Uncategorized

News and Media

မြ၀တီမြို့ သောင်ရင်းမြစ်ရေ (၁၅) နှစ်အတွင်း ရေအကြီးဆုံးဖြစ်
မဲဆောက်သားလေ
သြဂုတ်လ ၁၊ ၂၀၁၃

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့ တွင် ဇူလိုင်လ (၂၉) ရက်နေ့မှ စတင်ပြီး ရွာလိုက်သော မိုးကြောင့် ဇူလိုင်လ (၃၀) ရက်နေ့ ညနေပိုင်းတွင် မြ၀တီမြို့တွင် ရေအကြီးဆုံး အခြေအနေသို့ ရောက်ရှိခဲ့ပြီး (၁၅) နှစ်အတွင်း အကြီးဆုံးဖြစ်ကြောင်း မြို့ခံလူကြီးများမှ ပြောကြားပါတယ်။ မြရေအကြီးဆုံးအချိန်တွင် မြ၀တီမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အထိ ရေနစ်မြုတ်ခဲ့ပြီး အမှတ် (၁) နှင့် (၅) ရပ်ကွက်များ ကမ်းနားတစ်လျှောက်ရှိ နေရာများ လှေဂိတ်များအားလုံး ရေမြုတ်ခဲ့ပြီး လူ (၁၀၀၀၀) ကျော် အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ရပါတယ်။ ကယ် ဆယ်ေ၇းများအနေဖြင့် မြ၀တီမြို့ တောရဘုန်တော်ကြီးကျောင်း အပါအ၀င် နေရာတော်တော်များများတွင် စခန်းများဖွင့်ထားကြပါတယ်။ အုပ်ချုပ်ရေးအာဏာပိုင်များ ပါတီအသီးသီးမှ ပုဂ္ဂိုလ်များ လူမှု့ရေးအသင်းအဖွဲ့များ ငြိမ်းချမ်းရေး တပ်ဖွဲ့များက ကယ်ဆယ်ရေးနှင့် ဆေးဝါးများ ထမင်းထုတ်များ ပိုဆောင်လှူဒါန်း ကူညီခဲ့ကြပါတယ်။ ၃၁-၇-၂၀၁၃ ညနေပိုင်းမှစတင်ပြီး ရေကျဆင်းခဲ့ကာ ၁-၈-၂၀၁၃ နေလည် ၁၂း၀၀ နာရီတွင် ချစ်ကြည်ရေးတံတားအား ပြန်လည်ဖွင့်ထားနိုင်ကြောင်း သိရပါတယ်။ လူ (၁၀) ဦးထက်မနည်း သေဆုံးပြီး (၃၀) ခန့် ပျောက်ဆုံးနေတယ် လိုလည်း ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ ကြသိရပါတယ်။

 

ပုံတွင် မြ၀တီအခြေစိုက် KNU/KNLA-PC အမှတ်(၇၀၉) တပ်ရင်းမှ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းနှင့် ငွေနှင့် စာသောက်စရာများ ရေနှင့် အချိုရေများ လှူဒါန်းနေစဉ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts