မောင်လူရေး

Maung Luu Ye – Essay

ပစ်စာ ဥပဒေမူကြမ်းများ
မောင်လူရေး
သြဂုတ် ၁၃၊ ၂၀၁၃


အသင်းအဖွဲ့များဆိုင်ရာဥပဒေမူကြမ်းထွက်လာတော့ ကြီးစွာသောလှုပ်ရွမှုကြီးဖြစ်သွားသည်။ အသင်းအဖွဲ့တွေ အတင်း တဟဲ့ဟဲ့ပေါ့။
ဥပဒေကြမ်းဆိုသဟာကို သတင်းစာမှာကြည့်လိုက်တော့ အော် အတင်းသာသာပါလားလို့အံ့တသြကြီးဖြစ်ရ။
နာရေးကြော်ငြာကမှ ကျန်ရစ်သူမိသားစုဆိုပြီး တာဝန်ယူမဲ့သူပါသေးရဲ့။
ဝမ်းနည်းကြေကွဲခြင်းဆိုလဲ ဘယ်သူ၊ ဘယ်အဖွဲ့၊ ဘယ်ကုမ္ပဏီကဝမ်းနည်းပါတယ်ပေါ့။ လင်မယားကွဲရှင်းပြတ်စဲခြင်း၊ သားသမီးအဖြစ်မှ
အမွေပြတ်စွန့်လွတ်ခြင်းတွေထဲမှာလဲ ဘယ်သူဘယ်ဝါကို ဘယ်သူဘယ်ဝါကတိတိကျကျပါလေရဲ့။
ကဲ ကြည့်စမ်ား ဥပဒေကြမ်းတဲ့။ အများပြည်သူသိရှိ အကြံပြုနိုင်ရန်တဲ့။ 
ဆိုတော့ ကြော်ငြာလိုက်တာ၊ ကြော်ငြာချက်ဆုံးသွားတော့ ဘယ်သူရေးတယ်၊ ဘယ်ကော်မတီကရေးတယ်၊ ဘယ်ဌာနကရေးတယ်၊ လိပ်စာရော၊ ငါးစာရော ဘာဆိုဘာမှမပါဘူး။
ပစ်စာအဆင့်။ နိုင်ငံတော်ပစ်စာပြောရရင်လဲ မကောင်းရှိအုံးမယ်။ ဘာအကြံကိုဘယ်ကို ဘယ်သူ့ကို ဘယ်လို ပြန်ပြောရမှာလဲ။ 
၁။ ဥပဒေမူကြမ်းဟာ ပစ်စာဖြစ်နေတယ်။
၂။ နောက် ဒီဥပဒေမူကြမ်းကို ဘယ်သူက ရေးခွင့်ရှိတာလဲ။ဘယ်အဖွဲ့ကရေးခွင့်ရှိတာလဲ။ အဲဒီလူမှာရော၊ အဲဒီအဖွဲ့မှာရောတကယ်ရေးခွင့်ရှိတာလား။
၃။ ၆ / ၈၈ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုတဲ့နေ့ကတည်းက ပျက်ပြယ်ပြီးဖြစ်နေတယ်။(ဟုတ်/မဟုတ် အခြေခံဥပဒေဆိုင်ရာခုံရုံးကိုဆုံးဖြတ်ခိုင်းကြည့်)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)၊နိုင်ငံသားများ၏မူလအခွင့်အရေးနှင့် တာဝန် များ ပုဒ်မ ၃၅၄(ဂ) တွင်ဖေါ်ပြပါရှိသည့်အတိုင်း “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာ ရေး သို့မဟုတ်ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးဌာ ပြဌာန်းထားသည့်ဥပဒေများနှင့်မဆန့်ကျင်လျှင် အသင်းအဖွဲ့ သို့မဟုတ် အစည်း အရုံးများဖွဲ့စည်း ဆောင်ရွက်ခွင့်ရှိသည်။” ဆိုတဲ့ အချက်အရ အသင်းအဖွဲ့များဟာလွတ်လွတ်လပ်လပ်ဖွဲ့စည်းခွင့်ရှိပါတယ်။

၎။ အသင်းအဖွဲ့ကိုယ့်သဘောနဲ့ကို ဖွဲ့စည်းခွင့်ရှိတဲ့အတွက် မှတ်ပုံတင်ဟာအစိုးရနဲ့တွဲလုပ်ဖို့လိုရင် တင်မယ်၊ မလိုရင် မတင်ဘူး။ အဖွဲ့အစည်း ကိုက အစိုးရမဟုတ်သောအဖွဲ့အစည်းလေ။အော် ပစ်စာကို ဆွေးနွေးရတာ မတန်လိုက်တာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts