Uncategorized

Wutt Hmoe (Former Staff) – Articles

ဧရာဝတီကျော်မြင့်ရဲ့ လီကွမ်းယူ 
ဝတ်မှုန် (၀န်ထမ်းဟောင်းတဦး)
သြဂုတ် ၁၁၊ ၂၀၁၃


The Voice , PERSPECTIVE  Aug 5-11, 2013 မှာ ဧရာဝတီကျော်မြင့်ရဲ့ လီကွမ်းယူ၊ စင်ကာပူရဲ့ဖခင်ကြီးအကြောင်း ကို မြန်မာနိုင်ငံ လပ်စားမှုများနဲ့ယှဉ်ပြီး ရေးထားပါတယ်။ လပ်မစားဆုံးနိုင်ငံနဲ့၊ လပ်အစားဆုံးနိုင်ငံ၂ခုကို နှိုင်းယှဉ်တာတော့ လွန်လွန်းတာပေါ့..ဟုသာ ပြောချင်ပါတယ်။ တဆင့်ပြီးတဆင့် တက်ရသည့် လောကနိယာမတွင် ခုန်ပျံကျော်လွှားတက်ဖို့ ကြိုးစားနေသော မြန်မာ့ခေါင်းဆောင်များ၊ ဒုတိယမျိးဆက်သစ်ကို လေ့ကျင့်ပေးနေချိန်တွင် ခြစားမှုသည် နံပါတ်(၁)ဖြစ်ကြောင်း၊ လူများအကျင့်ပြောင်းလဲရေးဆိုသည်မှာ အခက်ခဲ ဆုံးဖြစ်ကြောင်း၊ ခုန်ပျံကျော်လွှားလုပ်ရခြင်းသည် မကောင်းပါ။ ငွေကုန်၊ခြစား၊ နောက်၎နှစ်ကြာမှ ဟာ..သွားပြီဟု သိလိုက်ရသော်လည်း နောက်ကြောင်းပြန်မလှည့်လိုသဖြင့် မျက်စိမှိတ်ထားလိုက်ရပေမည်။ တောင်ကိုးရီးယားတွင် နောက်ဆုံးသမ္မတ ဟောင်း ဇနီးသည်ခြစားမှုများ နောက်ကြောင်းတရားစွဲမှုများဖြင့် ဆူညံမှုများ၊ သမ္မတ ကိုယ့်ကိုယ်ကိုသတ်သေလိုက်မှ တိုင်းပြည်ငြိမ်ကျသွားလေသည်။ 2003 – 2008  Kim Young-sam.သမ္မတ၅နှစ်သက်တမ်းအပြီး၊ အနားယူချိန်တွင် လပ်စားမှုဖြင့်အရေးယူခံရကာ မိမိကိုယ်ကိုသတ်သေသွားသည်။ ရိုမင် ကက်သလစ် ခရစ်ယာန်ဘာသာဝင်ဖြစ်သည်။ 
လက်တွေ့အရ
– အထပ်၅၀ တိုက်၊ ကွန်ဒိုကြီးတစ်ခုကို တစ်နှစ်အတွင်း ဆောက်နိုင်သည်။ 
– လေယဉ်ကွင်း၊ ရထားလမ်း၊ ဟိုက်ဝေးလမ်းကိုမူ ၅နှစ်၊၁၀နှစ် အချိန်ယူရမည်။
– စိတ်နေစိတ်ထားရန် (စစ်အာဏာရှင်မှဒီမိုကရေစီ) စိတ်ဓါတ်ပြောင်းရန် အနှစ်၂၀ အနည်းဆုံးအချိန်ယူရပေမည်။
ထိုဆောင်းပါးတွင် လီကွမ်းယူ ၀န်ကြီးချုပ်စတင်တာဝန်ယူရန်အတွက် ၁၉၆၅ခုနှစ်က တောင်းဆိုချက်၃ခုကို ပါလီမန်တွင်တင်ပြကြောင်း
၁။ လေအေးစက်အပြည့်တပ်ဆင်ထားသော နေအိမ်သစ်တစ်လုံး အသစ်ဆောက်ပေးရန်
၂။ ကားအသစ်ကောင်းကောင်း နှစ်စီးပေးရန်။ တစ်စီးကို သူစီးမည်၊ နောက်တစ်စီးကို သူ့မိသားစုစီးမည်။
၃။ လစာငွေ ၂၀၀၀၀ (စင်ကာပူဒေါ်လာ ၂သောင်း) ပေးရန်တို့ဖြစ်သည်။ 
ပါလီမန်မှာ အချက်၁၊ ၂ တို့ကို ပေးရန်သဘောတူသော်လည်း လစာ ဒေါ်လာ၂သောင်းကို လျှော့ယူရန် ညှိနှိုင်းလာပါသည်။ ထိုအခါ ၀န်ကြီးချုပ်လောင်းက “ကောင်းပြီ၊ ကောင်းပြီ၊ ဒီလိုဆိုရင်တော့ ဖိလစ်ပိုင်သမ္မတမားကို့စ်လို ဒေါ်လာနှစ်ထောင် ၂၀၀၀ ပဲပေးကွာ၊ ငါ လာဘ်စားမယ်” ဟု ပြောလာပြီး၊ နောက်ဆုံးလစာကို သူတောင်းသမျှပေးလိုက်ရသည်။ လာဘ်မစားဖူး ဟု ကြေညာပြီး ပြောချရဲသော သတ္တိသည် နည်းနည်းနှောနှောမဟုတ်ပါ။ ရှာမှရှားတဲ့သတ္တိဖြစ်သည်ဟု.. ဆောင်းပါးရှင်က ရေးထားပါသည်။ 
http://mingalaronline.biz/corrupt/corruption.singapore.vs.myanmar.pdf
ဆောင်းပါးရှင်ဧရာဝတီကျော်မြင့် လွန်ခဲ့သော နှစ်ပေါင်း၅၀ခန့် စင်ကာပူသို့ရောက်ဖူးစဉ် လာဘ်စားမှုနည်းခြင်း၊ ပို့ဆောင်ဆက်သွယ် ရေးလွယ်ကူခြင်း၊ လီကွမ်းယူ ဝန်ကြီးချုပ်သည် ပြည်သူကြားတွင် သာမန်လူကဲ့သို့ လျှောက်သွားနိုင်ခြင်းများအား အမွှမ်းတင်ရေးထားပါသည်။ ယခုအခါ လာဘ်မစားဆုံး ထိပ်ဆုံးအဆင့်တွင် ရှိနေသော စင်ကာပူမှာ များစွာတိုးတက်လိမ့်မည်ဟု ရေးထားပါတယ်။ ဟုတ်ပါသည်။ လွန်ခဲ့သော နှစ်၅၀က စင်ကာပူသည် မြန်မာနှင့်တန်းတူနီးပါး၊ လူတစ်ဦးချင်းဝင်ငွေသည် အလယ်အလတ်အဆင့်ရှိသော်လည်း ယခုအခါ ထပ်ဆုံး၁၀နိုင်ငံစာရင်းဝင်နေပြီ၊ မြန်မာနိုင်ငံသည် ဘိတ်ဆုံးအဆင့်ဖြစ်ကြောင်း၊ ကံအားလျှော်စွာ လူဦးရေပြည့်ကျပ်နေသော ဘင်္ဂလားဒေ့ခ်ျနှင့်သာ ယှဉ်နေရသည့်အဆင့်ရောက်နေပါသည်။ 
မြန်မာနိုင်ငံတိုးတက်ရန် စင်ကာပူကို နှိုင်းယှဉ်လို့မဖြစ်ပါ။ လာအို၊ ကမ္ဘောဒီယားများကို ယှဉ်ရပါမည်။ ပြီးမှ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း စသဖြင့် နှစ်၂၀ စီမံကိန်းဖြင့် လူသားအရင်းအမြစ် (မူလတန်းကျောင်းများကို ပညာရေးဘတ်ဂျတ်မြှင့်တင်ကာ ပျိုးထောင်နေပြီဖြစ်သည်။ လူများကို စတင်ပြောင်းရမည်ဖြစ်သောကြောင့် တိုင်းပြည်ခေါင်းဆောင်များ မျိုးဆက်သစ်သို့ ပြောင်းနေသလို၊ ပညာရေးခေါင်းဆောင်ပိုင်းလည်း မျိုးဆက်သစ်သို့ ပြောင်းနေလေပြီ၊ တစ်ပြည်လုံးရှိ လူဦးရေ၂သိန်းရှိသော မူလတန်းမှတက္ကသိုလ်ဆရာများ အားလုံးကို စားဝတ်နေရေး အဆင့်မှီအောင် ပံ့ပိုးပေးရန် စီစဉ်နေပြီဖြစ်သည်။ သို့မှသာ မျိုးဆက်သစ် ကျောင်းသားငယ်လေးများကို ပြုပြင်ပြောင်းလဲ၊ စရိတ္တကောင်းရန် (အကျင့်မပျက်ရန်) သင်ပေးသော ကျောင်းဆရာ၊ဆရာမများလည်း သင်ကြားမှုကို ကောင်းကောင်းလုပ်နိုင်မည်ဖြစ်သည်။ 
စင်ကာပူတွင် ကျောင်းသားလေးများက မိဘကို ပြန်သင်ပေးနေသည်။ မိဘအကျင့်ပျက်မှုများကို ကျောင်းဆရာမများမှတဆင့်၊ ကျောင်းသားလေးများကို သင်ပေးသည်။ လွန်ခဲ့သော နှစ်၅၀က စင်ကာပူကျောင်းဆရာမများသည် မြန်မာကျောင်းဆရာမ များကဲ့သို့ လစာဖြင့် လောက်ငှပါသည်။ ကျွန်တော့ ဦးလေး၊ အဒေါ် ကျောင်းဆရာ၊ ဆရာမ ၂ဦးသည် သားသမီး ၆ဦးကို ကျောင်းဆရာလစာဖြင့် တက္ကသိုလ်အထိ ထားနိုင်ခဲ့သည်။ ယခုခေတ်တွင် ကျောင်းဆရာ၊ဆရာမများ မည်သို့ဝင်ငွေရှာဖွေနေရသည်ကို မြန်မာမိဘများ အသိဆုံးဖြစ်ပါသည်။ ကျောင်းသာမိဘများထံမှ ကျူရှင်၊ ကျောင်းဝင်ကြေး၊ ဘာကြေးညာကြေးဖြင့် သူတို့မိသားစု စားဝတ်နေရေးအတွက် ရုန်ကန်နေရရှာသည်။ ကျောင်းဆရာ၊ဆရာမများသည် အနှစ်၂၀ ခြစားမှုပပျောက်ရေး၊ နိုင်ငံတိုးတက်ရေးအတွက် အလွန်အရေးကြီးလှပါသည်။
ယခင်လက စင်ကာပူ CIB ဟုခေါ်သော အကျင့်ပျက်မှုအရေးယူသည့်ဌာနမှ အလယ်တန်းအရာရှိတစ်ယောက်က လောင်းကစားရှုံးပြီး၊ အစိုးရငွေများကို စာရင်းလိမ်နည်းဖြင့်၊ တဖြေးဖြေး၊ ကဲ့ပြီးခိုးထုတ်နေရာ၊ ဒေါ်လာ တစ်သန်းခုနှစ်သိန်း ရောက်သောအခါမှ ဘွားကနဲမိသွားပါသည်။ အစိုးရအဖို့တော်တော်မျက်နှာပျက်ပါသည်။ သတင်းမီဒီယာများ မဖွမှီ အရေးယူခြင်း၊ CIB အကြီးအကဲ ၅၂နှစ်အရွယ်ကို အနားယူခိုင်းလိုက်ပြီ၊ လူဝင်ကြီးကြပ်အရာရှိတစ်ဦး ၄၂နှစ်အရွယ်ကို အစားထိုးခန့်ထားလိုက်ပါသည်။ စင်ကာပူတွင် အစိုးရဝန်ထမ်းများသာမက ပုဂ္ဂလိက ဝန်ထမ်းများပါ ခြစား၊ လပ်ဘ်စားမှုလုပ်လျှင် ထောင်ကျပါသည်။ ကျနော်အလုပ်လုပ်သော လူ၅၀၀၀ကျော်ရှိသော ဆီမီးကွန်ဒက်တာ ကုမ္ပဏီတွင် ၁၂နှစ်အတွင်း အလတ်တန်းအရာရှိ၊ အကြီးတန်းအရာရှိ ၃ယောက်ခန့်၊ နေ့မြင်၊ ညပျောက် လပ်ဘ်စားမှုဖြင့် အရေးယူခံရသည်ကို တွေ့ရသည်။ ပထမ အလုပ်ချက်ချင်းထုတ်ပစ်သည်။ နောက်မှ တရားရုံးက အရေးယူသည်။ စင်ကာပူ အကျင့်ပျက်အရေးယူသည့် CIB ဌာနကြီးသည်၊ အထူးအကျင့်ကောင်းသူ ရဲအရာရှိများဖြင့် ဖွဲ့စည်းထားသည်။ 
သယံဇာတ မြန်မာပြည်က အများကြီးထွက်သည် ဟုပြောနေခြင်းမှာလည်း မမှန်ပါ။ ထိုင်း၊ ဗိယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား သယံဇာတများက မြန်မာထက် များစွာပိုများသည်။ ဖိလစ်ပိုင်တစ်ခုသာ သံယဇာမရှိ၊ လူများသာ ပြည်ပသို့ အိမ်စေ၊ သင်္ဘောသား၊ အလုပ်သများ လုပ်ကိုင်နေရသော Labor Supply နိုင်ငံဖြစ်သည်။ 
ထို့ကြောင့် စင်ကာပူက ဝမရှိပဲ ဝိလုပ်သော လူကြီး လီကွမ်းယူကို နှိုင်းယှဉ်လျှင် အလွန်မှန်ကန်သော နှိုင်းယှဉ်မှုဖြစ်သည်။ စင်ကာပူ လက်ရှိရုပ်ဝတ္တုပစ္စည်းများမှာ မြန်မာပြည် အထက်တန်း တစ်ရာနှုန်းလူတန်းစားကသာ တတ်နိုင်ပါသည်။ သို့သော် စိတ်နေစိတ်ထားခြင်း ယှဉ်ကြည့်ပါက မြန်မာခေါင်းဆောင် ဦးသိန်းစိန်နှင့် လီကွမ်းယူတို့ လပ်မစားမှုတွင် နှိုင်းယှဉ်နိုင်ပါသည်။ ထိပ်ဆုံးလူ၂ယောက် နှိုင်းယှဉ်နိုင်ပါက အောက်မှလူများလည်း စားဝတ်နေရေး၊ ရှေ့ရေး မပူပင်ရအောင် စီမံပေးမည်ဖြစ်သည်။ 
စာရေးသူ ဧရာဝတီကျော်မြင့် က လပ်ဘ်စားမှုသည် နိုင်ငံ၊ တာဝန်ရှိသူတိုင်း လပ်ထိုးခံရသည်ဟု ဆိုသည်။ ယခု မြန်မာပြည်လာသော ကုမ္ပဏီများမှာ ကမ္ဘာ့လူလည် ကုမ္ပဏီကြီးများဖြစ်သည်။ ပိုင်အောင် ဗဟိုအစိုးရနှင့်အပိုင်လုပ်ပြီးမှလာသည်။ ဒေသအစိုးရနှင့်လုံးဝမလုပ်ချင်၊ မလုပ်ရဲပါ။ စင်ကာပူမှ ကုမ္ပဏီများစွာကို မေးမြန်ကြည့်သောအခါ အားလုံးက စိတ်ဝင်စားသည်။ သွားကြည့်ပြီး 
Survey လုပ်ထားကြသည်။ ရင်းနှီးရန် ဘယ်ကုမ္ပဏီမှ ငွေမထုတ်ပါ။ မြန်မာအစိုးရက သူတို့ကို ခေါ်ခိုင်းလျှင် (ပိုက်ဆံပေးမှလုပ်မည်၊ ပိုက်ဆံမပေးလျှင်လုံးဝမလုပ်) မူဝါဒများရှိသည်။ မြန်မာနိုင်ငံကတော့ ပိုက်ဆံမပေးနိုင်၊ ဂျပန်အစိုးရပေးသော အကူညီပိုက်ဆံများဖြင့် ဂျပန်ကုမ္ပဏီက ပိုက်ဆံရသောကြောင့် လာလုပ်သည်။ အလားတူ နော်ဝေး၊ အမေရိကန်၊ အင်္ဂလန်၊ပြင်သစ်၊ ဂျာမဏီ၊ နောက်ဆုံး ဂျော့ခ်ျဆိုးရိုးစ် စသည့် ကူညီမှု Grant (or) ချေးငွေ loan ရပါက ထိုနိုင်ငံများမှ ကုမ္ပဏီများပဲ ပိုက်ဆံရသွားပြီး မြန်မာနိုင်ငံလာလုပ်ကြမည်။ အလကား လာလုပ်သောသူမှာ ကြက်ခြေနီ၊ လူ့အခွင့်ရေး၊ ကမ္ဘာ့ဘဏ် စသည်တို့ဖြစ်သည်။ ကမ္ဘာ့ဘဏ် အကူအညီပေးငွေရလျှပ် အမေရိကန်ကုမဏီကြီးများကို ငှားရမ်းပါမည်ဟု စာချုပ်တွင်ပါသည်။ နှောင်ကြိုးဖြင့်ပေးသော အကူညီများ၊ ချေးငွေများဖြစ်သည်။ ခရစ်ယာန်တို့အား ယေရှုဘုရားကပေးသော ကျေးဇူးတော် Gift မှလွဲပြီး လောကတွင် အလကားပေးသော အကူညီကား ရှားပါးလှပေသည်။ ကုလသမဂ္ဂ UNIDO , World Bank စသည်အဖွဲ့များသာ ဒေါ်လာသန်းနှင့်ချီပြီးအကူညီပေးသည်။ မြန်မာစက်မှုလယ်ယာအတွက် အလွန်လိုအပ်သော စပါးခွံ ဘိုင်အိုဒီဇယ် စက်များအတွက် ဂျပန်နိုင်ငံကြီးက အကူညီပေးသည့်ပမာဏမှာ ဒေါ်လာသိန်းဂဏန်းသာရှိသည်ကို တွေ့ရသည်။ ထို့ကြောင့်လဲ သမ္မတဦးသိန်းစိန်က ဘယ်နိုင်ငံမှ သူတို့အကျိုးမရှိပဲ မကူဘူး၊ အကျိုးရှိမှ လုပ်မည့်သူချည်းဖြစ်ကြောင်း၊ ပြောသည်ကို ကြားရသည်။  မတရားစာချုပ်များကို ခွဲခြားသိမြင်ရန် မြန်မာအစိုးရခေါင်းဆောင်များ၊ မနိုင်မနင်း လုပ်နေရသည်ကို တွေ့ရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လပ်စားနေခြင်းများမှာ ပွင့်လင်းမြင်သာသော မီဒီယာ၊ သတင်း၊ဂျာနယ်များက ဖေါ်ပြခြင်းအားဖြင့် အလွန်နံစော်စွာ ကျော်ဇောနေသည်။ အစိုးရမီဒီယာများက မိမိအရှုပ်ထုပ်ကို ဖြည်မပြခြင်းမှာ သဘာဝကျပေသည်။ ပုဂ္ဂလိက မီဒီယာများအားဖြင့် အကျင့်ပျက်မှုများကို ထိန်းချုပ်ရန် ကြိုးစားခြင်းဖြစ်သည်။ အောင်မြင်ပါစေ မျှော်လင့်ပါသည်။ 

၁၉၄ဂခုနှစ် လွတ်လပ်ရေးရပြီးပြီးချင်း ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေ ရှိနေသော်လည်း အသက်မဝင်ခဲ့ သည့်အပြင် အာဏာရှင် စနစ်အောက်တွင် အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှု များဖြင့် ဗျူရိုကရေစီ ယန္တရားတစ်ခုလုံး နီးပါး ပျက်စီးလာခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြဌာန်းပြီးဖြစ်သဖြင့် (သြဂုတ်လ ၁၀ရက်၊  ဖြန့်ချိမည့် The Voice Weekly မျက်နှာဖုံးနှင့် Editorial) တွင် ကြိုဆိုသည့် ခေါင်းကြီးစာကို တွေ့ရမည်ဖြစ်သည်။  ကျွန်ုပ်တို့ မိုးမခ အဖွဲ့သားများလည်း မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အမည်ဖြင့် ပြဋ္ဌာန်းနိုင်ခြင်းကို အထူးကြိုဆိုရမည် ဖြစ်သည်။  ဥပဒေနှင့်အညီ လက်တွေ့လုပ်နိုင်ရန် မြင့်မြတ်သောစိတ်ရှိသူ ခေါင်းဆောင်သစ်၊ မျိုးဆက်သစ်များ ပေါ်လာမည်ဟု မျှော်လင့်ပါကြောင်း။  

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts