>ဇာဂနာ နဲႚသီးေလးသီး ရဲႚ ဆေးရောင်စုံ အူငိမ့်ခန်းမဵား – ၂

>

ဇာဂနာ နဲ့ သီးလေးသီး ရဲ့ ဆေးရောင်စုံ အငြိမ့်ပြက်လုံးခွင်များ – ၂
ဇာဂနာ

ဇန်န၀ါရီ ၁၁၊ ၂၀၀၈

စိန်သီး ကောင်ကလေး … ကောင်ကလေး … မလေးရှားကို လိုက်မလား၊ မလေးရှားကို လိုက်မလား …

ပန်းသီး။ မလိုက်ဘူး … မလိုက်ဘူး …။ ဘယ်နိုင်ငံမှ မလိုက်ဘူး။ ဗမာပြည်ကို တို့ချစ်တယ် … တို့နိုင်ငံကို တို့ ချစ်တယ်။ ဘယ်နိုင်ငံမှ မလိုက်ဘူး။

စိန်သီး။ ။ မီးရထား … မီးရထား … ။ မလေးရှားက မီးရထား… တနာရီ နောက်ကျသွားရင်၊ တမိနစ် နောက်ကျသွားရင်၊ ခရီးသွား လုပ်သားပြည်သူ လျော်ကြေးရတဲ့ မီးရထား။

ပန်းသီး။ ဒီလောက်တော့ တို့က မမှုဘူး။ ဗမာပြည် … ဗမာပြည် … အရမ်းကောင်းတဲ့ ဗမာပြည်။ သောက်ကျိုးနည်း ကောင်းတဲ့ ဗမာပြည်။ မီးရထား … မီးရထား … ဗမာပြည်က မီးရထား၊ တနာရီဝင်မယ် ပြောပြီး … တနာရီရောက်မယ် ပြောပြီး … တနေ့လုံး ပျောက်တာ … တို့ရထား။

ဇီးသီး။ လမ်းမများ … လမ်းမများ … မလေးရှားက လမ်းမများ၊ မလေးရှားက လမ်းမများ။ လမ်းမပေါ် အမှိုက် မပစ်ဘူး။ လမ်းမပေါ် တံတွေး မထွေးဘူး။ အဲဒီလို အရမ်းသန့်တဲ့ မလေးရှားက လမ်းမများ …

ကြယ်သီး။ ဒီလောက်တော့ တို့က မမှုဘူး။ ဗမာပြည် … ဗမာပြည် … အရမ်းကောင်းတဲ့ ဗမာပြည်၊ သောက်ကျိုးနည်း ကောင်းတဲ့ ဗမာပြည်။ လမ်းမများ … လမ်းမများ … ဗမာပြည်က လမ်းမများ၊ ဗမာပြည်က လမ်းမများ၊ လမ်းမ ပေါ် အမှိုက် မပစ်ဘူး၊ လမ်းမပေါ် တံတွေး မထွေးဘူး၊ တိုက်နံရံ ဘေးနားကပ်ပြီး ရှူရှူးပေါက်တာ တို့ဗမာ …။

စိန်သီး။ မလေးရှား … မလေးရှား … (အရမ်း ကောင်းတဲ့ မလေးရှား)၂ ။ နာရီနဲ့ လုပ်ခ ရတယ်၊ ၀င်ငွေတွေ အရမ်းကောင်းတယ်၊ မလေးရှားက အလုပ်သမား …

ပန်းသီး။ ဒီလောက်တော့ တို့က မမှုဘူး။ ဗမာပြည် … ဗမာပြည် … အရမ်းကောင်းတဲ့ ဗမာပြည်၊ သောက်ကျိုးနည်း ကောင်းတဲ့ ဗမာပြည်။ လက်မှတ်လေး တချက်ထိုးရင် … ဖုန်းကလေး တစ်ချက် နှိပ်ရင် … ဒေါ်လာတွေ သိန်းချီရတဲ့ ဗမာပြည်က အကြံအဖန်များ …

ဇီးသီး။ (ဘုန်းကြီးကျောင်း)၂ … မလေးရှားက ဘုန်းကြီးကျောင်း …။ ဒကာတွေ လှူဒါန်းထားလို့ … ဆရာတော်တွေ မျက်နှာပန်းပွင့်ပေါ့ … သာသနာတော် အစဉ် ထွန်းကားလို့ ဘုန်းကြီးကျောင်းတွေ လွန်ပေါများ …။

ဂေါ်ဇီလာ။ ဒီလောက်တော့ တို့ကမမှုဘူး၊ ဗမာပြည် … ဗမာပြည် … အရမ်းကောင်းတဲ့ ဗမာပြည်၊ သောက်ကျိုးနည်း ကောင်းတဲ့ ဗမာပြည်၊ ဘုန်းကြီးကျောင်း ထောင် သောင်း မကပါ … ဘယ်သူမဆို လာကြည့်ကြပါ …. အဝေးကပင် မြင်လို့ရတာ … ချိတ်ပိတ်ထားတဲ့ ဘုန်းကြီးကျောင်း …။

စဉ်းစားမိနေတာ ကြာပါပြီ။ အိမ်နီးချင်းနိုင်ငံတွေမှာ ဂန္ဒီ၊ နေရူး၊ ချန္ဒရာဘို့စ် တို့အကြောင်းတွေ ရုပ်ရှင်ရိုက်ကြ၊ ပြနေကြပေမယ့် … ကျွန်တော်တို့ဆီမှာတော့ ဘယ်မှာလဲ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်။ ဆင်ဆာကြောင့်၊ အတေးအညှိုးတွေကြောင့်လို့ အကြောင်းပြကြရင်တော့ ဖြစ်တာပေါ့။ ဒါပေမဲ့ ဦးနုအစိုးရ လက်ထက်ကလည်း ဘယ်သူမှ မလုပ်ခဲ့ကြပါဘူး။ ဒါကြောင့် ဒီနေရာကနေ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကို စတင် မွေးဖွားကြပါစို့။ ကျွန်တော်စိတ်ကူးမိသလို ရုပ်ရှင်ဇာတ်ညွှန်းကို ရေးပြီး တင်ပြလိုက်ပါတယ်။ မည်သူမဆို ဆွေးနွေးပါ၊ ဝေဖန်ပေးပါ၊ ထောက်ပြပေးပါ၊ အားမနာပါနဲ့၊ ကိုယ်တိုင်လည်း ၀င်ရေးပေးကြပါ။ ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီးအတွက် ကျွန်တော်တို့ လုပ်ကြရအောင်ပါ။ ကျွန်တော်သေသွားရင် ကျန်တဲ့လူတွေ ဆက်လုပ်ပေးကြပါ။ သားတို့၊ သမီးတို့၊ တူတို့၊ တူမတို့ ဒီဇာတ်ကားကြီး မြန်မာ့သမိုင်းမှာ ပေါ်ပေါက်လာအောင် ဆက်လက် တာဝန်ယူပေးကြပါ အားလုံးကို ဖိတ်ခေါ်ပါတယ် ခင်ဗျား။ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts