မိုးမခ၊ သြဂုတ် ၇၊ ၂၀၁၃
လက်ခံရရှိတဲ့ အရေးတော်ပုံမှတ်တမ်းဓာတ်ပုံများကို မိုးမခကတဆင့် တင်ဆက်မျှဝေလိုက်ပါတယ်။ ၁၉၈၈ အရေးတော်ပုံအတွင်းက ရန်ကုန်မြို့မြင်ကွင်း သတင်းဓါတ်ပုံများကို စစ်ထောက်လှမ်းရေးဟောင်း တဦးဆီကတဆင့် ရရှိပါတယ်။ ဓါတ်ပုံနောက်ကျောမှ မှတ်တမ်းလက်ရေးများအရ ဓါတ်ပုံပိုင်ရှင်များ (လက်ရေးများတခုနဲ့ တခု မတူပါ) ထံမှ ထောက်လှမ်းရေးက ရယူသိမ်းဆည်းထားသောပုံများ ဖြစ်ပုံရပါတယ်။ မူရင်းဓါတ်ပုံပိုင်ရှင်များမှာ ဘယ်သူတွေလဲ၊ ဘယ်ဆီရောက်နေပြီလဲ မသိပါ။