>စာဖတ်သူတြေ ပေးတဲ့ စာမဵား – ၁


>

စာဖတ်သူတွေ ပေးတဲ့ စာများ
ဇန်န၀ါရီ ၁၅၊ ၂၀၀၈

ပြည်တွင်းက ပေးတဲ့ စာတွေကို သတင်းအနေနဲ့လည်း မတင်နိုင်၊ သူတို့ အသံတွေ၊ အမြင်တွေကိုလည်း အရှိအတိုင်းလည်း မျှဝေပေးချင်တဲ့ ဆန္ဒကလည်း ရှိနေတော့၊ သူတို့ ရေးတဲ့အတိုင်း ပေးစာတွေကို တင်ဆက်ဖို့ စဉ်းစားမိပါတယ်။ ဒီလိုပါ။

ပေးစာ -၁

ကျောင်းသားတွေကို ရုံးထုတ်နေတယ် ဆိုပြီး၊ ထောင်ထဲမှာတင် ရမန်ယူပြီး ရက်ချိန်းတိုးနေတာပါ။ ပြင်ပက မိသားစုတွေမှာ ဟိုပြေး၊ ဒီပြေးနဲ့ ဒုက္ဒရောက်အောင် နှိပ်စက်နေပါတယ်။ ရှေ့နေ ကိစ္စ နားမလည်တော့ အားလုံးမှာ ခံပေအုးံတော့ပါပဲ။ ဘယ်သူ့ သွားမေးရမလဲ၊ ဘယ်သူ့ သွား တိုင်ရမလဲ။

ပေးစာ – ၂

ဇန်န၀ါရီ ၁၄ ရက် – ဒီငြိမ်းလင်း၊ ဦကျော်ဆန်း ကို ၅၀၅ ပုဒ်မ နဲ့ ဆွဲ ထားတယ်။ တရား ရုံး ထုတ်မယ်ဆိုပြီး မထုတ်ဖြစ်ဘူး။

ဇန်န၀ါရီ ၁၅ ရက် – ကိုမင်းဇေယျာ ၊ ကိုအောင်သူ၊ ကိုသန်းမြင့် ၊ ကိုမြင့်ဟန် ၊ ကိုအောင်သန်းမြင့် ၊ ကိုတင်ဝင်း၊ ကိုအောင်ကျော်ကျော် ၊ ကိုအောင်နိင် နှင့် ကိုကို တို့ကို သီးသန့် ကနေ ထောင်မကြီးကို ပြောင်းရွှေ့ သွားပါတယ်။ ဘာကြောင့် ဆိုတာကို မသိရပါ။

ဇန်န၀ါရီ ၁၆ ရက် – မောင်စည်သူမောင် (၂၁ နှစ်)၊ မောင်ရဲမြတ်ဟိန်း (၁၇ နှစ်)၊ မောင်ရဲမင်းဦး (၂၂ နှစ်)၊ ကိုကြည် ဖြူ၊ ဦးသိန်းဆွေ တို့ ကို ၅၀၅ (ခ) နဲ့  ဗဟန်းမှာ ရုံးထုတ်မယ်။

ပုဒ်မ – ၅၀၅ ၊ ၅၀၅ ( ခ ) ဆိုသည်မှာ ဆူပူလှုံဆော်မှု နှင့်စပ်လျဉ်းသည်။ ထောင်ပြောင်းရွေ့ မှုနဲ့ ပတ်သက်ပြီး ဘာကြောင့် ရွှေ့ တယ် ဆိုတာကို မသိရသေးပါ။

ပေးစာ – ၃

ဗုံးပေါက်ပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ မီးတွေ ပိုပျက်လာပါတယ်။ ည ၈ နာရီ ကျော်ရင် ဘတ်စကား၊ လိုင်းကားတို့ မရှိတော့ပါဘူး။ လူတွေကလည်း ကျီးလန့်သလို လန့်နေရတယ်။

ဘုန်းကြီးကျောင်းတကျောင်းက သံဃာ အပါး ၂၀ ကို ဖမ်းပြန်ပြီ ကြားပါတယ်။

ဖမ်းထားသူတွေကို ရုံးတင်၊ ရုံးထုတ်တာတွေ လုပ်နေပြီ။ နိုင်ငံရေး အကျဉ်းသားတွေဖက်က ရပ်တည်ပြီး လိုက်ပေးမယ့် ရှေ့နေတွေ အများကြီးလိုနေတယ်။ ဦးမြင့်သိန်း တယောက်တည်းနဲ့တော့ နိုင်မှာ မဟုတ်ဘူး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts