>မုိးမခရဲႚသေရာ္စာခဵႂိခဵႂိ – ဴပည္သူႚသေဘာထား၊ မဵက္စိဴမင္ဴပီ၊ ဦးြေိာံက်ဟင်း

>

မိုးမခရဲ့သရော်စာချိုချို – ပြည်သူ့သဘောထား၊ မျက်စိမြင်ပြီ၊ ဦးနှောက်ဟင်း
သတင်းနှင့် မီဒီယာကွန်ယက်
ဇန်န၀ါရီ ၁၀၊ ၂၀၀၈

ပြည်သူ့ သဘောထား

ရန်ကုန်က ဆောက်လက်စ အဆောက်အဦတခုပေါ်မှ အုတ်ခဲတလုံး လမ်းသွားတဦး ခေါင်းပေါ်သို့ တည့်တည့် ကျသည်။ ဒဏ်ရာပြင်း၍ ပွဲချင်းပြီး သေဆုံးသွားသည်။ လူအုပ်ကြီး ၀ိုင်းလာကာ တယောက် တပေါက် မကျေမနပ်ပြောကြသည်။

“လမ်းတောင် လွတ်လွတ်လပ်လပ် လျှောက်လို့မရတော့ဘူး ”

“တာဝန်ရှိသူတွေက ဒီအတိုင်း ကြည့်နေတော့ မှာလား။”

“ပြည်သူတွေ အတွက်လည်း စဉ်းစားကြပါအုံး၊”

ထိုသို့ ပြောဆိုနေစဉ် လူအုပ်ကြားမှ လူတစ်ယောက်က “သူ့ကို ကျနော် ကောင်းကောင်း သိတယ်ဗျ။ ဒီလူ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက လူတယောက်ပဲ။”

လူအုပ်ကြီးထဲမှ မကျေနပ်သံများ ပို၍ ကျယ်ကျယ်လောင်လောင် ထွက်လာတော့သည်။

“အဲဒီကြံ့ဖွတ်တွေ လွန်ကို လွန်လွန်းတယ်။ ဘယ်သွားသွား သူတို့ချည်းပဲ။ အခုကြည့်လေ အုတ်ခဲတောင် လွတ်လွတ်လပ်လပ် ကျဖို့နေရာ မရှိဘူး၊”

ဦးနှောက်ဟင်း

သတင်း ထောက် တယောက် ဆောင်းပါးရေးရန် လမ်းပြနှင့်အတူ လူသားစား လူရိုင်းများ နေထိုင်ရာ ဒေသကို ရောက်လာသည်၊၊ လမ်းပြက ပြောလိုက်သည်။

“ရှေ့မှာ ထမင်းဆိုင် ရှိတယ်။ ထူးထူးဆန်းဆန်း ဟင်းတွေ ရ တတ်တယ်၊”

သတင်းထောက်ဆိုင်ထဲဝင်လိုက်သည်၊ ကောင်တာရှေ့တွင် ကြော်ငြာသင်ပုန်းတစ်ချပ် ထောင်ထားသည်။

ယနေ့အထူးဟင်းလျာ
ဦးနှောက်ဟင်းများ
ဆရာဝန် ဦးနှောက် ၅၀ သား ၅,၀၀၀ ကျပ်
ရှေ့နေ ဦးနှောက် ၅၀ သား – ၆,၀၀၀ ကျပ်
ကျောင်းဆရာ ဦးနှောက် ၅၀ သား – ၇,၀၀၀ ကျပ်
ကြံ့ဖွံ့ဦးနှောက် ၅၀ သား – ၄၀,၀၀၀ ကျပ်

သတင်းထောက်က တအံ့တသြမေးမိသည်။ “ကြံ့ဖွံ့ ဦးနှောက်က တော်တော် စားကောင်းသလား။”

မြန်မာစကားတတ်သော ဆိုင်ရှင်က ၀င်ဖြေလိုက်သည်။

“မဟုတ်ပါဘူး၊ ၅၀ သားပြည့်ဖို့ ကြံ့ဖွံ့တွေအများကြီး သတ်ရလိုပါ။”

မျက်စိမြင်ပြီ

ဖိုးသားလေးက ဆရာမကို ပြောသည်၊

“ဆရာမ၊ ဆရာမ၊ ကျနော်တို့အိမ်မှာ ကြောင်သားလေး ငါးကောင် မွေးတယ်။ အားလုံး ကြံ့ဖွံ့တွေချည်းပဲ။”

အလုပ်ရှုပ်နေသော ဆရာမက ဘာမှ ပြန်မပြောလိုက်။

နောက်တပတ်ခန့်ကြာသောအခါ ဆရာမက ဖိုးသားလေးကို တွေ့တော့ မေးလိုက်သည်။

“ဖိုးသား … မင်းအိမ်က ကြံ့ဖွံ့တွေ နေကောင်းလား။”

ဖိုးသားလေး ပြန်ဖြေသည်။

“သူတို့ အခု ကြံ့ဖွံ့မဟုတ်တော့ဘူး၊ သူတို့ မျက်စိ ပွင့်နေကြပြီ။”

(မှတ်ချက် – သတင်းနှင့် မီဒီယာကွန်ယက် အင်တာနက် စာမျက်နှာတွင် ဖော်ပြခဲ့ဖူးသော ဟာသများဖြစ်သည်။)

ကာတွန်းသရုပ်ဖော် – အော်ပီကျယ် (ပြန်လည်ကောက်နုတ်သည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts