>ူမန်မာူပည်ဒီမိုကရေစီရေိးံငြ့် ဒေၞအောင်ဆန်းစုကည် ဟောကိန်း

>


မြန်မာပြည် ဒီမိုကရေစီရေး နှင့် ဒေါ်အောင်ဆန်းစုကြည်

ဆရာကြီးဝေဒဂူ

ဇောတိသဝေဒမဂ္ဂဇင်းစာတည်းချုပ် ဆရာမြိုင်က ဘယ်သူ့ဆီကရသည်မသိ ညဥ့် ၈နာရီ၄၅မိနစ်ဖွားဟုတွက်ထား ၏်။မမှန်ပါ။ဖက်ဆစ်တော်လှန်ရေး ဖြစ်သောအခါ ဒေါ်ခင်ကြည်မိသားစုကို ရဲဘော်တွေက မြောင်းမြမြို့သို့ တိတ်တဆိတ်ပို့သည်။ မြောင်းမြရောက်ကာနီး ရွာ တစ် ရွာရောက်လျင် ဒေါ်ခင်ကြည် နေမကောင်း ၍ သူကြီးအိမ်မှာ ထားပြီး ရဲဘော်တွေက ဘုန်းကြီးကျောင်းမှာ အိပ်ကြရသည်။အထက်ပါနေ့နံက် ၁၀ နာရီ ခွဲတွင် ဖွားမြင်သည် ဟု ပါသွားသည့် ဗိုလ်မှူးတစ်ယောက်က ပြောသွားပါသည်။

ဤဇာတာ အရ တနင်္ဂနွေြ၈ိုဟ် ကို ရာဟု နှင့် စနေ တို့က လာဘ အိမ်တွင် ပူးယှဉ် ထားသောကြောင့် ဖခင်ဖြစ်သူ စောစွာကွယ်လွန်ရသည်။တနင်္လာသည် ကတုမ္ပအိမ်၌ ရပ်တည်နေ၍ မိခင်က အကျိုးပြုသည်။

လဂ် ၏ ကိုးတန့် သုဘ (တင့်တယ်ခြင်း)အိမ်၌ သောကြာ နှင့် အင်္ဂါ ပူးနေ၍ ကသစ် ဂြိုဟ် အင်္ဂါ ကို သောကြာ အကျိုးပြုနေသဖြင့် နိုင်ငံခြားသား ချစ်သူ နှင့်တွေ့ရသည်။

ထိုချစ်သူသည် သောကြာ ဂြိုဟ် အားကောင်းသဖြင့် ပညာရှိ တွေးခေါ်ပညာရှင် ဖြစ်၍ နီပေါ ဘူတန် နိုင်ငံတို့သို့ တက်၍ ဗုဒ္ဓဘာသာ အကြောင်းလေ့လာချက် စာတန်းပြုစုပြီး ဒေါက်တာ ဘွဲ့ကို ရခဲ့သည်။

လဂ် သည် သိဟ်ရာသီ လဂ် ဖြစ်၍ ကြာသပတေး ဂြိုဟ် ကြီး ပူးယှဉ်နေသောကြောင့် ဇာတာရှင်အား ပုဂ္ဂိုလ် ကြီးတစ်ဦး စောင့်ရှောက်နေသည်။ သူ့ကိုမကောင်းပြောသူ မကောင်းပြုသူ မှန်သမျှ ပျက်စီးရမည်။

အသက် ၄၃ နှစ်က မြန်မာနိုင်ငံသို့ရောက်လာသည်။ ထိုအချိန်တွင် စနေ ဒသာ ထဲဝင်သွားသဖြင့် ၁၉နှစ်လုံးလုံး အကျပ်အတည်း အခက်အခဲ နှင့် ကြုံရသည်။ယခု ၂၀၀၇ ခုနှစ်တွင် စနေ ဒသာ ကုန်၍ ဗုဒ္ဓဟူးဒသာ သို့ ၀င်သည်။ဗုဒ္ဓဟူးသည် လာဘ အိမ်တွင် ရာဟု နှင့်ပူးနေပြန်သဖြင့် လေ ပြေလေညှင်း နှင့် လေပြင်း မုန်တိုင်းတွန်းအား ကြော င့်အမြန်ဆုံးတိုးတက်အောင်မြင်ရမည်။

ဤတွင် ပြည်တွင်းပြည်ပ ကူညီမှုအင်အားရရှိမည်။တနင်္လာ ဂြိုဟ်သည် ဒီမိုကရေစီြ၈ိုဟ် ဖြစ်၍မျက်နှာ ရာသီ ၌ နေခြင်းကြောင့် မျက်နှာ မြင် ချစ်ခင်ပါစေ အသံ ကြား သနားပါစေ ဆုနှင့် ပြည့်စုံသည်။ပြည်သူအားလုံး၏ မေတ္တာကိုခံယူ၇မည်။ဒီမိုကရေစီ ၏မိခင်ကြီးအဖြစ် အသိအမှတ်ပြုရမည်။

ဆရာကြီးဝေဒဂူ

မှတ်ချက်
ဆရာ ဝေဒဂူ သည် ပိုက်ဆံယူ ဗေဒင်ဟောသူမဟုတ်ချေ။ဖော်ပြပါဟောစာတန်းကို ပြီးခဲ့သည့်နှစ်က မိုးမခ မှာ နိုင်ငံရေးဟောကိန်းအဖြစ် ဖော်ပြပြီးဖြစ်သည်။၂၀၀၃ ခုနှစ်က ဒေါ်စုအား စစ်ကိုင်းတိုင်းသို့ မသွားရန် နှင့် သွားခဲ့ပါက အလုပ်ကြံခံရမည် ဟု ကြိုပြောခဲ့သူဖြစ်သည်။မှတ်မှတ်ရရ ဂုဏ်ပြုဖော်ပြလိုက်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts