို့သော ပုဒ်မတွေ နည်းဥပဒေတွေမှမရှိ လိုက်ပါနေတဲ့ ရှေ့နေရှေ့ရပ်များကိုတောင်မှ တွေ့ဆုံခွင့် မရဘဲ မေးမြန်းသည့်အခါမှာလည်း မည်သူကမှ ညွှန်ကြားချက် မည်သို့ပေးထားတယ်ဆိုတာကို မသိဘဲ အထက်ကဆိုတဲ့ အသုံးအနှုန်းတခုတည်းနဲ့ သူတို့တွေဟာ နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်လာတယ်။
အခုထောင်ဝင်စာတွေ့ရတဲ့အချိန်အခါတွေမှာလည်း ထိုနည်းတူပဲ နည်းဥပဒေ စည်းမျဉ်းဥပဒေ မပါရှိဘဲ အထက်ကပြောတယ်ဆိုတဲ့ စကားတလုံးတည်းနဲ့ပဲ ပြည်သူလူထုတွေရဲ့ ဆောင်ရွက်နေရတဲ့ကိစ္စအရပ်ရပ်၊ တွေ့ကြုံရဖို့ကိစ္စတွေမှာ အကျပ်အတည်းတွေ၊ အကျဉ်းအမြောင်းတွေ ဖြစ်လာအောင် ဖန်တီးခဲ့ကြပါတယ်။ ဒါတွေ ဟာ စစ်တပ်တွေရဲ့ပြုမှုဆောင်ရွက်ပုံ နည်းစနစ်တွေအတိုင်း မသိမသာနည်း တဖြည်းဖြည်း ကျနော်တို့ကို ၀န်ထမ်းတွေရဲ့ကြားထဲထိအောင် စိမ့်ဝင်လာပြီး စစ်မိန့် စစ်သံအတိုင်း ကျင့်ကြံဖို့ လုပ်ကိုင်ဆောင်ရွက်လာတာဖြစ် ပါတယ်။
ဒီပုံစံနဲ့သာ ဆက်လက်တည်ရှိနေမယ်ဆိုရင် ဒီမိုကရေစီမဆိုထားနဲ့ ဒီမိုကရေစီရဲ့ အစွန်အဖျားကဖြစ်တဲ့ လူသားတွေအတွက် ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးကိုတောင်မှ ဆုံးရှုံးပြီး အဆုံးမှာတော့ ပြည်သူတွေအားလုံးရဲ့ ဘ၀ဟာ ဘာဖြစ်လာမယ်ဆိုတာကို ကျနော်တို့ ဘယ်လိုပြောနိုင်တော့မှာလဲ။ ဒီအဖြစ်အပျက်တွေကို ကျနော်တို့ တွေ အလျင်မြန်ဆုံး ချုပ်ငြိမ်းဖို့အတွက် အားလုံးသောအင်အားတွေနဲ့ လက်တွဲပြီး ဖြေရှင်းဆောင်ရွက်တွန်းလှန်မှ သာလျင် ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီတော်ကြီးဟာ အလျင်မြန်ဆုံးရရှိမှာဖြစ်ပါတယ်။ ။