ဓာတ်ပုံသတင်း

SF Bay Area Burmese Celebrate 88 – 25 Years in Oakland

ဆန်ဖရန်ဘေးဧရိယာ ၈လေးလုံး ငွေရတုအကြိုပွဲ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းဇေယျာ ဆင်နွှဲ

မိုးမခဓာတ်ပုံသတင်း၊ ကျော်နိုင်၊ သြဂုတ် ၅၊ ၂၀၁၃

သြဂုတ်လ ၃ ရက်နေ့ တွင် ၂၅ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံကြီး ငွေရတုသဘင် အကြိုပွဲ အခမ်းအနားကို ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ ဥက္ကလံမြို့ တွင် ကျင်းပခဲ့ပါသည်။ မနက်ပိုင်းတွင် ၂၅ နှစ်တာအတွင်း ဒီမိုကရေနှင့် လူ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကျသော ရဟန်းရှင်လူ ကျောင်းသားလူငယ်အပေါင်းတို့ အား ရည်စူး၍ သံဃာတော်များကို ဆွမ်းဟင်းများကပ်လှူပူဇော်ကြပါသည်။   
ထိုပွဲကို ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းဇေယျာမှ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ကိုမင်းဇေယျာမှ အမေရိကန်ခရီးစဉ်အတွင်း တွေ့ ကြုံခဲ့သည်များကို ကိုးကားပြီး၊ အဓိကပြောဆိုခဲ့သည်မှာ ပြည်တွင်းပြည်ပအင်အားစုများအနေဖြင့် ညီညီညွတ်ညွတ်၊ စုစုစည်းစည်းဖြင့် ပူးပေါင်းဆောင်ရွက်ကာရှေ့ ဆက်၍ ဒီမိုကရေစီအရေးကို ဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ပါသည်။ ထိုအခမ်းအနားကို ပရိတ်သတ် ၁၀၀ ကျော်တက်ရောက်၍ ကမ္ဘာမကြေဘူးသီချင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts