>PRESS RELEASE – 2/2007 – Sasana Moli’s Patron Sayadaw U Kovida’s Upcoming Visit to the West Coast

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

> သတင်းထုတ်ပြန်ခက် – ၂/ ၂၀၀၇

သာသနာ့မောဠိ ပဓာနစေရ ဆရာတော် ဦးကောဝိဒ ၏ အမေရိကန် အနောက်ခြမ်းခရီးစဉ်အား အသိပေးခြင်း

နေစွဲ – နိုဝင်ဘာ ၂၆၊ ၂၀၀၇

(၁) ဆရာတော်ဘုရားကြီးသည် ဆန်ဖရန်စစ္စကို တက္ကသိုလ် (USF) မှ မြန်မာပြည်တွင်းရှိ ဗုဒ္ဓဘာသာ ရဟန်းတော်များအား ဂုဏ်ပြုချီးမြှင့်မည့် ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်သည့် အခမ်းအနားသို့ ကိုယ်စားပြု တက်ရောက် လက်ခံမည် ဖြစ်သည်။ ဘွဲ့နှင်းသဘင်တွင်လည်း ဘွဲ့ယူကျောင်းသားများအား ဆရာတော်ဘုရားကြီးက သံဃာတော်များကိုယ်စား အမှာစကားမိန့်ကြားပေးမည် ဖြစ်သည်။ အခမ်းအနားကို တက္ကသိုလ်ပရ၀ုဏ်တွင်းရှိ စိန့်အစ်ဂနာတီးယပ်စ် ဘုရားကျောင်းတွင်၊ ဒီဇင်ဘာ ၁၄၊ ၂၀၀၇၊ ညနေ ၃ နာရီ ၃၀ မိနစ်တွင် စတင်ကျင်းပမည် ဖြစ်သည်။

(၂) ထိုဂုဏ်ထူးဆောင်ဘွဲ့သည် ဗုဒ္ဓဘာသာ အဆုံးအမများနှင့်အညီ၊ အကြမ်းမဖက် ငြိမ်းချမ်းစွာဖြင့်၊ ရဲရင့် တည်ကြည်စွာ ရပ်တည်ပြီး မြန်မာပြည်စစ်အာဏာရှင်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြသော မြန်မာပြည်တွင်းရှိ မြန်မာရဟန်းတော်များ အားလုံးကို အလေးအနက်ပြု ပေးအပ်ခြင်း ဖြစ်သည်။

(၃) ဆရာတော်ဘုရားကြီးသည် သိက္ခာတော်၊ ၀ါတော် ကြီးမြင့်သည့် သက်တော် ၈၀ကျော်၊ သာသနာပြု စာသင်စာချသက် ၅၀ ကျော် ရှိပြီဖြစ်သည့် ဆရာတော်ကြီး တပါးဖြစ်ခြင်း၊ စာသင်သား ရဟန်းတော်များ လက်စွဲ တရားကျမ်းစာပေါင်း မြောက်များစွာ ပြုစုရေးသား ထုတ်ဝေတော်မူခဲ့ခြင်း၊ မြန်မာပြည်တွင်းရှိ စာသင်သား ရဟန်းတော်များအတွက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဆရာတော်ကြီး တပါးဖြစ်ခြင်း စသည့် ဂုဏ်တော်များနှင့် ကြော်ကြားသော ဆရာတော်ကြီး ဖြစ်ပါသည်။

(၄) ၁၉၉၀ နောက်ပိုင်း ပြည်ပသို့ မထွက်ခွာမီ အချိန်အထိ၊ ဂုဏ်သိက္ခာကြီးမားလှသည့် မန္တလေး မစိုးရိမ် စာသင်တိုက်ကြီး၏ ကျောင်းအုပ်ဆရာတော်ကြီး အဖြစ် ဆောင်ရွက်တော်မူခဲ့ခြင်း၊ ၁၉၉၀ ပြည့်နှစ်တွင် စစ်အစိုးရ၏ မတရားမှုများကို ကန့်ကွက်သောအားဖြင့် သံဃာတော်များက သပိတ်မှောက် ကံဆောင်စဉ်ကလည်း ဦးဆောင်မှုပေးခြင်း၊ ထောက်ခံခဲ့ခြင်း၊ သို့အတွက် စစ်အစိုးရက ဆရာတော်ဘုရားကြီးကို ထောင် ၃ နှစ် ချခဲ့စဉ်ကလည်ုး ရဲရင့်တည်ကြည်စွာ သာသနာရေးအတွက် မယိမ်းမယိုင် ရပ်တည်ခဲ့ခြင်း တို့ဖြင့် ထင်ရှားသော ဆရာတော်ကြီးတပါး ဖြစ်ပါသည်။

(၅) စက်တင်ဘာ ၂၀၀၇ တွင်လည်း မြန်မာပြည်ရှိ ရဟန်းသံဃာတော်များက မေတ္တာပို့သပြီး ပြည်သူတို့ ချမ်းသာရေးအတွက် ချီတက်ဆန္ဒပြစဉ်၊ စစ်အာဏာရှင်များက အကြမ်းဖက် တိုက်ခိုက် နှိပ်စက်ကြသဖြင့်၊ မြန်မာပြည်ရှိ ရဟန်းသံဃာများအားလုံး ဆုံးဖြတ်ပြီး သပိတ်မှောက် ကံဆောင်တော်မူသည်တွင်လည်း ဆရာတော်ကြီးက ထောက်ခံအားပေးရပ်တည်တော်မူခြင်း၊ ပြည်တွင်းရှိ သံဃာတော်များ၏ သပိတ်မှောက် ကံဆောင်မှုကို စစ်အစိုးရက သွေးမြေကျအောင် နှိမ်နှင်း၊ မတရား အရေးယူသောအခါ၊ ပြည်ပရောက် သာသနာပြု ဆရာတော်ကြီးများ အားလုံးနှင့် တညီတညွတ်တည်း ထကြွကြုပီး၊ သာသနာနှင့် သံဃာတော်များကို ကာကွယ်ရန်၊ စောင့်ရှောက်ရန် နှင့် သာသနာရေးကို ဆက်လက်ဆောင်ရွက်ကြရန် ရည်ရွယ်လျှက်၊ သာသနာ့မောဠိ – နိုင်ငံတကာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်ကြီးကို ထူထောင်တော်မူခြင်းတို့ကို မဆုတ်မနစ် လုံလပြုတော်မူသော ဆရာတော်ဘုရားကြီး ဖြစ်ပါသည်။

(၆) ယခုအချိန်တွင် ဆရာတော်ဘုရားကြီးနှင့် ပြည်ပရောက် သာသနာပြု ဆရာတော်ကြီးများအားလုံးသည် သာသနာ့မောဠိအဖွဲ့ချုပ်ကြီးနှင့်တကွ ပြည်တွင်း ပြည်ပရှိ ရဟန်းသံဃာတော်များ ကိုယ်စားပြုလျှက်၊ မြန်မာပြည် သာသနာပြန်လည် ထွန်းကားရေး၊ ကမ္ဘာတ၀ှမ်းလုံးတွင်လည်း ဘာသာရေး လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း နှင့် သာယာဝပြောခြင်းတို့ ပြန့်နှံ့စေရေးတို့အတွက် ခရီးလှည့်လည်ပြီး အလင်းတန်ဆောင် တရားတော်တို့ ဟောပြောလျှက်ရှိပါသည်။

(၇) ယခု အမေရိကန်ပြည် အနောက်ခြမ်းဒေသ သို့ ရောက်ရှိနေစဉ်အတွင်း၊ ဆရာတော်ဘုရားကြီးသည် စိတ်ပါဝင်စားသူများ၊ အမျိုး ဘာသာ သာသနာအရေး ဆောင်ရွက်သူများ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ လူအများနှင့် တွေ့ဆုံပြီး သြ၀ါဒ ပေးပွဲများ၊ ဆွေးနွေးပွဲများ ပြုလုပ်ပြီး မြန်မာပြည်အရေး၊ သာသနာရေးကိစ္စများကို ရှင်းလင်း ပြသတော်မူမည် ဖြစ်ပါသည်။

(၈) သို့ဖြစ်ပါ၍၊ စေတနာရှင်များ၊ ကုသိုလ်ယူလိုသူများ၊ ၀ိုင်းဝန်းဆောင်ရွက် အကျိုးဆောင်လိုသူ ဆရာ၊ ဒါယကာ၊ ဒါယိကာမ၊ ဥပါသကာ နှင့် ဥပါသိကေများ၊ အဖွဲ့အစည်းများ၏ ၀ိုင်းဝန်း ကူညီ အားပေး ထောက်ခံမှုများကို သာသနာ့မောဠိအဖွဲ့ချုပ်ကြီးက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျှက် ရှိပါသည်။

(၉) ဆရာတော်ဘုရားကြီး၏ ခရီးစဉ်နှင့် အစီအစဉ်များကို သာသနာ့မောဠိ အဖွဲ့ချုပ်ကြီး၏ အင်တာနက် စာမျက်နှာ နှင့် အင်တာနက် စာတိုက်သေတ္တာမှတဆင့် အမြဲမပြတ် ပြန်ကြားပေးနေမည် ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။ အောက်ပါ ပုဂ္ဂိုလ်များနှင့်လည်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Ashin Gunissara, Dhammajoti Vihara, Los Angeles, CA ( tawwin@yahoo.comThis e-mail address is being protected from spam bots, you need JavaScript enabled to view it )

Ashin Nanika, Mettananda Vihara, Fremont, CA ( ashinnanika@yahoo.comThis e-mail address is being protected from spam bots, you need JavaScript enabled to view it )

Ashin Osadha, Dhammananda Vihara, Half Moon Bay, CA ( osadha.ashin@gmail.comThis e-mail address is being protected from spam bots, you need JavaScript enabled to view it )

Maung Yit, MoeMaKa Burmese News & Media, San Francisco, CA ( maungyit@gmail.comThis e-mail address is being protected from spam bots, you need JavaScript enabled to view it )

website – http://www.SasanaMoli.Org email – contact@sasanamoli.orgThis e-mail address is being protected from spam bots, you need JavaScript enabled to view it


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts