ခိုင်အောင်ကျော် (နယူးယောက်)

ခိုင်အောင်ကျော် (နယူးယောက်) – ကျေးဇူးရှင်များမို့ ကျေးဇူးမစွပ်ရခြင်း

ကျေးဇူးရှင်များမို့  ကျေးဇူးမစွပ်ရခြင်း
ခိုင်အောင်ကျော် (နယူးယောက်)
ဒီဇင်ဘာ ၁၀၊ ၂၀၁၃


မနေ့ က မြေအောက်ရထားနဲ့  အိမ်ပြန်လာတယ် ။ နယူးယောက်မြို့ မှာ ကိုယ်ပိုင်ကားနဲ့  သွားရတာ အဆင်ပြေတာရယ်လို့  ခဏသွား -ခဏပြန်တာကောင်းတယ် ။ အလုပ်ကိစ္စရှိလို့  သွားလို့ ကတော့ ကားရပ်ရမဲ့ နေရာက မရှိ ။ ဒေါ်လာပေးပြီး ရပ်နားရာနေရာတွေမှာက ဈေးကြီးတယ် ။ ဒီတော့ကိုယ်ပိုင်ကားကို ထားခဲ့ ပြီး မြေအောက်ရထားကို အသုံးပြုရတယ် ။ မနေ့ က နေ့ လည်စာကို အိမ်ရောက်မှ စားမယ်ဆိုပြီး အိမ်ပြန်တာဖြစ်တယ် ။ ဗိုက်ကဆာစပြုနေပြီ ။
ခါတိုင်းတော့ နေ့လည်စာကို -၁၂-နာ၇ီဆိုရင် စားတတ်တာဖြစ်တယ် ။ ခုက-၁-နာရီကျော်နေပြီကိုး ။
မြေအောက်ရထားမှာ မက္ကစီကန်တွေက ဂီတာတီးပြီး သီချင်းဆိုတဲ့  လူတွေ မကြာခဏတွေ့ ရတယ် ။ သူတို့ က အနည်းဆုံး-၃-ဦးအဖွဲ့ တွေပေါ့ ။ ဒီနေ့ တော့ သူတို့ အဖွဲ့ တွေကို မတွေ့ မိဘူး ။ ခဏအကြာမှာ အမျိုးသမီးတစ်ဦးရဲ့  အသံကို ကြားလာရတယ် ။ လူအုပ်စုကို ဖြတ်ကျော်ပြီး ထွက်လာတဲ့  သူမရဲ့ အသံကို နားစိုက်ထောင်လိုက်တယ် ။ သူမက အမေရိကန်စကားကို သေသေချာချာ ပြောတယ် ။ သူမက အသက်ကြီးနေပြီ ။ သားသမီးတွေက သူတို့ ဟာ သူတို့  သီးခြားနေတယ် ။ သူ့ မှာ ယောက်ျား ဆုံးပါးခဲ့ ပြီ ။ ကူညီထောက်ပံ့မဲ့  မရှိတော့တဲ့ အတွက် စားဖို့ သောက်ဖို့  အလှူခံပါတယ်တဲ့  ။
အမျိုးသမီးက အရပ်ရှည်ရှည်နဲ့  အသားဖြူဖြူ ။ ဗိုလ်ကတော်ရုပ်မျိုး ။ လှတယ် ။ အသက်-၆၀-နီးကပါး ။ သူမလို ရုပ်ရည်မျိုးနဲ့  မြေအောက်ရထားမှာ အလှူခံတာ ဒီတစ်ကြိမ်ဘဲ တွေ့ ဖူးတယ် ။ ကျွန်တော့်ရှေ့နားရောက်လာတော့ တစ်ဒေါ်လာကို အိပ်ကတ်ထဲက ထုတ်ပေးလိုက်တယ် ။ အမျိုးသမီးဟာ ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ်ပြောရှာတယ် ။ ကျွန်တော်တောင် အားနာသွားရတယ် ။ နယူးယောက်မြေအောက်ရထားမှာ အိမ်မဲ့ ယာမဲ့  အလှူတောင်းနေကြတဲ့  သူတောင်းစားတွေဟာ တစ်နေ့ ကို ဒေါ်လာ–၁၀၀- ၀န်းကျင်ရရှိကြတယ်လို့  စစ်တမ်းတွေမှာ ဖေါ်ပြကြတယ် ။ 
ခုလဲဘဲ အမျိုးသမီးဟာ သူ့ အတွက် နေ့ လည်စာဖြစ်ဖြစ် ညနေစာဖြစ်ဖြစ် တစ်ခုခုဝယ်ယူစားသောက်ဖို့  ကျွန်တော့်ဆီက တစ်ဒေါ်လာကို လက်ခံရရှိသွားပြီ ။ နောက်ထပ် လူတစ်ယောက်ဆီက တစ်ဒေါ်လာရခဲ့ ရင် သူ့ အတွက် ညနေစာ ဖူလုံသွားပြီပေါ့ ။ အမျိုးသမီးဟာ သူမအသက်ရှည်ဖို့ အတွက် အစာတစ်လုပ်ကို ပေးကမ်းခဲ့ တဲ့  ဘာမဟုတ်တဲ့  ကျွန်တော့်ကို အထပ်ထပ်အခါခါ ကျေးဇူးတင်ကြောင်း ပြောနေတယ် ။ မိမိကိုယ်တောင် မိမိရှက်မိလာတဲ့ အထိ ခံစားရတယ် ။
မြန်မာနိုင်ငံက အနုပညာသမားတွေကို မူးယစ်ဆေးဝါး သုံးစွဲတယ် ဆိုပြီး အင်တာနတ်ကွန်ယက်တွေမှာ တင်လာတယ် ။ ဒီအင်တာနတ်ကွန်ယက်က အရမ်းကျယ်ပြန့် တယ် ။ အစိုးရကိုတောင် ဖြုတ်ချနိုင်လောက်ထိ ပြင်းထန်တဲ့  မီဒီယာကွန်ယက်ဖြစ်တယ် ။ မြန်မာနိုင်ငံက အာဏာရှင် စစ်ဗိုလ်ချုပ်တွေကို ဘာမှ မထိရဲဘဲ သားသမီးတွေကို အပုပ်ချ တိုက်ခိုက်လာတာတွေဟာ သိပ်စိတ်ပျက်ဖို့ ကောင်းလောက်အောင် လူမှုကွန်ယက်တွေမှာ ဖတ်ရတယ် ။ ဒီ့ နောက်မှာ အနုပညာရှင်တွေကို ထိခိုက်နစ်နာအောင် ရေးသားဖေါ်ပြလာကြတယ် ။ ဒါပေမဲ့  အနုပညာရှင်တွေကို ပြည်သူတွေက မုန်းတီးနာကျင်တာ မတွေ့ ရဘဲနဲ့  ရေးသားဖေါ်ထုတ်သူကိုသာ အပြစ်မြင်လာကြတယ် ။ ဘာကြောင့်ဆိုရင် သူတို့ ဟာ ပြည်သူချစ်သော အနုပညာသည်တွေဖြစ်နေကြလို့ ။
ဒီနေ့ မနက်မှာ မင်းမော်ကွန်းက အဲဒီပြသနာနဲ့  ဖြေရှင်းတဲ့  ဟာကို ဖတ်ရတယ် ။ ဒါ့ကြောင့် ကျေးဇူးရှင် မိဘပြည်သူများကို ဖြေကြားတင်ပြတာလို့  သဘောပေါက်နားလည်တယ် ။ သူတို့ ရဲ့  အနုပညာလုပ်ငန်းအတွက် ပြည်သူတွေက ထောက်ခံ လက်ခံပေးမှ-ကျေးဇူးရှင် မိဘပြည်သူများက ထမင်းတစ်လုပ် စားရအောင် ချစ်ကြ ခင်ကြ အားပေးကြမှ သူတို့ ရဲ့  အနုပညာ သက်မွေးဝမ်းကျောင်း ဘ၀နဲ့  ဆက်လက်ရပ်တည်နေကြရမှာဖြစ်တယ် ။ 
ဒီကနေ့  မြန်မာနိုင်ငံအစိုးရဟာ ပြည်သူတွေသာ အဖ -ပြည်သူတွေသာ အမိ-တပ်မတော်သည် ပြည်သူက ပေါက်ဖွားသည် -ပြည်သူသည် ကျေးဇူးရှင်လို့  ကြွေးကြော်ထားတဲ့  အစိုးရဖြစ်မယ်လို့  ယုံကြည်တယ် ။ ကျေးဇူးရှင်များဖြစ်တဲ့  မိဖပြည်သူတွေဟာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့  ခုအချိန်မှာ ခံစားနေကြရတယ် ။ အဲဒါကတော့ ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ဆိုသူက အဖြူရောင်ကဒ် ကိုင်ဆောင်ထားသူများကို နိုင်ငံသား ကဒ်ထုတ်ပေးရတော့မယ်လို့  အစိုးရကို စိန်ခေါ်တာဖြစ်တယ် ။
ဦးရွှေမောင်ဟာ လွှတ်တော်မှာ ရိုဟင်ဂျာ လူမျိုးကို အဓိကတောင်းဆိုသူဖြစ်တယ် ။ ဒါ့ကြောင့် ခုလို သတင်းထောက်နဲ့  အင်တာဗျူး လုပ်တဲ့ အတွက် လွှတ်တော်ဥက္ကဋ္ဌက ဘာလူမျိုးအနေနဲ့  နိုင်ငံသားအဖြစ် ကဒ်ပေးရမယ် ဆိုတာ ဦးရွှေမောင်ကို မေးမြန်းစစ်ဆေးရမှာဖြစ်တယ် ။ ဦးရွှေမောင်ဟာ ဘာလူမျိုးလဲ ဆိုတာရယ်- သူဟာ တကယ်စစ်မှန်တဲ့  မြန်မာနိုင်ငံသား ဟုတ်မဟုတ် ၊ တိုင်းရင်းသားဟုတ်မဟုတ် -တိတိကျကျ စစ်ဆေးပေးရမှာဖြစ်တယ် ။ ဦးရွှေမောင်နဲ့ အတူ ဘင်္ဂလီလွှတ်တော်ကိုယ်စားလှယ် သုံးဦးဟာ မြန်မာနိုင်ငံသားလဲ မဟုတ်သလို နိုင်ငံသားစီစစ်ရေးကဒ်ကိုလဲ အတုလုပ်ယူထားပြီး အဖြူရောင် အဆင့်နဲ့ သာ နေထိုင်သူဖြစ်ကြောင်း တင်ပြထားတာရှိတယ် ။ 
သူတို့  လွှတ်တော်ကိုယ်စားလှယ်သုံးဦးကိစ္စကို နယူးယောက်ကို ရောက်လာတဲ့  လ၀က-၀န်ကြီး ဦးခင်ရီနဲ့  ကျွန်တော်တွေ့ တော့ လူမြင်ကွင်းရှေ့မှာ မေးမြန်းတင်ပြဖူးတယ် ။ ၀န်ကြီးဦးခင်ရီက ဒါကို လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်နေတာမို့  တိတိကျကျ စစ်ဆေးနေပါတယ်လို့  ဖြေကြားခဲ့ တယ် ။ သူပြောသလို တိတိကျကျ စစ်ဆေးတာကိုလဲ သိပါတယ် ။ လ၀က-၀န်ကြီးဋ္ဌါနက အဖြူရောင်ကဒ် ကိုင်ဆောင်သူများဟာ နိုင်ငံသားမဟုတ်သူ-တိုင်းရင်းသားမဟုတ်သူများကို ထုတ်ပေးတဲ့  သီးချားစာရွက်ကလေးသာဖြစ်ကြောင်း ကြေညာထားတာဖြစ်တယ် ။ 
မြန်မာနိုင်ငံမှာ ဘာမှ လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့  အဖြူရောင် ကဒ်ဆောင်သူများကို -၂၀၁၀-ရွေးကောက်ပွဲပြုလုပ်တော့ ဗဟိုရွေး ကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဦးရွှေမောင် အပါအ၀င် သူတို့ တွေကို ရွေးကောက်ပွဲ ၀င်ပြိုင်ခွင့်ပေးခဲ့ တာဖြစ်တယ် ။ ၀င်ပြိုင်တဲ့ ပါတီက ကြံ့ခိုင်ရေးနဲ့  ဖွံ့ ဖြိုးရေးပါတီ ။ သူတို့ နိုင်တော့ အစိုးရဖြစ်သွားတယ် ။ အစိုးရဖြစ်ဖို့ အတွက် -အဖြူရောင် ကဒ်ကိုင်ဆောင်ထားသူ-၅-သိန်းကျော်ကို မဲပေးစေခဲ့ တယ် ။ -၂၀၀၈-ခုနှစ် မြန်မာနိုင်ငံ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာတော့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံမဲ့ သူရဲ့ အရည်အချင်းနဲ့  မဲပေးသူများရဲ့  အရည်အချင်းတွေဟာ နိုင်ငံသားဖြစ်မှ-တိုင်းရင်းသားဖြစ်မှ -အသက်-၁၈-နှစ်ပြည့်မှ-ဆိုပြီး ဥပဒေပြဒန်း ထားတယ် ။ ဒီနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဗဟိုရွေးကေက်ပွဲ ကော်မရှင်က ချိုးဖေါက်လိုက်တာ ပထမဖြစ်တယ် ။

ခုတော့ ကြံ့ ဖွံပါတီက ပြည်သူတွေကို ကျေးဇူးရှင်များအဖြစ် အသိအမှတ် ပြုထားသလား-ဒါမှ မဟုတ် အစိုးရကကော ကျေးဇူးရှင်လို့ များ အသိအမှတ် ပြုထားသလား မပြောတတ်တော့ဘူးဖြစ်နေကြပြီ ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျေးဇူးရှင်များကို ကျေးဇူးတင်ကြောင်း အထပ်ထပ်အခါခါ ပြောကြတဲ့ သူတောင်းစားတွေတောင် နိုင်ငံတကာမှာ ကျေးဇူးရှင်ကို လက်အုပ်ချီ ပြောဆိုတတ်ကြတယ် ။ မြန်မာနိုင်ငံအစိုးရကတော့ ကျေးဇူးရှင် များကို ကျေးဇူးစွပ်တာမျိုး မပြုလုပ်ဖို့  ခုအချိန်မှာ အရမ်းအရေးကြီးနေပြီ ဖြစ်ကြောင်းပါဗျာ ။။။။။။။။။။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts