မင်းညွှန့်လှိုင်

မင်းညွှန့်လှိုင် – မသင်္ကာစရာ ဆောင်း

မ သ င်္ကာ စ ရာေ ဆာ င်း
မင်းညွှန့်လှိုင်
ဒီဇင်ဘာ ၂၀၊ ၂၀၁၃


ကင်းသမားရဲ့သံချောင်းခေါက်သံတွေ
နည်းရာကများလာ
များရာကပြန်နည်းသွားပြီ ။

မင်းသုပ်ကျွေးတဲ့လက်ဖက်သုပ်လည်းမစားရ
မင်းဖျော်တိုက်တဲ့ကော်ဖီမစ်လည်းမသောက်ရ
ငါ့မှာ
မျက်လုံးတွေဘာ့ကြောင့်ကြောင်နေရတာလဲ ။

မင့်လက်နဲ့
ရေသန့်ဗူးခွံထဲထည့်ပေးခဲ့
အုန်းဆီတွေလည်း
ဟောက်ပက်ကြီးဖြူခဲနေလေရဲ့ ။

လိုအပ်တာထက်ပိုအေးစက်ပြပုံဟာ
သိပ်မရိုးသားဘူး ။           ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts